သတင်းတို

သဲကုန်းမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရပြီး သေဆုံး

"သူက ရွာထဲကနေ ဆိုင်ကယ်နဲ့သွားနေချိန် သေနတ်သမားတွေကလည်း ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်သွားတာလို့တော့ သိရတယ်။ နေရာမှာပဲ သေသွားတာ"

ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကိုဝင်ပစ်ချိန် ဇနီးဖြစ်သူအပါ ၃ ဦးသေပြီး၊ အုပ်ချုုပ်ရေးမှူးဒဏ်ရာရ

" အိမ်ထဲမှာ အုပ်ကြီးနဲ့အတူ ၄ ယောက်ရှိတယ်။ အုပ်ကြီးက သေနတ်နဲ့ ခုခံဖို့လုပ်တယ်။ သူ့မိန်းမက လက်ပစ်ဗုံးနဲ့ ပစ်ဖို့လုပ်တယ်။ အုပ်ကြီးက သေနတ်ဒဏ်ရာနဲ့ အိမ်နောက်ဖေး ထွက်ပြေးသွားတယ်။ အခု ဆေးကုနေတယ်လို့ သတင်းရတယ် "

စလင်းပကဖရဲ့ အပတ်စဉ် ၂ တိုက်ခိုက်ရေးနဲ့နိုင်ငံရေး သင်တန်းဆင်းပြီ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဉ် ၂ တိုက်ခိုက်ရေးနဲ့နိုင်ငံရေး သင်တန်းဆင်းပွဲကို စလင်းမြို့နယ်၊ စိုးမိုးနယ်မြေ ဇုံ ၃ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းတာဝန်ခံ ရဲဘော်အောင်ဆန်းက ပြောပါတယ်။

ကျဆုံးသွားတဲ့ ဒုတပ်စိတ်မှူးကို ကောင်းမွန်စွာသဂြိုဟ်ပြီး ဂူဗိမာန်ပြုလုပ်မယ်(ရုပ်/သံ)

ယမန်နေ့ မေလ ၂၁ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက သေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့သလို ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကာ အရိုးပြာအိုးကို သိမ်းဆည်းထားပြီး ရဲဘော်အတွက် အမှတ်တရ ဂူဗိမာန်ပြုလုပ်ပေးမယ်လို့ YRA ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

လမ်းပြခေါ်လာတဲ့ ဒေသခံ ၇ ဦးကို PDF စခန်းထဲထည့်ပြီး စစ်ကောင်စီက မီးရှို့သတ်သွား  (ရုပ်/သံ)

သတ်ဖြတ်ခံရသူတွေဟာ ကျောက်ထပ်ရွာက အမျိုးသား ၆ ဦး အမျိုးသမီး ၁ ဦးဖြစ်ပြီး စစ်ကြောင်းက မနက်အစောပိုင်း အလစ်ငိုက်ဝင်ရောက်လာတာဖြစ်လို့ အမြန်ရှောင်တိမ်းခဲ့ရတယ်လို့ YRG တာဝန်ခံက ပြောပါတယ်။

ယင်းမာပင်ခရိုင် PDF တွေကို ကျည်ကာဦးထုပ်ဝယ်ယူဖို့ ပြည်တွင်းပြည်ပကထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၇၊ Royal Eagle People Defense Force ကိုကျည်ကာဦးထုပ် ဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပက ပြည်သူတွေက ငွေထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

တိုက်ပွဲဝင်မယ့် ရဲဘော်တွေကို စခန်းသွင်းလေ့ကျင့်နေတဲ့ ကျားသစ်နက်တပ်မတော် (ရုပ်/သံ)

ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းက ရဲဘော် ၂၅ ဦးကို မေ ၁၈ ရက်မှာ စခန်းသွင်း စုဖွဲ့လေ့ကျင်မှုတွေ ပြု လုပ်ပေးနေတာဖြစ်တယ်လို့ ရဲ‌ဘော်တွေကို စခန်းသွင်းလေ့ကျင့်ပေးနေတဲ့ တပ်ရေးအရာရှိ ကိုဥက္ကာက ပြောပါ တယ်။

သေနတ်ငှားပြီးတိုက်တဲ့ တိုက်ပွဲမှာ စစ်သား ၂ ဦးသေပြီး သေနတ် ၂ လက်ရ

“မီးသတ်ရုံးနဲ့ မီတာ ၆၀၀ အကွာလောက်မှာ တိုက်ပွဲဖြစ်ပွားတာပါ၊ လက်ဦးမှုကတော့ ကျနော်တို့ရတယ်။ ဒါပေမယ့် အခုသေသွားတဲ့ ၂ ယောက်ကလည်း ပြန်ပစ်တယ်၊ အပြန်အလှန်ပဲဗျ။”

Zero ပြောက်ကျားတပ်ရဲဘော်တွေကို မွမ်းမံသင်တန်းပေးပြီး ယူနီဖောင်းနဲ့ လက်နက်တပ်ဆင်ပေး (ရုပ်/သံ)

Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် ရဲဘော်တွေကို မွမ်းမံသင်တန်းပေးပြီး မေ ၂၁ ရက်မှာ သင်တန်းဆင်းပွဲနဲ့အတူ ယူနီဖောင်းနဲ့ လက်နက်တွေကို တပ်ဆင်ပေးခဲ့ပါတယ်။

စစ်တပ်လက်နက်စက်ရုံတွေအဓိကအသုံးပြုနေတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အထက်မင်းလှပကဖ ၃ ရက်ဆက် စစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ မေ ၁၈ ကနေ ၂၀ ရက်အထိ ခရီးသွားပြည်သူတွေကိုတွေ့ဆုံပြီး မိတ်ဆက်စကားပြောတာ၊ ပညာပေးဟောပြောတာတွေနဲ့ စစ်တပ်ထုတ်ကုန်တွေကို စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ကလေးမြို့က တော်လှန် ကဆုန်ညောင်ရေသွန်းပွဲ (ရုပ်/သံ)

မေ ၂၂ရက် ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နယ်မြေမတည်ငြိမ်တဲ့ကြားက “ဖက်ဆစ်စစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်တန့်ရေး” ဆန္ဒပြ လှုပ်ရှားမှုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဝေါမှာ ပြည်သူ့စစ်အတွက် အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေမှာ ငွေကြေးလိုက်လံကောက်ခံနေ

"ခုက စကစဘက်က ပြည်သူ့စစ်အသစ်တွေ ထပ်ခေါ်နေတယ်။ အဲဒီလူတွေအတွက်ရော အရင်အဟောင်းတွေ အတွက်ရော ထောက်ပံ့ပေးရမယ်ဆိုပြီး ငွေတောင်းလို့ စိတ်ညစ်နေကြတယ်။ "

ဟားငါးကောင်အဖွဲ့က လူရွှင်တော် ဝိုင်းကျော် ၉၆ ပါးရောဂါနဲ့ကွယ်လွန် (ရုပ်/သံ)

“ဟားငါးကောင်” အငြိမ့်အဖွဲ့မှ လူရွှင်တော်ဝိုင်းကျော် မေ ၂၂ ရက် ဒီမနက် ၁၁ နာရီလောက်မှာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့မိတ်ဆွေတဦးဆီက သိရပါတယ်။

ကလေးနယ်က စစ်ဘေးရှောင်တွေကို NUG က ကျပ်သိန်း ၅၀၀ ကျော်ထောက်ပံ့

"စစ်ရှောင်နေရတာ ၃ နှစ်နီးပါးရှိပြီ။ စားဖို့ကိုအဆင်မပြေလို့ ထောက်ပံ့ရတာပါ။ သူတို့ကတော်လှန်ရေးပြီးမှ အိမ်ပြန်ရမယ့် အခြေအနေရှိပါတယ်"

ဟားငါးကောင်အဖွဲ့က လူရွှင်တော် ဝိုင်းကျော် ၉၆ ပါးရောဂါနဲ့ကွယ်လွန်

“ကိုဝိုင်းကျော် ဒီမနက်ဆုံးတာ ဟုတ်ပါတယ်။ လာမယ့် မေလ ၂၄ ရက်မှာ ကျောင်းကြီး‌ကျောင်းကနေ သင်္ဂြိုဟ်မှာဖြစ်တယ်။ အချိန်တော့ မသတ်မှတ်ရသေးဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10