သတင်းတို

ပခုက္ကူက တင်းဂတ်စစ်‌ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်သား ၂ ဦးသေဆုံးဟုဆို (ရုပ်/သံ)

တင်းဂတ် စစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၉ က စစ်သားတွေအပြင် ရဲနဲ့ ပျူစောထီးအင်အား ၂၀ ကျော် အထိုင်ချနေတာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၁၆ လုံးကြဲချခဲ့ရာ ၂ ဦးသေသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီကဖမ်းသွားတဲ့ ကြို့ပင်ကောက်က စစ်ရှောင်ပြည်သူ ၆၀ ဦးဝန်းကျင် ပြန်မလွတ်သေး

“တိုက်ပွဲဖြစ်လို့ ကျစွာဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတာကို **တွေကရောက်လာပြီး ဖမ်းထားတာ၊ ပြန်လွှတ်မပေးဘူး။ ခုထိကျစွာဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတုန်း၊ အင်အားကလည်း ၇၀ လောက်ရှိတယ်။”

စစ်တပ် ဂိတ်စခန်း ၁ ခုကို ပကဖပူးပေါင်းအဖွဲ့က ဝင်တိုက်ခိုက်လို့ စစ်သား ၂ ဦးသေပြီး ကာဘိုင် ၁ လက်ရရှိ

“ကျနော်တို့ဝင်ပြီး စီးနင်းတိုက်ခိုက်တဲ့အချိန် အင်အား ၁၂ ယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ခုန်ချပြီးတော့ ထွက်ပြေးကုန်တာပေါ့။ သူတို့ဘက်က ပြန်ခံပစ်တာတွေလည်းရှိတယ်။ ကျသွားတာကို ကျနော်တို့ မျက်မြင်တွေ့ရှိခဲ့တယ်။ သူတို့ဂိတ်စခန်းကိုလည်း မီးရှို့ခဲ့တယ်။ ကျနော်တို့က အချိန်အကြာကြီးယူလို့မရတဲ့အတွက်ကြောင့်မို့ အမြန်သိမ်းဆည်းခဲ့တယ်။”

တိုက်ပွဲတွင်း လက်နက်ကြီးကျည်စ ထိမှန်ကျဆုံးခဲ့တဲ့ PDF ရဲဘော် ဈာပန (ရုပ်/သံ)

အောက်တိုဘာ ၂၇ ရက်က စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ကြားမှာ စစ်ကောင်စီနဲ့ PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြပြီး ဒေါင်းစစ်အောင် Local PDF အဖွဲ့က အသက် ၁၇ နှစ်အရွယ် ရဲဘော်‌ ဂျုတ်ကြီး (ခ) ခန့်စည်သူလွင် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကား မိုင်းဆွဲ၊ ပစ်ခတ်ခံရလို့ ၇ ဦး သေဆုံး

" သူတို့ဆီက ကနဦးထွက်လာတဲ့ ကားကို ရှေ့ထွက်ပဒေသာ ၁ တွဲ၊ တွဲပဒေသာ ၁ တွဲနဲ့ မိုင်းဆွဲ တိုက်ခိုက်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခဲ့တာ။"

တိုက်ပွဲတွင်း လက်နက်ကြီးကျည်စ ထိမှန်ကျဆုံးခဲ့တဲ့ PDF ရဲဘော် ဈာပန

"ကျနော်တို့ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းကတည်းက အပြန်အလှန်ထိတွေ့မှုတွေဖြစ်တယ်။ ကျနော်တို့စိုးမိုးထားတဲ့ နယ်မြေကို စစ်ကောင်စီတပ်တွေ ဝင်မလာနိုင်အောင်ကာပါတယ်။ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ရန်သူ့ဘက်က လက်နက်ကြီး ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ပြန်ပစ်တယ်။ ကျနော်တို့ဘက်ကလည်း လက်နက်ကြီး ၆၀ မမ တွေနဲ့ပြန်ပစ်တယ်။ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီး ကျည်စမှန်ပြီး ကျနော်တို့ရဲဘော်ကျဆုံးခဲ့တာပါ။"

စစ်တပ်က ဆင်ဖြူကျွန်းမြို့နားက ရွာမှာတပ်စွဲပြီး လက်နက်ကြီးနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေတိမ်းရှောင်နေရ

"ဘယ်အချိန် တိုက်ပွဲဖြစ်မယ်မှန်းမသိလို့ ရွာက လူတွေကတော့ ရှောင်နေကြရတယ်။ တချို့အိမ်တွေတော့ အိမ်စောင့်တော့ ကျန်တာပေါ့။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေတော့မရှိတော့ဘူး။"

ပြင်ဦးလွင်အနီးက ရှမ်း-မန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ ရဲဘော် ဈာပန (ရုပ်/သံ)

သူ့ရုပ်အလောင်းကိုတော့ ရှေ့တန်းတနေရာမှာပဲ မီးသင်္ဂြိုဟ်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှာ အရိုးပြာကို မိခင်တပ်ရင်းဆီပြန်သယ်ကာ အမိန့်ပြန်တမ်းဖတ်ပြီး အခမ်းအနားနဲ့ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ တပ်ထောက်တာဝန်ခံ ကိုနေမျိုးက ပြောပါတယ်။

ချောက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဠာဝကပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ အပါ  ရဲဘော် ၃ ဦး ကျဆုံး ■ခေါင်းဆောင်ရဲ့မိုဘိုင်းလ်ဖုန်းကို စစ်ကောင်စီတပ်က ရရှိသွားလို့ ဆက်စပ်သူတွေသတိပြုဖို့လို

တိုက်ပွဲအတွင်းမှာ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပေတနဲ့ ရဲဘော် အောင်လေး ၊ ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁ ဦး စုစုပေါင်း ၃ ဦး ကျဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကာ သေနတ် ၁ လက် လည်း ဆုံးရှုံးခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ရုပ်အလောင်းတွေကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မနက် ပိုင်းအထိ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။

ပုလဲ၊ ကန်ဒေါင့်နယ်မြေရဲစခန်းက ရဲတပ်ကြပ် ၁ ဦး လက်နက်နဲ့ အလင်းဝင်

အလင်းဝင်ရောက်လာသူမှာ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းက အသက် ၃၇ နှစ်အရွယ် ရဲတပ်ကြပ်ဖြစ်ပြီး BA 63 (G3) သေနတ် ၁ လက်နဲ့ ကျည်အချို့၊ လက်ပစ်ဗုံး ၁ လုံးယူဆောင်လာကာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းမှာ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

အညာမှာအခြေချပြီး စစ်ရေးဖော်ဆောင်နိုင်တော့မယ်လို့ BPLA အသိပေး

"ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။"

ငါန်းမြာကြီးရွာပြင်ကိုထွက်လာတဲ့ စစ်အုပ်စု စနိုက်ပါနဲ့ပစ်ခံရလို့  ၂ ဦးသေဆုံး

“**တွေ လယ်ကွင်းထဲ အရောက်မှာ ကျနော်တို့က စနိုက်ပါနဲ့ သေချာချိန်ရွယ်တိုင်းတာပြီး ပစ်ခတ်နိုင်ခဲ့တယ်။ ထွက်လာတဲ့ ၃၀ ထဲက ၂ ကောင်ကို ကျနော်တို့ ထိထိမိမိပစ်နိုင်ခဲ့တယ်။ ၂ ကောင်လုံး အရုပ်ကြိုးပြတ်လဲသွားပြီး ကျန်တဲ့ကောင်တွေက ဖရိုဖရဲဖြစ်သွားတယ်။ ဆွဲခေါ်သွားတာကိုတွေ့တယ်။”

စပါးခွံလာကျုံးတဲ့ ကလေးနည်းပညာတက္ကသိုလ်က စစ်သားတချို့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

“ ၅ ဦးထိ ၃ဦး သေတာသေချာ၊ ကိုယ့်ဘက်က မိုင်းကပ်ထောင်ရင်း **တွေနဲ့ တွေ့လို့ ဦးအောင်ပစ်ခဲ့တာ၊ ဆန်စက်နေရာမှာ စပါးခွံတွေဘာတွေ လာကျူံးတာ၊ ဘာလုပ်ဖို့လည်း မသိဘူး၊ သူတို့ လေ့ကျင့်ရေးလုပ်ဖို့နေမှာ။ ”

မန္တလေးမှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမြင့်တက်နေ

“၁ ပတ်လောက်ရှိပြီ သေတဲ့သူအရမ်းများတယ်။ ၁ ရက်ကို ၂ ယောက်လောက်သေတယ်။ ကျနော်တို့ အသင်းအနေနဲ့တော့ ပြည်သူတွေကို သတိပေးတာမျိုးတွေ လုပ်ထားပါတယ်။”

ငါန်းမြာကြီးရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

အင်အား ၁၀၀ ဝန်ကျင်နဲ့တပ်စွဲနေတဲ့ စစ်အုပ်စုကို ညနေ ၃ နာရီလောက်မှာ ဒရုန်း ၂ စီးသုံးပြီး ဗုံးသီး ၅ လုံးကြဲချခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေတယ်လို့ Salingyi Border Task Force -SBTF အဖွဲ့ ပြန်ကြားတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10