၂ နှစ်ဆက်တိုက် စံချိန်တင်ရေကြီးနေတဲ့ ပဲခူးမြို့ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)
ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၆ နာရီအထိ နောက်ဆုံးဆက်သွယ်မေးမြန်းချက်များ
ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၆ နာရီအထိ နောက်ဆုံးဆက်သွယ်မေးမြန်းချက်များ
"သတင်းဖော်ပြခံရပြီးနောက် နေပြည်တော်ကလာဆင်းစစ်တာတွေ လုပ်သွားတယ်။ အဲဒီနောက် ဗိုလ်မှူး မြင့်ဇော်ဆိုတဲ့သူလည်း ပျောက်နေတယ်။ ရဲအုပ်ကျော်ကျော်လွင်လည်း စခန်းပြောင်းခံရတယ်။ ဦးတင်ယုကတော့ ဒီအတိုင်းပဲ ဆက်ရှိနေတယ်"
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွာတော်ရွာမှာ အထိုင်ချပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဇူလိုင် ၂၈ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၂၈ ရက်က လူဦးရေ ၁၅၀ ကျော်ကို ဆေးဝါးကုသမှုပေးခဲ့ပြီး လူ ၈၀ ကို ဆန်နဲ့ ဆီပေးဝေခဲ့တယ်လို့ ဆိုပါတယ်။
“သေသွားတဲ့သူက သွေးထွက်များပြီး သေသွားတာ။ ရေချိုးသွားရင်း ထိသွားတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ယောကျာ်းလေးတယောက်ကတော့ ခွဲစိတ်ခန်းဝင်နေရတယ်။ အခြေနေကိုတော့ မသိရသေးဘူး ”
“တံတားချဉ်းကပ် ကတ္တရာလမ်းက တခြမ်းလောက်ပျက်သွားတာ။ ရေတိုက်စားဖန်များလာရင်တော့ လမ်းက ပြတ်သွားနိုင်တယ်။ အခုမနက်တော့ ရေက ကျသလိုတော့ရှိတယ်။ ဒါပေမယ့် မိုးက ဆက်တိုက်ရွာနေတုန်းပဲ“
" စကစတွေသေဆုံးမှုရှိခဲ့ပေမယ့် အတိအကျမသိရသေးဘူး။ ဖရဲသီးရဲ့ လုံခြုံရေးအရမလို့ ပျက်စီးမှု အခြေအနေ အသေးစိတ်ကို ပြောပြလို့မရတာပါ။ ဒီနေ့ (ဇူလိုင် ၂၉ရက်)အထိတော့ နမခ(မုံရွာ)တပ်နယ်တခုလုံး မီးအကုန်ပြန်မရသေးပါ"
ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ ကောလင်းပြည်သူမှ ပြည်သူသို့ အဖွဲ့က အိမ်ထောင်စု ၅၈ စုအတွက် အိမ်ထောင်စု ၁ စုကို ကြက်သွန် ၅၀ သား၊ ဆား ၁ ပိသာ၊ ကြာဇံ ၁ ထုပ် ၊ မြေပဲ နို့ဆီ ၁ ဗူးနဲ့ လက်ဖက် ၂ ထုပ် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲ (ခ) ဘိုးမင်းကြီးကင်းလမ်းခွဲမှာ တပ်စွဲပြီး ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။
"မိုးကလည်း ရွာတုန်းဆိုတော့ ရေကထပ်တက်နိုင်တယ်။ မနေ့မနက်က ကယ်ဆယ်ရေးစခန်း ၁၇ ခုဖွင့်ထား တယ်။ ညနေမှာ ၁၀ ခု ထပ်ဖွင့်လိုက်ရတယ်"
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အနောက်မြောက်ဘက်ရှိ စစ်ကောင်စီရဲ့ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းကို ဇူလိုင် ၂၆ ရက်နေ့လယ် ၁၂ နာရီကျော်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အဆောက်အဦးတချို့ ပျက်စီးမှုရှိခဲ့ တယ်လို့ Phoenix Sagaing ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော် ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒီကနေ့ ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီနယ်အခြေစိုက်၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၊ စစ်ဒေသ ၁၊ တော်လှန်ကြယ်နီတပ်ခွဲ - BLDF တပ်ဖွဲ့မှ ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။
"ပရဟိတသမားတွေနဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားလိုက်တာပါ။ စခန်းတခုကို လူဦးရေ ၁၅၀ လောက်ရှိမယ်။ ခုနေထိ ပဲခူးမြို့ပေါ်မှာတင် ၁၂ ခုရှိပါပြီ။ ရေက ဆက်တက်နေတယ်။"
"စခန်းကို စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်သုံးပြီး ၀င်စီးတဲ့အခါ လက်လုပ်တူမီးတွေနဲ့ ခုခံရင်း ကျဆုံးခဲ့ရတာပါ။ အဲဒီနေ့ကို အောက်မေ့သတိတရနဲ့ ဂုဏ်ပြုတဲ့သဘော ပြုလုပ်ခဲ့တာပါ”