ဝေါမြို့နယ်အရှေ့ခြမ်းမှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက်စည်းရုံးမှုတွေရှိနေ ■ စစ်မှုမထမ်းလိုတဲ့လူငယ်တချို့ ဝေါပကဖထံ ခိုလှုံလာ
"ဘုန်းကြီးကျောင်းသွားရင်၊ အပြင်တွေသွားရင်၊ လမ်းမှာတွေ့ရင် မေးတယ်။ သူတို့ထဲ ဝင်မလား။ ဝင်တဲ့သူတွေလည်းရှိတယ်၊ အစနတောင်ပြန်ရှာမရဘူး။ အခု ရွာမှာကလည်းပေါ်တာဆွဲမယ်ဆိုပြီး ခြိမ်းခြောက်ပြီး သတင်းလွှင့်ထားတယ်။ အဲ့ဒါကြောင့် သူတို့ထဲမဝင်ချင်ဘူး။ ကြောက်လည်းကြောက်လို့ ဒီဘက်ထဲပြေးလာတာ။"