စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးတဦးသေဆုံးကာ တဦးဒဏ်ရာရ
"သားအမိနှစ်ဦးဖြစ်ပုံရတယ်ဗျ။ အသက်ကြီးအမျိုးသမီးကတော့ သေဆုံးသွားပါပြီ။ တယောက်ကိုတော့ ဆေးကုသပေးနေပါတယ်"
"သားအမိနှစ်ဦးဖြစ်ပုံရတယ်ဗျ။ အသက်ကြီးအမျိုးသမီးကတော့ သေဆုံးသွားပါပြီ။ တယောက်ကိုတော့ ဆေးကုသပေးနေပါတယ်"
“သူတို့ သတင်းရလို့ဝင်စီးတဲ့ပုံစံမျိုးနေမှာ။ ရဲဘော် ၄ ယောက်ကျတယ်၊ သေ နတ် ၂ လက်ပါသွားတယ်။ အဲ့လောက်ပဲ သိရသေးတယ်။ လျှပ်တပြတ်ဝင်စီးတာ။ ပြန်ခံပစ်တဲ့ရဲဘော်တွေက ကျသွားတဲ့ အနေအထားမျိုးပေါ့”
"မနေ့က လေယာဥ်တွေနဲ့ ဆယ်ခေါက်ကျော်တယ်။ ဗုံးကြဲပြီး ညပိုင်းမှာ အသံငြိမ်သွားတယ်။ စခန်းရပြီ၊ ဗိုလ်တွေလည်း ထွက်ပြေးတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် စစ်ဆေးဖို့ ဆိုပြီးလမ်းတွေတော့ အကုန်ပိတ်ထားတုန်းပဲ။ အခြေအနေတော့ နည်းနည်းကောင်းသွားပြီ "
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၂ ရက်မှာ အာဟာရဒါနကျွေးမွေးခဲ့ပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပါ ထောက်ပံ့ပေးခဲ့တယ်လို့ Yu&Tulip Foundation အဖွဲ့ဆီက သိရပါတယ်။
"ရေတင်စက် ကြိုးကပေါက်နေပြီး သွပ်ပြားနဲ့ထိနေတာ။ မိုးကလည်း ရွာထားချိန်ဆိုတော့ ရေတွေကလည်းရှိနေတာ။ ကိုရင်ကလည်း ကြိုးပေါက်နေတာကိုမသိဘဲ သွပ်ပြားပေါ် သွားရပ်မိတာကနေ ဓာတ်လိုက်သွားတာ"
ဇူလိုင် ၃ ရက် ဒီကနေ့မှာကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့အတွက် အကြိုပွဲအဖြစ် ဝတ်စားဆင်ယင်မှုပြပွဲနဲ့ ပဒေသာကပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲကို စစ်ကောင်စီလက်အောက်အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကအဖြစ်တာဝန်ယူထားသူ စစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်တက်ရောက်ခဲ့တာပါ။
"သူအိမ်မှာသွားရှင်းတာ။ သူကျနော်တို့ကိုမြင်တာနဲ့ ယာခင်းဘက်ကို ထွက်ပြေးတာ။ လိုက်လံ ပစ်ခတ် ရှင်းလင်းခဲ့ရတာ။ ၇ ချက်လောက်ပစ်ခဲ့တယ်" လို့ အာဠာဝကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကိုပေတ က ပြောပါတယ်။
"မနေ့က ၁၂ ဘီးကားတွေ၊ စစ်ကားတွေနဲ့တရွာမှာ ၅ ယောက်ကနေ ၁၀ ယောက်လောက်ထိ လိုက်ချတာရှိတယ်။ ကျနော်တို့ဘက်ခြမ်းတောင် တက်လာတယ်လို့သတင်းရလို့ တိုက်ဖို့စောင့်နေကြသေးတယ်။ ဒါပေမယ့် မရောက်လာကြဘူး"
ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်နယ် ၂ အဖွဲ့ဝင်တွေ၊ ပုံတောင် Tiger PDF ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်တို့မှာ လမ်းပိုင်းအရှည် ၆ မိုင်ခန့်ကို ပြုပြင်ခဲ့တာလို့ ဆိုပါတယ်။
“အောင်သာရွာရဲ့ အနိမ့်ပိုင်းတွေ ချင်းတွင်းမြစ်ရေဝင်နေပါပြီ။ ရေတံခါး နှစ်ခုလုံးလည်း ရေဝင်နေပါပြီ။ စိုးရိမ်ရေမှတ်လည်း ကျော်ပြီလို့ သိရပါတယ်။ အနောက်ဘက်က အင်းရေ အတက်မြန်တော့မှာမို့ ခန္တီးစျေးနဲ့ အနိမ့်ပိုင်းတွေ ကြိုတင်သိမ်းဆည်းပြင်ဆင်ကြဖို့ အသိပေးအပ်ပါတယ်။”
“၂၄ နာရီ မီးဖြတ်လိုက်တာ တအားခက်ခဲတယ်။ စားဝတ်နေရေးကအစ ကသီတယ်။ စစ်ကောင်စီက ဖြတ်လို့ ပြတ်တယ်ဆိုရင် သူတို့က နဂိုထဲကမှ ပြည်သူကို စေတနာမရှိတာမို့ အမတို့က ခံသာပါတယ်။ ခုက တော်လှန်ရေး အင်အားစုက ဘာလို့ဖြတ်တာလဲ၊ နားကို မလည်နိုင်ဘူး။”
စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်း တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၆၀ ကို ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က နေကြာဆီတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
" ကားလမ်းပေါ်မှာတိုက်ပွဲဖြစ်တော့ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ထိတွေ့မှုက ၁၀ မိနစ်လောက်ပဲကြာတယ်။ စစ်တပ်ဘက်က ဗိုလ်အဆင့် ၁ ယောက်နဲ့ ရဲ ၂ ယောက်သေတာ အတည်ပြုနိုင်ပါတယ်"
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army က ရဲဘော်တွေရဲ့ အမှတ်စဉ် ၄ စစ်သင်တန်းဆင်းပွဲကို ဇွန် ၃၀ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ဇွန် ၃၀ ရက် မနက်က ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ ဦးဆောင်ရာမှာ ပါဝင်တဲ့ ဓါးမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းက ပြောပါတယ်။