ဆူးရွက်ဝါ

ဘုတလင်မြို့ မီးသတ်ဦးစီးဌာနက ဝန်ထမ်း ၂၀ ခန့်ကို ပကဖက ဖမ်းဆီးပြီး မီးသတ်ကား ၂ စီးပါယူဆောင်နိုင်ခဲ့

"သူတို့(မီးသတ်)က Non-CDM တွေဖြစ်လို့ ဖမ်းဆီးခဲ့တာ။ အခုတော့ အကုန်လုံးကို လွတ်မြောက်နေရာကို ပို့ဆောင်ထားလိုက်ပြီ။ ဒီအထဲက ၂ ယောက် ထွက်ပြေးသွားတယ်လို့ ကြားရပေမယ့် အတည်ပြုလို့ မရသေးဘူး"

စစ်ကောင်စီ ဝင်ငွေဖြတ်တောက်ဖို့ ပဲခူးရိုးမပေါ်ကို ကုန်တင်ယာ​ဉ်တက်ရောက်ခွင့် PDF ပိတ်ပင်

"အဓိကက ဆိုင်ကယ်နဲ့ အိမ်စီးကားကလွဲရင် ၆ ဘီး၊ ၁၂ဘီးအကုန်ပါတယ်။ ဒီကုန်ကားတွေ မီးသွေး၊ သစ်မှောင်ခိုကားတွေပေါ့။ ဒီနယ်ရဲ့ စကစ ဝင်ငွေလမ်းကြောင်းက ဒါတွေကအဓိကဖြစ်နေတာ"

စကျင်မြို့ပေါ် တောကြီးမြွေပွေးအဖွဲ့ လှည့်လည်ပြီးနောက် စစ်ကောင်စီက အလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေး

"စကျင်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကား ၇ စီးနဲ့ မနက်၄နာရီကျော်မှာ ဝင်လာပြီး တပ်စွဲထားသလို အဲ့ဒီစစ်ကြောင်းက အင်အားခွဲပြီးတော့ စကျင်ရွာရဲ့မြောက်ဘက်မှာရှိတဲ့ မြွေပုံကန်ရွာအနီးက တောင်တန်းမှာလည်း တပ်စွဲထားပါတယ်။"

စစ်ကောင်စီတပ်စွဲထားပြီး ပျူအားကောင်းတဲ့ ကနီရွာ တိုက်ခိုက်ခံရလို့ ၅ ဦးသေ ၄၅ ဦး ဒဏ်ရာရဟုဆို

"မြိုင်မြို့နယ်ထဲက ကနီပျူရွာကို တိိုက်ခိုက်ခဲ့တာပါခင်ဗျ။ အိမ်ခြေ ၅၀၀ ရှိပြီး ပျူနဲ့စစ်ကောင်စီတပ်တို့ ရောနှောနေထိုင်တဲ့ရွာဖြစ်လို့ အင်အားတော့ အတော်ကြီးတယ်လို့"

ပြည်ထဲရေးဝန်ကြီး အဖြစ် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်ကိုခန့်အပ်၊ ကာကွယ်ရေးဝန်ကြီးနေရာကိုလည်း ပြောင်းလဲ

ပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးနေရာကို ရွှေပြောင်းလိုက်ပြီး ယခင်ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်တယ်လို့ ဖော်ပြပါတယ်။

မြောင်မှာ အမျိုးသားတဦးကို စစ်တပ်က မီးရှို့သတ်ခဲ့

"ဘယ်ရွာကလည်းဆိုတာ မသိရသေးဘူး။ သနပ်ကုန်းကို စစ်ကြောင်း၀င်တုန်းမှာ လူနှစ်ယောက်က ဆိုင်ကယ်စီးလာတာနဲ့ ကြုံတာ။ ဖမ်းဆီးပြီး မီးရှို့သွားတာ။ ဘယ်သူမှန်း သေချာမသိရတော့ဘူး။ ခုထိ စုံစမ်းမရသေးဘူး။ တယောက်ကိုတော့ ကျောက်ရစ်စခန်းကို ခေါ်သွားတယ်" လို့ မြောင်မြို့နယ် CDSOM တပ်ဖွဲ့ခေါင်းဆောင် ကိုနွေဦးက မြေလတ်အသံကို ပြောပါတယ်။

နတ်တလင်း တောင်ညိုဆည်စက်လှေဆိပ်က ဆက်ကြေးကောက်တဲ့ စစ်ကောင်စီတပ် ဗုံးပစ်လောင်ချာနဲ့ ပစ်ခံရ

"အောင်သုခစက်လှေဆိပ်က စကစ စခန်းကို MRF ရဲဘော်တွေ ဗုံးပစ်လောင်ချာနဲ့ သွားပစ်တာ အထိအခိုက်တွေရှိတယ်။ သေချာတော့ သတင်းအတိအကျ မရသေးဘူး ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ တပ်ကတော့ တပ်မ ၆၆ အောက်ကပါပဲ ဒီစခန်းက ကြာပါပြီ ဟိုးကတည်းကအခြေချတဲ့စခန်းပါ ပြောရရင် လှေဆိပ်မှာထိုင်ပြီး ပိတ်ဆို့တဲ့ဂိတ်ပေါ့ အဲဒီကကောင်တွေက အောင်သုခဘုန်းကြီးကျောင်းမှာ ဟိုးကတည်းက နေကြတာ" လို့ နတ်တလင်း MRF PDF တပ်ဖွဲ့ တာ ၀န်ရှိသူတစ်ဦးက မြေလတ်အသံကို ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းနဲ့ ထောက်လှမ်းရေး ၁၆ ရုံး တိုက်ခိုက်ခံရ

"ဒီနေ့ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်မယ်ဆိုပြီး ချွေးသိပ်ဟန်ပြတာမျိုးကို လက်မခံဘူးဆိုတာက တကြောင်း၊ ကျနော်တို့ UG တွေ အထောက်ပံ့သာကောင်းကောင်းရရင် ဘယ်လောက်လုပ်နိုင်တယ် ဆိုတဲ့အကြောင်းနဲ့ အချိန်မကျသေးလို့ မလုပ်သေးဘူးဆိုတာကိုပြသရင်း စစ်ရေးအရ ခြိမ်းခြောက်မှုတခု လုပ်ဆောင်ခဲ့တာ"

ကောလင်းထွေအုပ်ရုံးက စစ်သား ၃ ဦး လက်နက်နဲ့ထွက်​ပြေးပြီးနောက် စစ်တပ်က ရွာတွေကို စစ်​ကြောင်းထိုးမှုများလာ

"စစ်သား​တွေ ထွက်​ပြေးတာက ကြာပြီ။ နှစ်ပတ်​လောက်​တောင်ရှိ​တော့မယ်။ အခုမှအထက်က​ သူတို့​ပြေးတာသိပြီး အ​ရှေ့ခြမ်းကရွာ​တွေကို စစ်​ကြောင်းထိုး​တော့တာပဲ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10