ဘုတလင်မြို့နယ်အတွင်း တကျော့ပြန်ဝင်လာတဲ့စစ်ကြောင်းက သဖန်းရွာက နေအိမ် ၃၂ လုံးကိုမီးရှို့ပြီး အမျိုးသား ၁ ဦးပစ်သတ်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အရှေ့ခြမ်းရှိ သဖန်းရွာမှာ စစ်ကောင်စီတပ်သားတွေက ၂ ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ရွာကပြန်ထွက်ချိန်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။