ဝင်ငွေ နဲ့ ကုန်ဈေးနှုန်း မမျှတမှု ပြည်သူတွေ အလူးအလဲခံနေရ (ရုပ်/သံ)
ကျေးလက်ဒေသက လယ်၊ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကိုယ်ပိုင်လုပ်နေကြတဲ့ တောင်သူတွေမှာလဲ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ကောက်ပဲသီးနှံက ပြန်ရတဲ့ဝင်ငွေနဲ့ မရပ်တည်နိုင်ကြပဲ နှစ်စဉ်စိုက်ပျိုးစရိတ်အကြွေးတင်နေကြရသလို၊ လယ်ယာလုပ်ငန်းခွင်တွေဝင် လုပ်ကိုင်နေရတဲ့ လုပ်သားတွေဆိုရင်လဲ အလုပ်အကိုင်ကရှားပါးတော့ ရရာအလုပ်မှာ ရရာဝင်ငွေနဲ့လုပ်ကိုင်နေရတဲ့အခြေအနေမို့ နေစဉ်ထမင်းနပ်မှန်ဖို့အတွက် မနဲရုန်းကန်နေကြရပါတယ်