သတင်းတို

နတ်မောက်က ကျေးရွာပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ကျေးရွာအနီးယာခင်းထဲမှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ နတ်မောက်မြို့နယ်ပကဖထံက သိရပါတယ်။

ပြန်မချစ်လို့ဆိုကာ မိန်းကလေးကို သေနတ်နဲ့ပစ်သတ်တဲ့ ရဲဘော်ကို NUG ကထောင်ဒဏ် ၁၀ နှစ်ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာက မယုမွန်ထက်ကို နေအိမ်ထဲထိဝင်ကာ သေနတ်နဲ့ ပစ်သတ်ခဲ့သူ ဝက်လက်တပ်ရင်း ၂၊ တပ်ခွဲ ၁ က ဒုတပ်ခွဲမှူးပြည့်ထွန်းနိုင် (ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးမီးရှို့ခံနေရတဲ့ ဘုတလင်က စစ်ရှောင်တွေ အကူအညီလိုအပ်နေ

" ကန်ဇွန်းရွက်ခူးပြီး ချက်စားတယ်။ ဂေါ်ရခါးသီးကြော်၊ ဗူးသီးတို့၊ ခရမ်းသီးတို့ချက်စားကြတယ်။ အသားငါးဟင်းက အလှူရှင်ရှိရင်စားရတယ်"

တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရပြီးတဲ့နောက် မြို့ခံတွေဆက်တိုက်ဖမ်းဆီးခံနေရ ■မီးသပိတ်လုပ်တဲ့ အမျိုးသမီးနဲ့ Tik Tok ကနေစစ်မှုထမ်းကိစ္စဝေဖန်သူတို့လည်းဖမ်းခံရ

"ဧရာထွန်းတိုက်ခန်းမှာ အဆောင် ၂ မှာနေတဲ့လူ။ တော်တော်လေးရိုက်နှက်သွားတာပဲ။ အော်သံတွေကြားရပေမယ့်ထွက်မကြည့်ရဲလို့ မကြည့်လိုက်ရဘူး "

ရန်ဖြစ်စဉ် သေနတ်ကျည်ထွက်ကာ အရပ်သားတွေကိုထိခိုက်စေခဲ့တဲ့ ရဲဘော် ၂ ဦးကို စစ်ခုံရုံးဖွဲ့ပြီး ထိန်းသိမ်းစစ်ဆေးနေ

“ ရန်ဖြစ်နေတဲ့ ရဲဘော်ကချက်ချင်း "အဲ့လိုမလုပ်နဲ့ဟေ့ ဒါသေနတ်မလုပ်ရဘူး" ဆိုပြီးတော့ သေနတ်ကို သွားပြီးတော့ အုပ်ချလိုက်တာပေါ့၊ ဟိုက ခလုတ်မောင်းက ဆွဲလက်စနဲ့တခါတည်းခိုက်မိပြီးတော့ (ခြေထောက်)အောက်ပိုင်းတွေကို သွားထိတာ။”

၅နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့် နှိပ်စက်ခဲ့တဲ့ အမှုကို သက်သေလိုက်ပေးမယ့်သူတွေခြိမ်းခြောက်ခံနေရ ■သက်သေထွက်ဆိုသူတွေမရှိရင် အမှုအားနည်းပြီး တရားစွဲနိုင်ခြေလျော့နိုင်

"သက်သေ သွားထွက်ရဲရင်ထွက်ကြည့် အပြင်ထွက်တာနဲ့ ဓားနဲ့ခုတ်မယ်ဆိုပြီးခြိမ်းခြောက်တာ။ အဲ့လိုဆိုတော့ ကြောက်နေကြတယ်။ ဒီရက်ပိုင်းထဲသူတို့ကသက်သေထွက်ရတော့မှာ"

မကွေးမှာ ဆိုင်ကယ်စီးလူငယ်အမျိုးသား ၁ ဦး ကားတိုက်ခံရလို့သေဆုံးခဲ့ပြီး ကားသမား မောင်းပြေး

" ညပိုင်း အဲ့နေရာလူပြတ်နေတော့ မျက်မြင်သက်သေမရှိတော့ ဘယ်လိုပုံတိုက်တယ်ဆိုတာ မသိရသေးဘူး။ လက်ရှိတော့ CCTV တွေလိုက်ကြည့်နေတယ်။"

ဆေးရုံဆင်းလူနာကိုကြိုပြီးပြန်လာတဲ့ဆိုင်ကယ်နဲ့ ကုန်တင်တွဲကားတိုက်မိလို့ ၂ ဦးသေဆုံး

" မျက်နှာချင်းဆိုင်ကြုံး(တိုက်)ပစ်တာ။ ကားက့လမ်းထဲမှာရှိနေတာ။ သူတို့(ဆိုင်ကယ်)ယိုင်ထိုးပြီး ဝင်လာတာကိုမြင်လို့ပဲလား ကားကဘရိတ်ဆွဲထားရာတွေလည်းတွေ့တယ်။ ကားကလမ်းကြောင်း မှန်တယ်။ ဆိုင်ကယ်ကဝင်တိုက်သွားတာ "

ယောဒေသက စစ်ရှောင် ၄၀၀ ကျော်ကို YPDF က အခမဲ့ဆေးကုသပေး (ရုပ်/သံ)

အောက်တိုဘာ ၁ ရက်မှ၂၁ ရက်အထိ စစ်ရှောင်ပြည်သူဦးရေ ၄၀၀ ကျော်ကို အခမဲ့ဆေးကုသပေးခဲ့ပြီး သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေကို ဆေးကုသပေးရတာ ပိုမိုများပြားတယ်လို့ ဆေးကုသရာမှာပါဝင်တဲ့ CDM သူနာပြုဆရာမတဦးက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို လုံခြုံရေးယူတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

"သူတို့က ကျောက်ကြီးဘက်ကနေ သန်းခေါင်စာရင်းအဖွဲ့နဲ့အတူ သန်းခေါင်စာရင်းကောက်ပြီ ပြန်လာတာ။ နောက်နေ့ဆက်ကောက်ဖို့ နယ်မြေရှင်းလင်းတာ။ အဲ့မှာ ၅ နာရီ ၁၅ လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ"

PDF နယ်မြေကို ကင်းလာထောက်တဲ့ ပျူအဖွဲ့ဝင် ၁ ဦး ဖမ်းခံရ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက ပျူစောထီး ၁ ဦးဟာ ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေအနေကို ကင်းထောက်ဖို့လာရင်း အောက်တိုဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ထီးလင်းမှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ အမျိုသမီး ၁ ဦး သေပြီး ပြည်သူ ၄ ဦးဒဏ်ရာရ

“စာသင်ကျောင်းကို ဦးတည်ပြီးပစ်တယ်။ စာသင်ကျောင်းကို မကျတဲ့ဟာတွေက လယ်ကွင်းတွေ၊ အဲဒီနားက အဝေးပြေးလမ်းဆုံတခုရှိတယ်၊ အဲဒီနားတွေကျကုန်တာ။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေရဲ့အခြေနေတွေကိုတော့ လောလောဆယ်မသိရသေးဘူး”

ပျူစောထီးဖွဲ့ဖို့လုပ်နေသူ ၂ ဦး ပစ်သတ်ခံရ၊ ဒလန်ဆိုသူ ၁ ဦးကိုလည်း နတ်မောက် PDF ဖမ်းဆီးစစ်ဆေးနေ

"အိမ်တွေကို ဝိုင်းပြီးပိတ်ပြီးမှ ၁ ယောက်ကို ၃ ချက်စီပစ်ခဲ့တယ်။ ရင်ဘတ်တွေခေါင်းတွေကို။ ကိုတင်ထွန်းဆိုသူက ဓားနဲ့ဆွဲလာပြီး ဆဲဆိုတာတွေရှိတယ်။ "

ကျည်ဆန်မလုံလောက်တဲ့အတွက် ၁ လကျော်ကြာသိမ်းထားတဲ့ ငါန်းမြာကြီးကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရ

“သူတို့ (စစ်ကောင်စီ) ငါန်းမြာကြီးဘက်ကို ထွက်လာတဲ့အချိန် ကျနော်တို့ ကြားဖြတ်တိုက်သေးတယ်၊ မရဘူး။ ကျည်ကလည်း နည်းသွားတယ်။ အဲနေ့ကတိုက်တာ ရဲဘော် ၁ ယောက်ဆီမှာ ကျည်ကတဘောက်စာလောက်ပဲရှိ တော့တယ်။ အဲဒါကြောင့် ဆုတ်ခဲ့လိုက်ရတာ။”

ကြို့ပင်ကောက်က လူငယ် ၂၅ ဦး စစ်တပ်က အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပို့

"ကြို့ပင်ကောက်ရဲစခန်းမှာ ဖမ်းထားပြီး ကလေးက တညအိပ်လိုက်ရတယ်။ နောက်တရက် မနက် ၉ နာရီ လောက် အတွေ့ခံမယ်ဆိုလို့ ညှိမယ်ပေါ့။ ငွေဖြင့်ငွေ လူစားထိုးမယ်ဆိုလည်း ထိုးမယ်လို့ သူတို့က ပြောလွှတ်လိုက်လို့ အေးရာအေးကြောင်း ပြန်လာကြတယ်။ ညှိလို့ရမယ်ဘဲထင်တာ။ မနက်လောက်ကျတော့ ထသွားတော့ ကလေးတွေကို ကားတွေနဲ့ခေါ်သွားပြီးဆိုတာသိရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10