စဉ့်ကူးတိုက်ပွဲမှာ စစ်သားနဲ့ပျူစောထီး ၄ ဦးသေပြီး ၂ ဦးဒဏ်ရာရ
" ဝင်လို့ရမယ်ထင်ပြီးတော့ အထင်သေးလို့ ဝင်တာပေါ့။ ဒီဘက်က စက်လတ်နဲ့ကုတ်လိုက်တော့ သူတို့ဘက်က အထိနာတယ်။ နောက်ပြန်ဆုတ်သွားတယ်"
" ဝင်လို့ရမယ်ထင်ပြီးတော့ အထင်သေးလို့ ဝင်တာပေါ့။ ဒီဘက်က စက်လတ်နဲ့ကုတ်လိုက်တော့ သူတို့ဘက်က အထိနာတယ်။ နောက်ပြန်ဆုတ်သွားတယ်"
“စစ်ကောင်စီက ပြည်သူလူထုအပေါ်ကို အရှိန်မြှင့်ပြီး ဖိနှိပ်နေတဲ့ ကာလဖြစ်တယ်။ ဒီလိုအချိန်ကာလမှာ စစ်အာဏာရှင်တွေ ပြုသမျှ “ငုံ့မခံဘဲ” စုစုစည်းစည်းနဲ့ တုန့်ပြန်ကြရမယ့် အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်။ အဲ့ဒီအတွက် ပန်းသပိတ် လှုပ်ရှားမှုတွေကနေ စစ်အာဏာရှင်တွေ ပြုတ်ကျသွားအောင်အထိ ကျနော်တို့ ပြည်သူလူထုကိုယ်တိုင် နည်းလမ်းမျိုးစုံနဲ့ တုန့်ပြန်ကြဖို့ အရေးကြီးပြီလို့ တိုက်တွန်းချင်ပါတယ်။"
စစ်ကောင်စီဟာ လေကြောင်းအသုံးပြုတာ၊ စစ်ကြောင်းထိုးဝင်ရောက်တာ၊ လက်နက်ကြီးအသုံးပြုတာအပြင် အခြားပုံစံတွေနဲ့လည်း လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ၂၀၂၄ ဇန်နဝါရီမှ ဧပြီလ အတွင်း ဖြစ်စဥ်ပေါင်းအနည်းဆုံး ၄၆ ခု ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ၃၆၉ ဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျောင်းသားလေးတွေအတွက် ထမင်းချိုင်ပို့သွားတာ ဆိုင်ကယ်လိုင်စင်စစ်တဲ့ရဲတွေနဲ့ တိုးပြီး ဖုန်းကို ထပ် စစ်ရင်း VPN တွေ့လို့ စခန်းခေါ်သွားတာ။ အဲဒီ ၂ ဦးက လူလတ်ပိုင်း အရွယ်တွေပဲရှိသေးတယ်”
မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်-CNA ရဲ့စစ်ရေးအကူအညီတောင်းခံမှုအရ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနဲ့ တီးတိန်မြို့နယ်တွေအတွင်းမှာ ၂ လခန့်ကြာ စစ်ဆင်ရေးတာဝန်တွေ သွားရောက်ထမ်းဆောင်ရာကနေ အောင်မြင်ပြီးဆုံးခဲ့တဲ့အတွက် မိခင်တပ်ဖွဲ့ကို ဇွန် ၆ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိလာတာပါ။
"လက်နက်ကြီးထိသူတွေက အိမ်တွေထဲမှာရှိနေတာ။ လက်နက်ကြီးတွေက အိမ်တွေပေါ်ကျ၊ ထိတဲ့သူတွေက ခြေပြတ်လက်ပြတ်တွေ ဖြစ်ကုန်တာ။ နှစ်ယောက်လောက်ပဲ နည်းနည်းပါးပါး ထိတာ"
"သိရသလောက်က မိုင်းထိတော့ တော်တော်လေးကိုအခြေနေဆိုးဆိုးနဲ့ လင်မယားနှစ်ယောက်စလုံး နေရာမှာ။ မြို့ဆေးရုံတောင်မပို့ရဘဲ ရွာမှာပဲသင်္ဂြိုဟ်လိုက်ရတယ်။ မြို့နဲ့လည်း တော်တော်လှမ်းတယ် "
"အလှူရှင်အချို့ကတော့ လာလှူကြတာရှိတယ်။ ဒါပေမယ့် အလုံးစုံပြန်လည်ပြင်ဖို့ မလုံလောက်သေးတာပေါ့။ လေယာဥ်ရန်ကလည်း ကြောက်နေရသေးတော့ အခြေအနေကြည့်ပြီး ပြင်ဆင်နေရတယ်။ ရွာကလူတွေကလည်း အိမ်တွေမီးရှို့ခံထားရတာ။ စီးပွားရေးတွေ မလုပ်နိုင်တာကြောင့် ကျောင်းအတွက် အပြည့်အဝမကူနိုင်ကြဘူး။ လိုအပ်ချက်တွေ အများကြီးရှိနေသေးတာ"
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ အတွက် ဗိုလ်လောင်းခေါ်ယူမှုမှာ အသက် ၁၈ နှစ် ၆ လ ကနေ ၂၀၂၃ အတွက် ဗိုလ်လောင်းခေါ်ယူမှုမှာ အသက် ၁၉ နှစ် ၆ လ အထိ ဖြေလျှော့သတ်မှတ်ခဲ့တာဖြစ်ပြီး ယခုနှစ်အတွက်ခေါ်ယူမှုမှာ ၆ လ ထပ်မံဖြေလျှော့ကာ ၂၀ နှစ်အထိ ခေါ်ယူလာတာပါ။
"ရဲဘော်တွေပြန်လာရာမှာ ပြည်သူလူထုကို အသိပေးတာ၊ ကြိုဆိုခိုင်းတာမျိုး မရှိခဲ့ပါဘူး။ တဆင့်စကား တဆင့်ကြားပြီး ပြည်သူတွေက ကြိုဆိုကြတာပါ။ သပြေပန်း၊ စံပယ်ပန်းတွေ အချိုရည်နဲ့မုန့်မျိုးစုံရော ဖုန်းဘေလ်တွေပါ ပေးခဲ့ကြတယ်။ အဲ့ဒီအတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ် “
တလခွဲကြာမြင့်တဲ့ အထူးကွန်မန်ဒိုသင်တန်းမှာ စစ်ရေးပြ၊ သက်လုံလေ့ကျင့်မှုတွေ၊ ချေမှုန်းရေးတွေ၊ လက်နက်ကိုင်ရဲဘော်တွေရဲ့ စစ်စည်းကမ်းနဲ့ကျင့်ဝတ်တွေ၊ လက်နက်ကြီးလက်နက်ငယ်အသုံးပြုပုံတွေကို စာတွေ့နဲ့လက်တွေ့ နှစ်ခုလုံးသင်ကြားပေးခဲ့တာလို့ Shadow ထုတ်လုပ်ရေးနှင့်လက်နက်ကြီးတပ်ဖွဲ့ ရဲဘော်လှကြီးက ပြောပါတယ်။
စစ်ကြောင်းထိုးမီးရှို့ခံလိုက်ရတဲ့ ရွှေဘိုမြို့နယ်ထဲက ရွာတရွာကို ဇွန် ၁၁ ရက်မှာ အိမ်ထောင်စုတစုကို ၃ သိန်း ၈ သောင်းကျပ်နှုန်းနဲ့ လှူဒါန်းပေးခဲ့တာလို့ 96 DoNation-စစ်ရှောင်ပရဟိတ တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။
"နေ့လယ် ၁၂ နာရီလောက်က လမ်း ၈၀ နဲ့ ၃၈ လမ်းက Power Mobile ကို စစ်တပ်နဲ့ ရဲတွေရောက်လာပြီး တံခါးပိတ်ချလိုက်တယ်။ ၁ နာရီကျော်လောက်မှာ ဆိုင်ကို ချိပ်ပိတ်လိုက်တာတွေ့ရတယ်။ လစာတိုးတဲ့ ကိစ္စလို့တော့ကြားတယ်”
"ဖြစ်တာက ညကတည်းက အသတ်ခံထားရတာ ဖြစ်နိုင်တယ်။ ဒီမနက်ဆိုင်ဖွင့်ချိန် ဝန်ထမ်းတွေ ဆိုင်လာဖွင့်မှ အသတ်ခံထားရတာကို သိရတာ။ သူကဆိုင်ရှေ့မှာ ကြော်ငြာဗွီနိုင်းလေးတွေကာပြီး အိပ်တတ်တော့ လူတွေကသတိမထားမိကြတာ"
" သူတို့ဒီကာလမှာ ဒီလောက်များတဲ့ ငွေပမာဏကို မရဖူးသေးဘူးပေါ့နော်။ တခါရလည်း ဆန်တအိတ်၊ ငွေနှစ်သောင်း အဲ့လိုအခြေအနေလေးတွေပဲရှိတော့ ၃သိန်း၈သောင်းဆိုတာက သူတို့အတွက် ယာယီကောင်းကောင်းမွန်မွန်နေလို့ရမယ့် ယာယီအဆောက်အအုံတခုကို ဆောက်နိုင်တဲ့ အနေအထားရှိတယ်ဆိုပြီးတော့ ဝမ်းသာကြတယ်"