ဆိပ်ဖြူ ပညာရေးမှူးရုံးနဲ့ EPC ရုံး မိုင်းခွဲခံရ
မကွေးတိုင်း၊ ဆိပ်ဖြူမြို့က မြို့နယ်ပညာရေးမှူးရုံး နဲ့ EPC ရုံးတို့ကို ဇန်နဝါရီလ ၂၆ ရက်ညပိုင်းမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ည ၆ နာရီ ၄၂ မိနစ်မှာ မြို့နယ်ပညာရေးမှူးရုံး၊ ည ၆ နာရီ ၅၇ မိနစ်မှာတော့ မြို့နယ် EPC ရုံးကို မိုင်း ၁ လုံးစီနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - B.H.S.R.F တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။ “ပညာရေးမှူးရုံးက ထိခိုက်မှုမရှိဘူး။ EPC ရုံးမှာက NonCDM ဝန်ထမ်း ၁ ယောက် မိုင်းစထိမှန်ပြီး ဆိပ်ဖြူမြို့နယ်ဆေးရုံ တင်ထားရတယ်” လို့ ပြောပါတယ်။