သတင်းတို

တောင်ငူမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ အဖွားအို ၁ ဦးဒဏ်ရာရ

"သူ့မိသားစုလေးယောက်နဲ့အတူ ငှက်ပျောခြံကနေ ၇ မိုင်ရွာကနေအိမ်ကို လမ်းလျှောက်ပြန်လာတာ။ သူက အရှေ့ဆုံးက လမ်းလျှောက်တာဆိုတော့ လက်နက်ကြီးက သူ့အရှေ့လာကျတာ။ သူတယောက်ပဲ ထိသွားတာ"

ရခိုင်မှာ အလင်းဝင်လာတဲ့ နယ်ခြားစောင့်ရဲ ၂ ဦး အညာဒေသမှာ စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

"သူတို့က စကစက အလင်းဝင်ရင် PDF တွေက သတ်တယ်လို့ဝါဒဖြန့်နေတယ်တဲ့ တပ်ထဲမှာ။ အဲ့ဒါကြောင့်တွေးပြီး ကြောက်နေတာ။ အခုတော့ ကျနော်တို့ရဲဘော်တွေက တကယ့် ရဲဘော်ရဲဘက်တွေလိုဆက်ဆံတော့ သူတို့ဝမ်းသာနေကြတယ်"

ဟာသထူးချွန်ဆုရ မြင့်မြတ်နဲ့ခင်လှိုင်ကို စစ်ကောင်စီဒုဝန်ကြီး ဇော်မင်းထွန်း ဆုပေး

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်၊ MICC 1 ခန်းမမှာ ဟာသပညာရှင်များအစည်းအရုံးက ဦးဆောင်ကာ ဟာသပညာရှင်ထူးချွန်ဆုပေးပွဲနဲ့ သက်ကြီးဟာသပညာရှင်ကန်တော့ပွဲကို ဇူလိုင် ၇ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်နဲ့အရာတော်မှာ ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်အဖြစ် သပိတ်ပြုလုပ်

“ဆိုင်ကယ်သပိတ်ကတော့ ဆိုင်ကယ်အစီးရေ ၃၀ ကျော်ပါ၊ ထိုင်သပိတ်မှာကတော့ လူ ၂၀၀ ကျော် ပါဝင်ပါတယ်။”

စာသင်ကျောင်းမှာကင်းစောင့်နေတဲ့ စစ်သားနဲ့ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

"ကျောင်းအပြင်မှာ ကင်းထွက်စောင့်နေတဲ့ ၃ ယောက်ကိုပစ်ခဲ့တာပါ။ စစ်သား ၁ ယောက်နဲ့ပျူ ၁ ယောက်သေတယ်။ ၁ ယောက်က ထွက်ပြေးသွားတယ်။ လက်နက်တွေ မရခဲ့ပါဘူး"

ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကျောင်းသားတပ် ABSDF ကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF Column 3 က ဇူလိုင် ၇ ရက် ဒီကနေ့မှာကျရောက်တဲ့ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ခြင်းအခမ်းအနားကို တပ်ရင်း ၁၂၊ ယောဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးရွာထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုစခန်း တိုက်ခိုက်ခံရ နေအိမ်တချို့ မီးလောင်ပျက်စီး (ရုပ်/သံ)

အဆိုပါ စခန်းရှိတဲ့ရွာဟာ ပျူစောထီးတွေနေတဲ့ တပ်ကုန်းရွာသစ်ရွာလို့ သိရကာ ကာကွယ်ရေးတပ်ဖွဲတွေက ဇူလိုင် ၆ ရက် မနက် ၁၀ နာနာရီကနေ ညနေ ၆ နာရီအထိ ဒရုန်း၊ ရော့ကက်၊ ၆၀ မမ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

မတ္တရာမှာ လေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး၊ ကလေးငယ် ၂ ဦးအပါ ၅ ဦး ဒဏ်ရာရ

“ သေဆုံးသူအမျိုးသမီးက သဖန်းကိုင်းကျေးရွာကနေ နီးစပ်ရာအမျိုးတွေဆီ လာတိမ်းရှောင်တာပါ။ အမျိုးသမီးက ရေချိုးနေချိန် တခါတည်း သေဆုံးပါတယ်။ သူမရဲ့သားက ဘယ်ဘက်ခြေသလုံးနဲ့ ဘယ်ဘက်မျက်လုံးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရပါတယ်”

ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကျောင်းသားတပ် ABSDF ကျင်းပ (Photo News)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF Column 3 က ဇူလိုင် ၇ ရက် ဒီကနေ့မှာကျရောက်တဲ့ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ခြင်းအခမ်းအနားကို တပ်ရင်း ၁၂၊ ယောဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပန်းတောင်းမှာ မိုးစပါးစတင်စိုက်ပျိုးကာလ မိုးမရွာလို့ တောင်သူတွေ အခက်တွေ့နေ

” မိုးမရွာတာ ရက် ၂၀ ကျော်နေပြီ။ တမြို့နယ်လုံးကို မရွာတာ။ ကျနော်တို့ စပါးခင်းကြဲခင်းတွေဆိုတော့ စပါးပင်သက်ကလည်း သုံးပတ်ကျော်နေပြီ။ စိုက်ခင်းထဲမှာ ‌ရေမရှိလို့ မြေဆီပက် (ဓါတ်မြေဩဇာထည့်သွင်းခြင်း)လို့ မရဘူး”

မင်းကွန်းရဲစခန်းထဲက စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေ ဒဏ်ရာရသူများပြား (ရုပ်/သံ)

"ကျနော်တို့ စခန်းကိုသိမ်းဖို့အထိ ရည်မှန်းချက်နဲ့ ဝင်တိုက်ခဲ့တာ။ စခန်းသိမ်းဖို့ဟာက မအောင်မြင်ခဲ့ဘူး။ စစ်ကောင်စီဘက်က အရှေ့ဘက်က နန်းတော်ကျွန်းနဲ့ သုံးဆယ်ပြည့်တွေဘက်က ပစ်ကူပေးတယ်။ ပြီးတော့လေကြောင်းကနေ ပစ်ကူပေးဖို့ခေါ်တယ်လို့ ကြားတာကြောင့် ကျနော်တို့ပြန်ဆုတ်ခဲ့ရတယ်။"

ကျောက်တံခါးနဲ့ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးသေဆုံး

"စကစလက်နက်ကြီးက နေအိမ်ပေါ်ကျတော့ နေအိမ်ပေါ်ရှိနေတဲ့ မိသားစု ၆ ဦးထဲမှာ အဖေအမေသေပြီး ကလေးတွေက ဒဏ်ရာပြင်းဒဏ်ရာသွားတယ်။ အိမ်လည်းသုံးစားမရအောင်ပျက်စီးသွားတယ်"

ဒုတိယပိုင်း ၁၀၂၇ မှာ မတ္တရာက စစ်တပ်စခန်း ၂၅ ခုကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထား

လက်ရှိ မတ္တရာမြို့နယ်ထဲက စခန်းသာ၊ ကျောက်မဏ္ဍပ်၊ စပါးကျည်တောင်၊ ကျောက်ကြမ်းတောင်၊ ငွေပုထိုး၊ ရှင်မတောင်၊ နဂါးပတ်၊ နွားခြံကုန်း၊ ဝန်တင်ကုန်း၊ လက်သန်းတောင်၊ ခြေတော်ရာ၊ ကိုရင်လေးတောင်၊ ကင်းရွာ၊ ဆည်တော်လမ်းခွဲ၊ ရေနံ့သာ တိုးဂိတ်၊ ရေနံ့သာရဲစခန်း၊ နပတ်လည်အင်းစခန်း အပါအဝင် စစ်ကောင်စီစခန်း ၂၅ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘော ၂ စီး စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

"စနိုက်ပါနဲ့ ပစ်ခတ်တာက ၂ ကောင်သေတယ်၊ ရှေ့တစီးမှာ ၁ ဦးသေပြီး နောက်တစီးက ၁ ဦးသေပါတယ်"

ခလရ ၂၅၆ တပ်ထဲကို ဒရုန်းဗုံးချပစ်ခတ်လို့ စစ်သား ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ

“ကျနော်တို့ သွားရောက်ပစ်ခတ်ချိန်မှာ သူတို့ဘက်ကပြန်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပြန်ပစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ဘူး။ **တွေပစ်ချလိုက်လို့ ဒရုန်းတစီးတော့ ဆုံးရှုံးသွားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10