သတင်းတို

နွားထိုးကြီးမှာ ကားတစီး ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

"ကားက ကျောက်ဆည်ဘက်ကကားလို့ သိရတယ်။ ပခုက္ကူဘက်ကနေ နားရေးဆွမ်းစားဖိတ်လို့ သွားပြီးပြန်လာတဲ့ကားပါ။ ဘာကြောင့်ပစ်ခံရတယ်ဆိုတာတော့ မသိရဘူး။"

စစ်မှုထမ်းဖို့ငြင်းဆန်ပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ ရဲဘော်အသစ် ၅၀ ကျော် MBT အဖွဲ့ဆီရောက်လာ (ရုပ်/သံ)

စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကို ငြင်းဆန်ပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ MBT မြင်းခြံတပ်ဖွဲ့ဆီကို ရဲဘော်အသစ်တွေ ရောက်ရှိနေကြပါတယ်။ အများစုက မန္တလေးတိုင်းထဲက ဖြစ်ပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေထောက်ခံပွဲမှာ စစ်ဘေးရှောင်တွေကိုပါ စစ်ကောင်စီက ဖိအားပေးလိုက်ခိုင်းခဲ့

"အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးတွေ လိုက်ရတယ်။ မလိုက်ရင်မနေရဘူးဆိုတော့ ပြန်လို့လည်း မဖြစ်သေးတာရယ်ကြောင့် လိုက်သွားရတဲ့သူတွေရှိတယ်။ မြို့ကသူတွေက မလိုက်ကြတော့ စစ်ဘေးရှောင်တွေကို အသုံးချသွားတာ။ တပူပေါ်နှစ်ပူဆင့်ခဲ့ရတယ်"

အရာတော်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ရဲတပ်ကြပ်တဦးအပါ ၅ ဦးသေဟုဆို

“သေဆုံးတာတွေကတော့ ကျနော်တို့မျက်မြင်တွေ့တာလည်း ပါတယ်။ ဖရဲသီးသတင်း ပို့တာလည်း ပါ တယ်။ သူတို့(စစ်ကောင်စီ)ဘက်က ကျနော်တို့ကို ဂန်းငယ်တွေနဲ့ နည်းနည်းပဲပစ်တာ။ လက်နက်ကြီး တွေနဲ့ ပိုပစ်တယ်”

မင်းလှမှာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို စစ်ကောင်စီဘက်က လိုက်ဝေ

“အဖက်လုပ်မပြောချင်လို့ စစ်မှုထမ်းစာစောင်ယူလာရတာ သိပ်တော့မယူချင်ဘူး။ သူတို့ စစ်တပ် အတွက် အသေမခံနိုင်ဘူး။ မတတ်သာလို့ ဝင်ရရင်လည်း အသက်မသေအောင် ကြိုးစားရမှာပဲ”

ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

"သူတို့က ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေချိန် ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာ။ သူကိုဦးတည်ပြီး ပစ်တာမျိုးဆိုတော့ ကျန်သူတွေမထိဘူးလို့တော့ သိရတယ်"

တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို ဝင်တိုက်၊ စစ်တပ်ဘက်က အကျအဆုံးများပြီး စခန်းကို ဘူဒိုဇာနဲ့ ရှင်းလင်းခဲ့

“ဘန်ကာ နောက်ဆုံးတခု ကျန်တဲ့အနေအထားမှာ လေယာဉ်လာလိုက်တာ။ အပြီးသတ်တော့ ရှင်းလင်းရေး မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ စခန်းကိုတော့ မီးရှို့ပြီး အကုန်လုံးကို ထိုးချခဲ့တယ်။ ရဲစခန်းကြီးတခုလုံးလည်း မရှိတော့ဘူး။ မီးလည်းရှို့တယ်၊ ဘူဒိုဇာနဲ့လည်း ထိုးချခဲ့တယ်။”

ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းရော လက်နက်ကြီးပါပစ်ခတ်လို့ ဒေသခံ ၅ ဦးသေပြီး ထိခိုက်ပျက်စီးမှုတွေရှိ

"တိုက်ပွဲမရှိဘဲ ပစ်သွားတာဗျ။ နေအိမ်တွေလည်းပျက်စီးတယ်။ ပြည်သူ ၄ ယောက် သေသွားတယ်။ ဒဏ်ရာရတဲ့အထဲက အမျိုးသမီးတယောက် စိုးရိမ်ရတယ်”

တောင်တွင်းကြီးမှာ ပြည်သူ့စစ်ကိုထောက်ပံ့ဖို့ငွေ‌တောင်းတဲ့ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

”ဆိုင်ကယ်ကို ရှေ့က မောင်းလာတဲ့ လင်းလင်းစိန်ကို အရင်ပစ်ပြီးမှ အုပ်ချုပ်ရေးမှူးကို ဆက်ပစ်တာ။ အုပ်ကြီးက တခါတည်းသေတယ်။ လင်းလင်းစိန်ကတော့ မသေသေးဘူး“

ပဲခူးမြို့နယ်မှာ စစ်သင်တန်းတက်ရန် မဲပေါက်တဲ့ အုပ်ချုပ်ရေးမှူးတချို့ ငိုနေကြရ

"စစ်တပ်နဲ့ ဌာနဆိုင်ရာက လူတွေကြီးကြပ်ပြီး မဲနှိုက်ခိုင်းတယ်လို့ သိရတယ်။ အုပ်ကြီးကိုယ်တိုင်မဲပေါက်လို့ အိမ်ရောက်တော့ ငိုနေတယ်လို့ သိရတယ်။ သူတို့ကိုယ်တိုင်ကျတော့ ပြည်သူစစ်မလုပ်ချင်ကြဘူးလေ"

တပတ်အတွင်း MBT တပ်ဖွဲ့ဆီ ရဲဘော်သစ် ၅၀ ကျော်ဝင်ရောက်လာ ပြည်သူတွေထောက်ပို့ကြဖို့တိုက်တွန်း

" ရဲဘော်တွေက တအားများလာတယ်။ စားဖို့နဲ့နေဖို့ကို အဓိကထား ရုန်းကန်နေရတယ်။ နေစရာအတွက် အဆောင်သစ်တွေ ဆောက်နေရတယ်။ ပြည်သူတွေရဲ့အခက်အခဲကို သိပါတယ်။ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ ပြောချင်ပါတယ်"

ကလေးနယ်မှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတွေတိမ်းရှောင်နေရ

“ရွာထဲကိုပြန်နေတာ ၁ လလောက်ပဲ ရှိသေးတယ်။ အခုတခါ ထပ်ရှောင်ရပြန်ပြီ။ တိုက်ပွဲဖြစ်တဲ့ရွာနဲ့ ကျနော်တို့ရွာက ၂ မိုင်လောက်ပဲရှိတာဆိုတော့ မရှောင်လို့လည်းမရဘူးလေ။ ရွာထဲမှာ လူငယ်ပိုင်းတွေ လောက်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့သက်ကြီးပိုင်းတွေကတော့ အကုန်ရှောင်ကုန်ပြီ”

ရေစကြိုနယ် ဂွေးချိုပျူစောထီးစခန်းကို လက်နက်ကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ပျူစောထီးတွေအထိုင်ချ နေထိုင်နေတဲ့ ဂွေးချို ပျူစခန်းကို ဖေဖော်ဝါရီ ၁၉ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Southen YSO တပ်ဖွဲ့ဆီက သိရပါတယ်။

ဝေါမြို့နယ်ပကဖ က ရဲဘော်လူငယ် ၁ ဦး နာတာရှည်ရောဂါနဲ့ သေဆုံး

"တောထဲမှာနေရင်း သူ့ရောဂါက မသက်သာတော့ ဆရာဝန်က အဆုတ်ရော၊ ကျောက်ကပ်ပါ ဓာတ်မှန်ရိုက်ကြည့်ဖို့ အကြံပေးတယ်။ ဒါပေမယ့် မြို့ထဲထိ သွားလာပြသဖို့ကျတော့ အဆင်မပြေလို့ ဖြစ်ရတာ။ မနေ့က သူအမေဆီသွားချင်တယ်၊ အိမ်ပြန်ချင်တယ်လို့ ပြောတယ်။ ညပိုင်းမှာ ဆုံးသွားတယ်"

ကောလင်းက သက်တော်နဲ့ဝါတော်အကြီးဆုံး ကျောင်းထိုင်ဆရာတော်တပါး စစ်ရှောင်ရင်းပျံလွန်

ကောလင်းမြို့၊ လေသာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် သက်တော် ၉၈ နှစ် ဝါတော် ၇၈ ဝါရှိ ဦးစန္ဒိဝံသဟာ ဖေဖော်ဝါရီ ၁ ရက်က စတင် စစ်ရှောင်ခဲ့ရတာဖြစ်ပြီး စစ်ရှောင်နေစဉ် အတွင်းမှာပဲ ၉၆ ပါးရောဂါနဲ့ ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10