သတင်းတို

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သူတွေပါဝင်တဲ့ YRA ထီးလင်း အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

"သင်တန်းကို ၄၅ ရက်ပေးခဲ့တာပါ။ စစ်ကောင်စီက စစ်မှုထမ်းဖို့ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ဟာကို ရှောင်ရှားလာပြီး ဒေသကိုပြန်လာတဲ့လူငယ်တွေနဲ့ ကာကွယ်ရေးအဖွဲ့ထဲကိုမဝင်ရသေးတဲ့ လူငယ်တွေကျနော်တို့ PDF ထဲကိုဝင်လာတဲ့ သူတွေများပါတယ်"

စဉ့်ကူးမှာ စစ်ရှောင်နဲ့ဒေသခံပြည်သူ ၈၀၀၀ ကျော် ရေဘေးသင့်ပြီး အခက်အခဲမျိုးစုံကြုံနေရ (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ စစ်ရှောင်နေရာတွေမှာ ဇွန်လနှောင်းပိုင်းကစလို့ ဧရာဝတီမြစ်ရေ ကြီးလာတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေမှာ အခက်အခဲမျိုးစုံကြုံတွေ့နေကြရတယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ ဆီက သိရပါတယ်။

⁨ဘောလုံးကန်ပြီး ရေသောက်ဖို့ထိုင်နေစဥ် အမျိုးသား ၁ ဦးလဲကျသေဆုံး

"မောလို့ခဏနားပြီး ရေသောက်မယ်ဆိုလို့ တယောက်က ရေသွားဝယ်နေချိန်မှာဘဲ သူက လဲကျသွားတာ။ အရေးပေါ်ကားတွေကလည်း ချက်ချင်းခေါ်မရတာနဲ့ အသက် မမီလိုက်ဘူး"

ကသာနယ်က ရေဘေးသင့်တဲ့ ရွာ ၉ ရွာ အကူအညီလိုအပ်နေ

"ရေက လူအရပ်မြုပ်တယ်ဗျ။ အိမ်တွေကတော့ နိမ်တဲ့အိမ်တွေဆိုမြုပ်တယ်။ ဝါးကလေးတွေနဲ့ ဆောက်ထားတဲ့အိမ်တွေဆို ရေထဲမျှောပါသွားတယ်။ လူတွေကသွားလာလို့မရတော့ စားစရာတွေပြတ်နေကြပြီ"

ရေဘေးသင့်ပြည်သူတွေကို Monywa Nightking အဖွဲ့က ထမင်းကျွေးနေ (ရုပ်/သံ)

မုံရွာမြို့နယ်မှာ ဇူလိုင် ၇ ရက်ကစပြီး ချင်းတွင်းမြစ်ရေတက်ရာကနေတဆင့် ရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ရတာဖြစ်ပြီး Monywa Nightking အဖွဲ့နဲ့ နီးစပ်တဲ့ ရွာကရေဘေးသင့် ပြည်သူ ၃၀၀ အတွက် ညစာ ကြက်ဥကြော်၊ ပဲတီချဥ်၊ ပဲငပိငရုပ်သီးကြော်နဲ့ ထမင်းတနပ်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

ဆားလင်းကြီးမှာ ရေကြီးလို့ ကွမ်းခြံရာချီပျက်စီး

“ရေတအားဝသွားရင်(ရေများသွားရင်) ကွမ်းခြံက ပျက်တာပဲ။ မြုပ်တာကတော့ ခြံပေါင်းပြောမယ်ဆို ၅၀၀ ကျော် ၁,၀၀၀ လောက်တော့ မြုပ်နေတယ်။ မြစ်ကမ်နား တောက်လျှောက်တွေပေါ့။ (ဆားလင်းကြီးက) ကွမ်းခြံတော်တော် စိုက်ကြတယ်။”

အထက်တန်းကျောင်းသား ၄ ဦး ဆီဘောက်ဆာကားနဲ့တိုက်ခံရပြီး ဒဏ်ရာရ

"ကားက သူ့အရှေ့ကယာဥ်ကိုကျော်တက်ရာမှာ အရှိန်များပြီး ကလေးတွေရှိတဲ့ဘက်ခြမ်းကို ရောက်သွားတာ။ ကလေးတွေကလမ်းဘေးကနေ စက်ဘီးနင်းလာကြတာ။ ကလေးတယောက်ဆို ဆီဘောက်ဆာအောက်ထဲဝင်သွားပြီး ပါသွားတာ"

မန္တလေးမြို့ရှိ အထပ်မြင့်အဆောက်အဦနဲ့ စာသင်ကျောင်းတွေကို စစ်တပ်က တပ်စွဲပြီးခံစစ်ပြင်

"မန္တလေးဆိပ်ကမ်းမှာ ခရီးသည်တင်နဲ့ ကုန်တင်မော်တော်တွေကို ပြန်ပြီး စစ်ဆေးနေပြီ။ မှတ်ပုံတင်စစ်တယ်။ ဘယ်သွား၊ ဘာလုပ်မှာလဲမေးတယ်။ မသင်္ကာရင် ဖုန်းတောင်းစစ်တယ်။ စစ်သားတွေကို မဲလို့ ကြောက်စရာဗျာ"

ခန္တီးမြို့ရေကြီးမှုအတွင်း ဒေသခံ ၄ ဦး ရေနစ်သေဆုံးခဲ့

"မြို့မ ကတယောက်ဆို ရေကြီးနေချိန်အိမ်ပေါ်အိပ်နေရင်းက ရေထဲပြုတ်ကျပြီးဆုံးတာ။ သာစည်က သားအမိ ၂ ဦးဆိုလည်း မတော်တဆရေထဲကျပြီးဆုံးတာ။ ခုလောလောဆယ်ရေကတော့ပြန်ကျနေပြီ"

ပန်းတောင်းနယ်မှာ စစ်တပ်က လိုင်းကြေးယူပြီး ကျွန်းနဲ့သစ်မာတွေ ခိုးထုတ်ခွင့်ပြုထား

" ခုလိုမိုးအခါမှာတော့ သရဲတန်းချောင်းဖျားကနေ သစ်ဖောင်နဲ့ ခိုးထုတ်တယ်။ နွေဆိုရင်တော့ ကားတွေ တက်လို့ရတယ်။ ဖောကားပေါ့၊ အဲဒါမျိုး ထုတ်နေကြတာ။ ပထမတုန်းက ခုလောက်များများ မထုတ်ရဲဘူးလေ။ အဖမ်းအစီးကရှိတယ်။ ခုက စစ်တပ်နဲ့ ရဲ၊ သစ်တော ပေးရနေတော့ ပေါ်ပေါ်တင်တင်ပဲလုပ်နေကြတာ"

ရိက္ခာထွက်ရှာတဲ့စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး (ရုပ်/သံ)

"ဒီကောင်တွေ ငတ်ပြတ်ပြီး ရိက္ခာထွက်ရှာတာ။ ကျနော်တို့ မီတာ ၅၀လောက်နေ စောင့်ပြီး ပစ်တာ။ မိနစ် ၂၀ လောက်ပဲ ကြာတယ်၊ ၂၅ ယောက်ထဲက ၁ ကောင် နေရာမှာတင် ပွဲချင်းပြီးပြီးတော့ ၁ ကောင်ဒဏ်ရာရတယ်"

⁨ပေါက်ခေါင်း ကြို့ပင်ဝိုင်းအုပ်စုရဲ့ ၃ ဆက်မြောက်အုပ်ချုပ်ရေးမှူး ထပ်မံအသတ်ခံရ

“သူ(ကိုဝင်းနိုင်)တို့အဖွဲ့က (အပေါင်းအသင်း) ၆ ဦးရှိတယ်။ ခု ၃ ဦးသေပြီ။ သူတို့အားလုံးက သတင်းပေး ဒလန်တွေ လုပ်နေတာ။ ခုလည်း (သူတို့က)အုပ်ကြီးတဦးသေရင် တဦးတက်ပြီးလုပ်နေတာ။ ခုသေတဲ့ ဝင်းနိုင်ကလည်း ဘယ်သူ့ဂရုစိုက်ရမလဲဆိုပြီး အုပ်ချုပ်ရေးမှူးလုပ်လာလို့ ရှင်းခဲ့တာ။”

နတ်မောက်မြို့နယ်အတွင်း မိုးခေါင်လို့ နှမ်းခင်းတွေပျက်စီး

"မကွေးအရှေ့ဘက်ခြမ်းက အကုန်နီးပါးပဲ။ ခန့်မှန်ဧက သောင်းကျော်မယ်။ ပထမပိုင်းတော့ မိုးကရွာတယ်လေ။ နှမ်းတွေ အပွင့်ကပ်၊ အပင်လုပ်မဲ့အချိန်ရောက်မှ မိုးက ပြတ်တာ၊ လေမိုးခေါင်တာပေါ့။ အခုတော့ နှမ်းစိုက်တောင်သူတွေ အကုန်အခက်အခဲတွေ့ကုန်ပြီပေါ့။"

တပ်အပြောင်းအရွှေ့လုပ်ဖို့ထွက်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့  ၅ ဦးသေပြီး သေနတ် ၂ လက်ရ

“၅ မီတာကနေ ၁၀ မီတာအတွင်းတွေပဲ ပစ်ခတ်နေရတာဖြစ်တဲ့အတွက် အရာရှိကားရဲ့ နောက်ခြမ်းကနေပစ်နေတဲ့ စကစ ၂ ဦးကိုလည်း ပစ်ခတ်နိုင်ခဲ့တယ်။ ၅ ဦးသေဆုံးတာကတော့ မျက်မြင်ပဲ။ ကားရဲ့ဘေးမှာ လဲနေတဲ့ စကစရဲ့ အလောင်းတွေရှိတယ်။ သေနတ်သွားယူတဲ့ ရဲဘော်တွေဘက်ခြမ်းမှာလည်း စကစတွေ သေဆုံးနေတာ ရှိတယ်။”

ချောင်းဦးမှာ ကြေးနီကားတွေကို လုံခြုံရေးပေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းရှိ ခင်မွန်ရွာ ဘက်စုံခြံအနီးမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10