သတင်းတို

ကလေးထောင်မှ နိုင်/ကျဥ်း ၂၈ ဦး ၂ နှစ်နီးပါးကြာ ခြေကျင်းခတ် တိုက်ပိတ်ခံခဲ့ရ

"အကျဥ်းသားတွေကို ဒီလောက်အကြာကြီး ခြေကျင်းခတ်ခွင့် မရှိဘူး။ ထောင်အာဏာပိုင်တွေက အာဏာကို အလွဲသုံးစားလုပ်ပြီးမှ ခတ်ခဲ့တာ။"

လွတ်ငြိမ်းစာရင်းဝင် ပြည်သူ့လွှတ်တော်အမတ်ကို အမှုထပ်ဖွင့်ပြီး ထောင်ပြန်ချ

သာယာဝတီမြို့နယ် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်က လွတ်ငြိမ်းစာရင်းမှာ ပါဝင်ခဲ့ပေမယ့် အိမ်ပြန်ခွင့်မရပဲ ထောင်မှူးက တဆင့် သာယာဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး လက်ကိုလွှဲပြီး ရဲစခန်းမှာချုပ်နှောင်ကာ ခြေချုပ်မှုနဲ့ ထပ်မံအမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ကမီးရှို့လို့ မတ္တရာနယ် ဆောက်ချုံပေါက်ကျေးရွာက ၁၀အိမ်ကျော်မီးလောင်

နောက်ထပ်စစ်ကြောင်းတကြောင်းက မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာဘက်ကို ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကို တရုတ်အစိုးရ ကာကွယ်မပေးဖို့ မုံရွာမှာသရုပ်ပြ

"စစ်အုပ်စုလုပ်ရပ်ကြောင့် မြန်မာပြည်သူတွေ ထိခိုက်ခံစားနေရတယ်။ ပျက်စီးဆုံးရှုံးနေရပါတယ်။ ဒါကြောင့် ပြည်သူတွေက စစ်ကောင်စီကို တော်လှန်နေတာဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ စကစကို ဆက်လက်အကာအကွယ်မပေးဖို့ ရည်ရွယ်ပြီး သရုပ်ဖော်ခဲ့တာပါ"

မကွေးတက္ကသိုလ်မှာ ကျောင်းသူတဦး ဓါးထိုးခံရလို့ သေဆုံး

ဇန်နဝါရီလ ၈ရက် ‌မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျောင်းဝန်းအတွင်း စာသင်ဆောင်တခုအနီးမှာ ၂၁ နှစ်အရွယ် သတ္တဗေဒမေဂျာဂုဏ်ထူးတန်း ဒုတိယနှစ်တက်နေသူ မဝိုင်းဆုလှိုင် ကို ၂၁ နှစ်အရွယ် ကိုဝေဖြိုးအောင်ဆိုသူက ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

နတ်တလင်းမှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ စစ်တပ်က အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်းခံနေ

"ရွာဘက်တွေကတော့ တဦးကို ၃ သိန်းနဲ့ ငှားထည့်ဖို့ အုပ်ချုပ်ရေးမှူးတွေ စီစဉ်နေတယ်ကြားတယ်။ မြို့ပေါ်ရပ်ကွက်တွေတော့ လူစုမပေးနိုင်လို့ ည ၈ နာရီကျော်ထွက်တဲ့သူကို ဖမ်းဖို့ အဲဒီအစည်းဝေးမှာပဲ အုပ်ကြီးတွေကပြောတယ်”

ကုက္ကဲရဲစခန်းရှေ့မှာ ဂိတ်ကြေးတောင်းနေတဲ့ ရဲတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

"ချလည်းချလိုက်ရော ရွာထဲဝင်ပြေးတယ်။ အဲ့ဒီမှာကျွန်တော်တို့ ဖရဲသီးရှိတယ်လေ။ ဘယ်သူ့ အိမ်ထဲတော့ရောက်နေပြီ အဲ့လိုပြောတော့ ထပ်ချတယ်။ အဲ့မှာအစုလိုက် အပြုံလိုက်ထဲကို သွားကျတာပေါ့"

ပျူခေါင်းဆောင်ပါတဲ့ ဖဲဝိုင်းကိုတိုက်ခိုက်ခံရလို့ ဖုန်းဆက်သတင်းမေးသူကို PDF ကစနောက်( ရုပ်/သံ)

ဖဲဝိုင်းကို တိုက်ခိုက်ချိန် သေဆုံးသွားတဲ့ ပျူခေါင်းဆောင် ကျော်ကိုကိုဆိုသူရဲ့ ဖုန်းကို ဆက်သွယ်သတင်းမေးလာချိန်မှာ PDF တွေက စနောက်ကာ ပြန်ဖြေခဲ့ကြတာပါ။

ဖဲဝိုင်းတိုက်ခိုက်ခံရလို့ ပျူစောထီးနဲ့ လုံခြုံရေးစစ်သားအပါ ၅ ဦးသေဆုံး (ရုပ်/သံ)

အုတ်ဖိုမြို့နယ် မြောင်ကျေးရွာက အိမ်တအိမ်မှာဖဲရိုက်နေတာကို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြောင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ကိုကျော်ကိုကိုအပါ ပျူစောထီး ၄ ဦးနဲ့ စစ်သား၁ ဦးသေဆုံးခဲ့တာပါ။ တိုက်ခိုက်မှုဟာ ၁၀ မိနစ်လောက်သာကြာမြင့်ပြီး နေအိမ်အတွင်း ရှင်းလင်းရှာဖွေချိန်ကလည်း ၅ မိနစ်လောက်သာကြာမြင့်တယ်လို့ ဗိုလ်တောက်တဲ့က ပြောပါတယ်။

ဝန်းသိုနယ်က ဒေသခံပြည်သူ ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

“အသတ်ခံရတဲ့အထဲမှာ ကောလင်းကရော အခြာအမည်မသိ၊ ကျေးရွာမသိတဲ့ လူတွေရောပါတယ်။ သူတို့ တွေထဲမှာ စပါးကုန်သည်ပွဲစားတွေ၊ ဆီကုန်သည်တွေရော ပါတယ်။ သူတို့စီးလာတဲ့ ကားတွေကိုလည်း ယူသွားတယ်။ ကားပေါ်မှာပါလာတဲ့ ဆန်တွေနဲ့ ဆီတွေကိုလည်းယူသွားတယ်။ နောက်နေ့ မနက်မှာ လူတွေကိုတော့ သတ်ပြီး လာချသွားတယ်”

မြင်းစီးကျေးရွာ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

"သူတို့လာတာကို သတင်းရလို့ စောင့်ဆိုင်းပြီး ပစ်ခတ်တာ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်သေးတယ်လို့ သိရတယ်။ ပျူခေါင်းဆောင်ကတော့ နေရာမှာပဲသေသွားတယ်"

ထီးချိုင့်မြို့နယ် စစ်ရှောင်တွေထဲ သတင်းပေးရှိနေတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေ

"တချို့တွေကိုတော့ စစ်ဆေးပြီး ပြန်လွှတ်လိုက်ပြီ။ တချို့တွေကတော့ ကျန်သေးတယ်။ လူကတော့ အစုံပဲ။ ဗိုလ်ကတော်တွေ၊ သူတို့(စစ်ဗိုလ်)ရည်းစားတွေနဲ့ Non-CDM တချို့၊ အရပ်သားတချို့လည်းပါတယ်"

အမြန်လမ်းသစ်၊ လမ်းဟောင်း နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်မည်

"အရင်ကြေညာချက်ထုတ်ထားသလိုပဲ စစ်တောင်းမြှစ်ဝှမ်းကို စစ်ဆင်ရေးအရှိန်တိုးမြှင့်သွားဖို့ဆိုတော့ ဒီလမ်းပိုင်း ၂ ခုဆိုတာကလည်း အကျုံးဝင်ပါတယ်။ ဒီလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရင် စစ်ကောင်စီဘက်က တော်တော်အထိနာမှာ သေချာပါပဲ"

PHN-Kalay က ၁ နှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၂၃၀ ကျော်ကို အောင်မြင်စွာမွေးဖွားပေးခဲ့

"ခွဲစိတ်ပြီး မွေးရတာလည်းရှိတယ်။ ရိုးရိုးမွေးတာလည်း ရှိတယ်။ နိုဝင်ဘာလက ၆ ယောက်ထဲမှာဆိုရင် ၂ ယောက်ကို အရေးပေါ်ခွဲစိတ်ပြီး မွေးခဲ့ရတယ်"

စစ်တပ်ထောက်ပို့စစ်ကြောင်း ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

“ကျနော်တို့ကြားနေတာ မြိုင်ဆေးရုံထဲမှာ ၄ ယောက်သေတယ်။ ၁၁ ယောက် ခြေပြတ် လက်ပြတ်တွေ ဖြစ်နေတာရှိတယ်။ ၅ ရက်နေ့ ထွက်လာတဲ့ စစ်ကြောင်းက ကန်နီရွာကို မရောက်ဘူး။ ပေါက်ပျဉ်းလမ်းဆုံကနေ မိုင်းဆွဲလိုက်တော့ နေ့လယ် ၁၁ နာရီလောက်မှာ မြိုင်မြို့ထဲကို ပြန်ဆုတ်သွားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10