အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်သားရှားပါးမှုကြောင့် နိုင်ငံစီးပွါးရေးကျဆင်းမှုကို ကြီးမားစွာကြုံတွေ့
တနိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းကစလို့ ယနေ့အထိ လုပ်ငန်းခွင် အသီးသီးမှာ လုပ်သားရှားပါးမှုပြဿနာတွေ ကြီးမားစွာကြုံတွေ့နေရသလို အလုပ်အကိုင်ရှားပါးမှုဟာလဲ ပိုမိုဆိုးရွားလာပြီး ပြည်သူလူထုကြားမှာ ခိုးမှု၊လုယက်မှု စတာတွေအပြင် ဓါးပြတိုက်မှု ဖြစ်စဉ်တွေ မကြာခဏဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတဲ့အခြေအနေကို ပြည်သူတွေရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။