သတင်းတို

စစ်အုပ်စုက နေအိမ်တွေဖျက်ဆီးတဲ့အပြင် မီးပါရှို့ပြီး အမျိုးသား ၁၅ ဦးကိုဖမ်းသွား (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ အေးရွာလေးရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး တခြားနေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့သလို အမျိုးသား ၁၅ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ Yoma GBK PDF ရဲ့ တပ်ခွဲမှူး ကိုကရင်လေး က ပြောပါတယ်။

ဘုတလင်က စစ်ရှောင်တွေကို PDF နဲ့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ရိက္ခာတွေလှူဒါန်းပေးခဲ့ (ရုပ်/သံ)

ဘုတလင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့၊ လူသတ်တာတွေကြောင့် စစ်ရှောင်နေရတဲ့ ဘုတလင်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို ဆန်နဲ့ ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

PDF ကိုစိန်ခေါ်တဲ့ ထွေအုပ်စာရေး ပစ်သတ်ခံရ

“မမဲကြီးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ ထွက်လာတာကို သတင်းကြိုတင်ရရှိထားတယ်။ စစ်မှုထမ်းကောက်တဲ့နေရာမှာ လဝက၊ မီးသတ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် အားလုံးပေါင်း ၆ ယောက်လောက်ရှိတယ်။ သူက ‘PDF ကို ဂရုမစိုက်လို့ တယောက်ထဲသွားလာနေတာကွ’ ဆိုပြီး ကြွေးကြော်ထားတဲ့သူ။ ”

ပြည်နဲ့ သရက်က ကလေး ၁ ဦးအပါ ၁၁ ဦးအဖမ်းခံထားရပြီး နေအိမ်အချို့ပါ ချိပ်ပိတ်ခံရ

"ဖိုးဝလေး စပြီးဖမ်းခံရတယ်။ အဲဒီနောက်မှာ ဦးဘိုကြီး၊ မသင်းဖမ်းခံရတယ်။ ပြီးတော့ ဦးရွှေသောင်းဆိုင်က ဒေါ်ခင်မျိုးဆွေဖမ်းခံရတယ်။ အဲဒီကနေ့မှ တဆက်တစပ်တည်း ရွာမရွာက ကိုငကွန်တို့ မိသားစုဖမ်းခံရတယ်။ အိမ်တွေချိတ်ပိတ်ခံရတယ်။ အောင်လမင်းပွဲရုံဆိုလည်း ပဲတွေသိမ်းခံရတာ"

ရခိုင်ဘက်ကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ယာဥ်တန်း ငဖဲမှာ ကြားဖြတ်တိုက်ခိုက်ခံရ

" သူတို့ဘက်ကတော့ ၁၀ ဦးသေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရတာများတယ်။ ကျနော်တို့ဘက်ကတော့ (ထိခိုက်ဒဏ်ရာရ)မရှိပါဘူး။ ကျနော်တို့ဘက်ကတော့ အသင့်စောင့်ဆိုင်းပြီး ပြင်ဆင်ထားတဲ့အနေအထားပါ။"

ပခုက္ကူမြို့နယ်ကို စစ်တပ်ကအင်အားသုံးစစ်ကြောင်းထိုးနေပြီး ဒေသခံ ၃ ဦးလည်း အသတ်ခံထားရ  ■ ဘုတလင်မှာလည်း စစ်တပ်ကတကျော့ပြန်စစ်ကြောင်းထိုးပြီး ဖမ်းဆီးမှုတွေရှိနေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီကအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

မန္တလေး PDF ရဲ့အချုပ်ဆောင်နေရာ လေကြောင်းဗုံးကြဲခံရပြီး စစ်သုံ့ပန်း ၈ ဦးအပါ ၁၂ ဦးသေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) (MDYPDF) ရဲ့ အချုပ်သားတွေထားရှိရာ အဆောင်နေရာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး လူ ၆၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ MDYPDF က အောက်တိုဘာ ၂၉ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရုံးစည်ကြီးနယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၃ ဦးဒဏ်ရာရပြီး အဆောက်အဦ ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ဆီက သိရပါတယ်။

စလင်းမှာ အမျိုးသမီး ၁ ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူကို မြို့နယ်ပကဖက ဖမ်းဆီးအရေးယူထား

" ပကဖ၊ ပအဖအဖွဲ့တွေရဲ့စုံစမ်းမှုအရ သွားတဲ့အချိန်မှာ လူသွားလူလာရှိတယ်။ အခင်းဖြစ်တဲ့နေရာမှာတော့ လူပြတ်တယ်။ အဲ့အမျိုးသမီးဘယ်သူတွေနဲ့ သွားလာတုန်းဆိုတော့ ဦးစံ ဆိုသူနဲ့ သွားတယ်ဆိုတာ သတင်းရလို့ သူ့ကိုဖမ်းဆီးစစ်ဆေးတာ ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့တာ။ သူကိုယ်တိုင်လည်း ဝန်ခံတယ်"

၁၇ နှစ်အရွယ် အထက်တန်းကျောင်းသား ၁ ဦး ကြိုးဆွဲချသေဆုံး

"သူ့အမေက အပြင်ကပြန်လာတဲ့အချိန် သူ့သားအလောင်းကိုဖက်ပြီးအော်ငိုနေတာ။ ဖြစ်တဲ့အချိန်မှာ အမေကလည်း ကန်စွန်းရွက်ခူး သွားနေတာ။ အဖေကလည်း နွားဆွဲသွားနေတာ။ အိမ်မှာ သူတယောက်တည်း ရှိတာ။ သူအမေပြန်လာတော့ ကလေးကိုခေါ်ကြည့်တော့ ဘယ်သွားနေလဲဆိုပြီး ခေါ်ကြည့်တာ။ အိမ်ထဲဝင်ကြည့်မှ အဲလိုတွေ့တာ"

နွားထိုးကြီးရဲစခန်းက လက်နက်ကြီးနဲ့ပစ်လို့ လင်မယား ၂ ဦးသေဆုံး  ■မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုတွေလည်းရှိနေ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းကနေ ၆၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ဒေသခံလင်မယား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်နက်ကြီးဗုံးစထိမှန်ကျဆုံးတဲ့ YPDF ရဲဘော်ဗစ်တာရဲ့ ဈာပနကို ခရစ်ယာန်ထုံးတမ်းအစဉ်အလာအတိုင်း ပြုလုပ်ပေး

“ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ၂ ချက်ပစ်တယ်၊ ၃ ချက်မြောက်မှာ ဟိုဘက်က ကောင်တာ(တန်ပြန်) ပြန်ထုလို့ ကျဆုံးခဲ့တာ၊ ရဲဘော်က ခရစ်ယာန်ဖြစ်နေလို့ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ ဈာပနကို ပြုလုပ်ခဲ့ပါတယ်”

ကလေးနယ်တောင်ပိုင်းက စစ်ရှောင်တွေ အနွေးထည်နဲ့ခြုံစောင်တွေ အရေးပေါ်လိုအပ်နေ (ရုပ်/သံ)

ကလေးဒေသက စစ်ရှောင်ပြည်သူတွေအနေနဲ့ ကျန်ရာသီတွေမှာ နှမ်းခါ၊ နှမ်းခုတ်၊ ပေါင်းထိုး၊ မြက်နုတ်တာတွေ လုပ်ကိုင်ရလို့ ပုံမှန်ဝင်ငွေရှိပြီး ဆောင်းရာသီကာလမှာ အဲ့ဒီအလုပ်တွေလုပ်ဖို့မရှိတဲ့အတွက် ပုံမှန်ဝင်ငွေမရှိကြတာကြောင့် အနွေးထည်နဲ့ စောင်၀ယ်ယူဖို့ခက်ခဲနေတာလို့ Lighthouse Group စစ်ရှောင်ကူညီထောက်ပံ့ရေးတာဝန်ခံ ကိုသူရိန် က ပြောပါတယ်။

MOD လက်အောက်ခံ မဟုတ်ပေမယ့် အညာမှာ MOD တပ်ရင်းတွေအပါ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ BPLA တာဝန်ခံမောင်ဆောင်းခပြော

"BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။"

မန္တလေးမြို့ ရပ်ကွက်တချို့မှာ ကာလဝမ်းရောဂါသတိပေးချက် မိုက်နဲ့လိုက်အော်

မန္တလေးမြို့၊ မဟာအောင်မြေ၊ အောင်မြေသာစံနဲ့ ပုသိမ်ကြီးမြို့နယ်တွေက ရပ်ကွက်တချို့မှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးချက်ကို အောက်တိုဘာ ၂၇ ရက် မနေ့ညနေပိုင်းကစတင်ကာ လော်စပီကာနဲ့ လိုက်အော်နေတယ်လို့ မြို့ခံတွေဆီ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10