လေယာဉ်ဆီနဲ့လက်နက်ခဲယမ်းတွေ တင်လာတဲ့စစ်သင်္ဘော ပစ်ခတ်တိုက်ခိုက်ခံရ
"ပထမအကကြိမ်က ကနီနဲ့ချိုင်အကြား ပွတ်လုံးဒေသမှာ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမှာ စောင့်ကြိုတိုက်ခိုက်တာ၊ ဒီနေ့ဒုတိယအကြိမ်က ကဲဒေါင့်ရွာရဲ့အထက် မြွေပိုင်းတောင်နား ၇ နာရီ ၉ မိနစ်မှ ကျနော်တို့စတင်တိုက်ပွဲဖြစ်တာ၊ စစ်သင်္ဘော ၁ စီးအပါအဝင် ၁၃ စီးကိုပစ်ခတ်ခဲ့တာ၊ ခဲယမ်းလက်နက်ပစ္စည်း ရိက္ခာနဲ့လေယာဉ်ဆီတွေတင်ဆောင်လာတာ၊ အင်အားကတော့ ၁ စီးကို ၃၀ လောက်ပါတယ်၊ ဒီနေ့ကျဆုံးတာကတော့စုံစမ်းနေဆဲပါ၊ ဒီနေ့ည အထိတော့အဲဒီစစ်သင်္ဘောတွေက မင်းကင်းနယ်ထဲမှာ ရှိနေတုန်းပါ"