သေနတ်ဆောင်ထားတဲ့ ကျောက်တံခါးမြို့နယ် လဝကဒုဦးစီးမှူး ပစ်သတ်ခံရ
အေးမင်းစိုးဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အခြေအနေတွေကို သတင်းထောက်လှမ်းတာ၊ ပြည်သူတွေကိုခြိမ်းခြောက်ငွေတောင်းတာ၊ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းတာ၊ မူးယစ်ဆေးရောင်းဝယ်တာ၊ လောင်းကစားဒိုင်တွေကို အခကြေးငွေယူပြီးခွင့်ပြုထားတာကြောင့် ပစ်ခတ်ခဲ့တာလို့ တော်ဝင်ဒေါင်းစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။