သတင်းတို

လူမှုကွန်ယက်မှာစစ်ကောင်စီကို ဆန့်ကျင်ရေးသားလို့ဆိုကာဖမ်းဆီးခံရသူ မိုးကုတ်မြို့ခံအမျိုးသမီး မြို့သိမ်းပြီးနောက် လွတ်မြောက်

“ ခရိုင်စစ်ဆိုပြီး ခရိုင်ရုံးက တရားသူကြီးမရှိလို့ မိုးကုတ်မှာပဲထားတာ၊ ဖမ်းတုန်းက မတရားအသင်း ဆက်သွယ်မှုဘာညာနဲ့ အချုပ်ထဲမှာလည်း အကြမ်းဖက်ဆိုပြီးခေါ်တာ။"

သရက်အကျဉ်းထောင်မှာ သွေးတိုးရောဂါရှိတဲ့ နိုင်ငံရေးအကျဉ်းသားတဦး အချိန်မီဆေးကုသခွင့်မရလို့ သေဆုံး

"နဂိုကတည်းက သွေးတိုးအခံ ရှိတယ်။ နံနက်ပိုင်းက သွေးရုတ်တရက်တိုးလာတယ်လို့ သိရတယ်။ မနက်စော ၁ နာရီလောက် အချိန်ကြီးဖြစ်တော့ ထောင်ဘက်ကလည်း အပြင်ဆေးရုံကို ပို့ဖို့နောက်ကျနေတာနဲ့ ဆုံးသွားတယ်လို့ သိရပါတယ်"

ပေါင်းတည်ထောင်ကနေ မူးယစ်ရမ်းကားမှုနဲ့ထောင်ကျနေသူ ၃ ဦး ထွက်ပြေး

“ထောင်ဝတ်စုံနဲ့ အလုပ်ခိုင်းရင်းနဲ့ပြေးတာ။ တယောက်မှ မမိသေးဘူး။ ဝါဒါ(ထောင်ဝန်ထမ်း)တွေရော ပုလိပ်တွေပါ မနေ့ညနေကတည်းက လိုက်ရှာနေကြတာ။”

နေရာအနှံ့ ရေကြီးရေလျှံဖြစ်နေချိန် ကောလင်းအနောက်ခြမ်းမှာ မိုးခေါင်ရေရှားနေလို့ လွန်ဆွဲပွဲ ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်းက တောတွေထဲမှာ မိုးခေါင်ရေရှားနေလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နယ်ဓလေ့အရ လွန်ဆွဲပွဲကို ပြုလုပ်ခဲ့ကြတာလို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်း ပြိုကျလို့ သွားလာရေးခက်ခဲနေ

"လမ်းကမိုးများပြီး ပြိုကျသွားတယ်။ တောင်ပေါ်လမ်းပေါ့။ လောလောဆယ်တော့ ဆိုင်ကယ်တွေလောက်ပဲ သတိထားပြီး သွားလို့ရတယ်။ ကားတွေကတော့ ဘာကားမှသွားလို့မရဘူး"

မြင်းခြံနယ်က ရေဘေးသင့်အိမ်ထောင်စု ၉၀ ကျော်ကို ရိက္ခာထောက်ပံ့ (Photo News)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းက ရေဘေးသင့်အိမ်ထောင်စုတွေကို ဇူလိုင် ၂၇ ရက် ဒီမနက်ပိုင်းမှာ ရိက္ခာထောက်ပံ့ခဲ့တယ်လို့ Youths for Community - YfC အဖွဲ့ဆီက သိရပါတယ်။

ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မကျင်းပနိုင်တဲ့ ရိုးရာနတ်ပွဲ ပြန်လည်ကျင်းပ (ရုပ်/သံ)

ကိုဗစ်မဖြစ်ခင် ယခင်နှစ်တွေမှာ ပုံမှန်ကျင်းပခဲ့ကြပေမယ့် ကိုဗစ်ကာလနဲ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမလုံခြုံတာကြောင့် ရိုးရာနတ်ပူဇော်ပသပွဲကို မကျင်းပနိုင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်ပြီးဖြစ်လို့ ပြန်လည်ကျင်းပနိုင်တာလို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ရွှေဘိုမှာ စစ်သင်တန်းပြီးကာစတပ်သားတွေကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး အင်အားဖြည့်နေ

“ကားတွေနဲ့ (ရွှေဘိုမြို့)တောင်ဘက်မုခ်ပေါက်က ထွက်တယ်။ အနောက်ခြမ်း မင်းကုန်း(ရွာ) ဘက်ထွက်တယ်။ ရေဦးလမ်းကနေ ကျွန်းတော(ရွာ)ဘက် ထွက်တယ်။ ကားတွေနဲ့ ထွက်လာပြီး အင်အားပြတာပေါ့။ ပြီးရင် နေရာတွေကို ကင်းချတယ်။ စဉ့်ကူးကိုပါသွားတော့ ကြောက်နေတာ။”

ပေါင်းတည်မှာ လေပြင်းတိုက်လို့ နေအိမ် ၁ လုံးပြိုကျပြီး ၁၀ လုံးထက်မနည်း ပျက်စီး

“မိုးဖွဲဖွဲ ရွာနေတုန်း လေက မိနစ်ပိုင်းပဲတိုက်သွားတာ။ ကြို့ပင်အိုင်က အိမ်ကြီး ၁ အိမ်ကတော့ လဲသွားတယ်။ တချို့အိမ်တွေဆို အမိုးအကာတွေပါ ပြုတ်ပါသွားတာ။ သွပ်တွေဆို မုန့်ကြိုးလိမ်လိုပဲ။ လေဆင်နှာမောင်းဖြစ်ဖို့များတယ်”

သပိတ်ကျင်းနယ်၊ တကောင်းတောင်ပေါ်ရှိ ရဲကင်းကို သိမ်းပိုက်နိုင်ပြီး သေနတ် ၁၃ လက်ရ

အဆိုပါစခန်းကို ဇူလိုင် ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံးရဲ့ကွပ်ကဲမှုနဲ့ အမှတ် ၃ အထူးတပ်ရင်း၊ သပိတ်ကျင်းမြို့နယ်ပကဖတို့က စီးနင်းတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းမူမှာ တော်လှန်ရုပ်ရှင်ပြသရင်း စစ်ဘေးကာကွယ်ဖို့ ပညာပေးလှုံ့ဆော် (ရုပ်/သံ)

နွေဦးတော်လှန်ရေးကာလမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကိုပြပြီး အသိပညာပေးတာ၊ တူမီးစာစောင်တွေ၊ လူထုလက်စွဲစာအုပ်တွေမှာ ရေးသားပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဟောပြောပေးခဲ့တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရီဗို ကပြောပါတယ်။

အုတ်ဖိုက ရန်ကုန် - ပြည်လမ်းမပေါ် ရေကျော်နေ

ရန်ကုန် - ပြည်လမ်းအရှေ့ဘက်ရှိ ပဲခူးရိုးမပေါ်က စီးဆင်းလာတဲ့ တောင်ကျရေ၊ ကွင်းရေနဲ့ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် ဇူလိုင် ၂၇ ရက် ဒီမနက် ၈ နာရီကျော်ကစတင်ပြီး ရေကျော်နေတာလို့ ဆိုပါတယ်။

ပဲခူးမှာ ရေကြီးရေလျှံမှု စတင်ဖြစ်ပွား၊ ဒေသခံ ၂၀၀၀ ကျော် ပြောင်းရွှေ့နေရ

" ရေကြီးလို့ အနိမ့်ပိုင်းတွေကသူတွေက ပြောင်းနေရပြီ။ ရေဘေးကယ်ဆယ်ရေးစခန်းနေရာက သတ်မှတ်ဖွင့်ထားတာ မရှိသေးဘူး။ ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ အစည်းအဝေးလုပ်နေတုန်းလို့ သိရတယ်။ ပြောင်းလာတဲ့သူတွေက နေစရာမရှိဖြစ်နေတယ်"

ချောက်မြို့နယ်က အုပ်ချုပ်ရေးမှူး လင်မယား ၂ ဦး နေအိမ်မှာ ပစ်သတ်ခံရ

"သူတို့နေအိမ်မှာက လင်မယားနှစ်ယောက်တည်းနေတာ။ သူတို့ဘက်က ခုခံတာမျိုးတွေတော့ မရှိဘူး။ သူတို့ကို ပစ်ခတ်ပြီးချိန်မှာ သက်သေခံပစ္စည်းတွေရှာဖို့လုပ်ချိန် ဘေးအိမ်က စကစဘက်ကို ဖုန်းဆက်တိုင်နေတာမျိုးရှိနေတော့ ပြန်ဆုတ်လာရတယ်"

မြစ်မခမြစ်ရေတက်ပြီး တံတားတံစင်းပျက်စီးသွားလို့ ရေဘေးသင့်သူတွေကိုကယ်ဆယ်ရေး အခက်တွေ့

”အရင်ကတော့ ဆိုင်ကယ်တွေ ကားတွေ သုံးဘီးတွေနဲ့ ကယ်ဆယ်ရေးလုပ်လို့ ရတယ်။ ခုတော့ ‌စက်လှေသုံးပြီး ကယ်ဆယ်ရေးလုပ်နေရတာ။ လာလှူတဲ့ အလှူရှင်တွေ အခက်အခဲမဖြစ်အောင် ဒေသခံတွေနဲ့ပရဟိတအသင်းက ကူညီပေးနေတယ် “

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10