သတင်းတို

ပန်းတောင်းမြို့နယ်ကရွာတွေမှာ ပြည်သူ့စစ်အတွက် လူအင်အား အဓမ္မတောင်းနေ

“ပန်း‌တောင်း တမြို့နယ်လုံး ပါတယ်။ မဲပေါက်တဲ့သူက လိုက်ချင်တဲ့သူလိုက် မလိုက်ချင်တဲ့သူက ပိုက်ဆံပေးပြီး လူစားရှာ။ မဲ မပေါက်တဲ့အိမ်ကလည်း သင်တန်းသားတွေကို တရက်ဘယ်လောက်နှုန်းဆိုပြီး ထောက်ပံ့ရမယ်တဲ့။ ရွာသားတွေက ကြောက်လို့သာ ခေါင်းညိမ့်နေရတာ စိတ်ထဲမှာ ဘယ်သူမှ လက်မခံဘူး။"

ကြို့ပင်ကောက်က ပျူစောထီးဆိုသူ အသတ်ခံရ

“နားထင်တချက် ဗိုက်ကိုတချက်ထိပြီး ပွဲချင်းပြီးသေသွားတာပါ။ မနေ့ညနေ ၆ နာရီလောက်က စစ်အုပ်စုနဲ့ မိသားစုက အလောင်းလာကောက်သွားတယ်”

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာက ရက်ရှည်စစ်ရှောင်အတွက် ဆန်၊ ဆီ ရိက္ခာတွေထောက်ပံ့ပေး

"စစ်ရှောင်ရတဲ့ ရက်ကြာလာတော့ စားဖို့ ဆန်၊ ဆီ၊ ကုန်စိမ်း လိုအပ်နေတာပါ။ သူတို့မှာ စားရေးနေရေး အခက်အခဲတွေရှိနေပါတယ်။ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးတာပါ"

စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

"အုပ်ချုပ်ရေးမှူးကိုပဲ ရွေးပစ်သွားတာ။ သူနဲ့အဖော်လိုက်လာတဲ့ တယောက်ကိုတော့ဘာမှ မလုပ်သွားဘူး။ သေနတ်သမားတွေကလည်း သတင်းရလို့ လာစောင့်နေတာဖြစ်မယ်"

စစ်ခေါင်းဆောင်တွေ ယခုကျူးလွန်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ ဖမ်းဆီးခံ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း ပြောဆို

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ နမ့်ဆန်မြို့နယ် တိုက်ပွဲတွေအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းက လက်ရှိစစ်ခေါင်းဆောင်တွေအနေနဲ့ ယခုကျူးလွန်နေတဲ့လုပ်ရပ်များအား ရပ်တန့်ပေးဖို့ ပြောဆိုလိုက်ပါတယ်။

ရပခတိုင်းမှူး ဗိုလ်ချုပ် လှမိုးနဲ့ တပ်မ ၅၅၊ ၆၆ တပ်မမှူးတွေကိုဖြုတ်ချပြီး အရံအင်အားပို့၊ ရေချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ကကလုံညွှန်မှူး ဗိုလ်ချုပ် ထင်ကျော်သူကို စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာနတွေမှာ ခန့်အပ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေတပ်ချုပ်၊ ရပခတိုင်းမှူး၊ တပ်မ ၅၅ နဲ့ ၆၆ တပ်မမှူး စတဲ့ အရာရှိကြီးနေရာတွေနဲ့ စစ်ကောင်စီရုံးဝန်ကြီးနေရာတွေ အပြောင်းအလဲလုပ်ဆောင်ပြီး စစ်ဗိုလ်ချုပ်တချို့ကိုလည်း အရံအင်အားကို ပို့ဆောင်လိုက်တယ်လို့ တပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စဉ့်ကိုင်ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေလို့ ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးရိုက်နှက်

"SRFက ရဲဘော်တချို့ အောင်မြင်စွာတိုက်ခိုက်ပြီး ဆုတ်ခွာခဲ့တဲ့နောက်မှာ စခ၊ ရခတွေက ရမ်းပစ်တာတွေ၊ လမ်းပေါ်သွားတဲ့လူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ပါတယ်။ တချို့ကို ဒူးထောက်ခိုင်းပြီး ပါးရိုက်တာမျိုးတွေထိ လုပ်ခဲ့တယ်လို့ ပြန်ကြားရပါတယ်"

ဖမ်းဆီးထားတဲ့ သတင်းသမားတွေ ပြန်လွှတ်ဖို့ IPCM တောင်းဆို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်

"သတင်းသမားတွေဟာ အများပြည်သူအတွက် သတင်းတွေရယူဖော်ပြနေတာမို့ ရာဇဝတ်မှု ကျူးလွန်သူတွေ မဟုတ်လို မဖမ်းဆီးသင့်ပါဘူး။ ဒီအတွက် လွတ်လပ်တဲ့ မြန်မာသတင်းဌာနတွေက သတင်းသမားတွေ အခွင့်အရေးကာကွယ်ဖို့ မီဒီယာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

NUG ဒုဝန်ကြီး မကွေးတိုင်း ၆ မြို့နယ်မှာ ပထမဆုံးအကြိမ် မြေပြင်တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းဟာ မကွေးတိုင်း၊ ၆ မြို့နယ်က ပအဖ၊ ပကဖ၊ PDFနဲ့ ပြည်သူတွေကို မြေပြင်မှာ တိုက်ရိုက်သွားရောက်တွေ့ဆုံပြီး တော်လှန်ရေးကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

ကလေးဝမြို့ရှိ ပျူစောထီးစခန်းကနေ တပ်သားတဦး သေနတ်နဲ့အတူ အလင်းဝင်

“အလင်းဝင်လာတဲ့ တပ်သားတွေကို ပြည်သူတွေကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အလင်းမဝင်ရသေးသူတွေ အတွက်တော့ စစ်ပွဲတခုမှာ တချို့ကိစ္စတွေက နောက်ကျရင် မကောင်းဘူး။ စိတ်မကောင်းစရာတွေ ဖြစ်တတ်တယ်။”

ပြင်ဦးလွင်ကို အင်အားအဆမတန်တိုးမြှင့် ခံစစ်ပြင်နေပြီး နယ်ခံတပ်တွေ အရေးကြီးစာရွက်စာတမ်းတွေ သိမ်းကြဖို့နဲ့ ကတုတ်ကျင်းနက်နက်တူးဖို့ ညွှန်ကြား

" အခုရက်ပိုင်းမှာ အင်အားတိုးတာကလေ သာမန်ထက်ကို ပိုတယ်။ အင်အားတော်တော်ကို တိုးတယ်၊ မန္တလေးဘက်ကဝင်တယ်။ ရှမ်းပြည်ဘက်ကလည်း အနီးစခန်းကို လေယာဥ်နဲ့တိုးတယ်"

တောင်သာနဲ့နွားထိုးကြီးက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

"၂ ကောင်သေပြီး ၃ ကောင်ဒဏ်ရာရတာကို ကျနော်တို့မျက်မြင်တွေ့ခဲ့ရတာ။ လျှပ်တပြက် တိုက်ခိုက်ရတာဖြစ်လို့ သေနတ်တွေမယူနိုင်ဘဲ ပြန်ဆုတ်လာခဲ့ရတယ်"

တပ်တွင်းဝေဖန်မှုတွေမြင့်တက်နေချိန် စစ်သားတွေရဲ့ သက်စွန့်တာဝန်စရိတ်ကို ၅ သောင်းကျပ် တိုးပေး

“ စာဝင်တယ်လို့တော့ ပြောတာပဲ။ တိုးတဲ့ငွေပါရင် ဒီလကုန်က စပြီးပါမှာ။ တိုးတယ်ဆိုတာအစည်းအဝေးမှာလည်း ပြောတယ်။ စစ်တပ်ထုံးစံကတော့ လက်ထဲရောက်မှပဲအတည် “

ကာကွယ်ရေးရဲဘော် ၆ ဦးကို သေစေခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

“ညနေဘက်ဝင်တာဆိုတော့ လူအင်အားနဲ့ အေးအေးဆေးဆေးပဲ ဝင်ရှင်းလိုက်တယ်၊ ရွာထဲကိုလည်း သတိထားဖို့၊ စစ်ကောင်စီ ဘယ်လိုဖြစ်နေလဲဆိုတာ အကုန်လုံးနားလည်ဖို့ ပြောဆိုပြီးမှ အေးအေး ဆေးဆေးပဲ ပစ်ခတ်သွားတာ၊ သူ့ဆီမှ လက်နက်ရှိတယ်လို့ သတင်းရပေမယ့် တကယ်တန်းရှာတော့ မတွေ့ခဲ့ဘူး၊ မိန်းမနဲ့သားတယောက်ကိုတော့ မရှင်းခဲ့ဘူး၊ သူ့တယောက်ပဲ ရှင်းလင်းခဲ့တာ”

စဥ့်ကူးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသား ၁ ဦးသေဆုံး

"စိုက်ကွင်းရွာဘက်က မန္တလေး-မိုးကုတ်လမ်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရွာတွေကို လျှောက်ပစ်ပြီး ပြန်သွားတာ။ တိုက်ပွဲလည်းမရှိ နယ်မြေလည်းငြိမ်နေတော့ဒေသခံတွေက ကိုယ့်အိမ်ကို နေနေကြတာပေါ့။ ရွာထဲကျ တော့ထိတာပါပဲ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10