ဆူးရွက်ဝါ

အရာတော်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေအပါအ၀င် PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ

"စစ်တပ်က PDF တွေရဲ့ အ၀တ်တွေ၀တ်ပြီး ရွာထဲ၀င်တာ။ ပြီးရင် ဆက်ကြေးကောက်တယ်။ ဖမ်းတယ်။ ပြီးရင် PDF တွေလုပ်ပါတယ်ဆိုပြီး အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်တယ်။ PDF တပ်ဖွဲ့တွေရဲ့ စခန်းကိုစီးပြီဆိုရင် ယူနီဖောင်းတွေအရင်ယူတာ။ အဲဒီကနေရကြတယ် ထင်တယ်။ သူတို့ထဲမှာ မိန်းမတွေလည်းပါတယ်" လို့ အရာတော်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နေပြည်တော်နယ်မြေအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးဒဏ်ရာရ

"ဒေသခံတွေဆီကနေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန်မှာ တိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေ ဆိုင်ကယ်တွေထားခဲ့ပြီး ကာပစ် ပစ်ပြီး ထွက်ပြေးသွားတယ်။ ထိတွေ့မှုဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းရေး လုပ်ပြီးမှ ပြန်တာပါ"

ယမားချောင်းတံတားပေါ်မှာ လူအစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း ကနီနယ်မှာ တိုက်ခိုက်ခံရ

အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ယင်းမာပင်ဘက်မှ ကနီနယ်ကို ဩဂုတ် ၁၇ ရက်နေ့ကစတင်ပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ ၀င်ရောက်လာတာဖြစ်ပြီး ကျောက်ကုန်းရွာနဲ့ နွားခြံကုန်းရွာတွေအနီးမှာ ၂ ရက်ဆက်တိုက် ပိတ်‌ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘုတလင်မြို့‌က စစ်တပ် တပ်စွဲထားတဲ့ထွေအုပ်ရုံးနဲ့ စုပေါင်းရုံးကို ဒရုန်းနဲ့ဗုံးကြဲ

"ဘုတလင်နယ်မှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုး ဒုက္ခပေးနေတာကြောင့် မြို့ပေါ်မှာရှိတဲ့ သူတို့(စကစ)တပ်စွဲထားတဲ့နေရာကို သွားတိုက်ခိုက်တာပါ။ အဲ့ဒီဒေသတွင်း အဖွဲ့က အကူအညီတောင်း လှမ်းခေါ်တာပေါ့"

အုတ်ဖို ခမရ ၆ တပ်မှာ တပ်သားက သေနတ်ကျည်ရှင်းစဉ် မှားယွင်းပစ်ခတ်မိလို့  ဗိုလ်ကြီးတဦး ကျည်ထိမှန်သေဆုံး

"တပ်ခွဲမှူးက တပ်သားကိုသေနတ်တွေ ကျည်ရှင်းခိုင်းတာ။ ကျည်ရှင်းပြီးချထားတဲ့ သေနတ်နဲ့ ကျည်ရှိနေတဲ့ သေနတ်မှားပြီးတော့ ကျည်မရှိဘူးအထင်နဲ့ စမ်းသပ်ပစ်တဲ့အချိန်မှာ တပ်ခွဲမှူးကို ပစ်မိသွားတာ။ တပ်ခွဲမှူးရဲ့ လည်ပင်းကိုမှန်တာပါ။ ခုတော့ တပ်သားလည်းအချုပ်ထဲမှာပါ။ စစ်ဆေးနေတုန်းပါ" လို့ ခမရ ၆ နဲ့ နီးစပ်တဲ့ တပ်တွင်းသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

အကျဉ်းသားတွေကို ၁၂ ဘီးကားနဲ့ထောင်ပြောင်းဖို့လာတဲ့လမ်းမှာ မိုင်း ၂ ကြိမ်ဆွဲခံရလို့ နိုင်/ကျဉ်း ၁ ဦး သေဆုံး

"ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ နိုင်ငံရေးအမှုနဲ့ နှစ်ကြီးကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါတယ်။ သံခြေချင်းတွေ ၂ ယောက်တတွဲခတ်ထားပြီး ခေါ်လာတာဆိုတော့ တယောက်ထိရင် နောက်တယောက်ပါ ထိတာပေါ့။ ဒေါက်တာဇော်ထွယ်အောင်ကတော့ ဆုံးသွားတယ်။" လို့ မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၀င် ကိုအောင်နေမျိုးက မြေလတ်အသံကို ပြောပါတယ်။

မြိုင်က PDF တဦး လက်နက်နဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားလို့ PDF စခန်းတွေကို သတိပေးစာထုတ်

"တက်တူးက တပ်ရင်း ၂ ကနေ ရင်းမှူးမသိဘဲ M16 တလက်ကိုယူပြီး စစ်ကောင်စီနဲ့ သွားပူးပေါင်းတာပါ။ တပ်ဖွဲ့စခန်းတွေအနေနဲ့ သတိထားကြဖို့လိုပါတယ်။ (သူက)ရင်းမှာနေတာ နှစ်နှစ်ကျော်လောက်ရှိပြီ"လို့ မြိုင်ပဖ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါ တယ်။

ယင်းမာပင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

"ဒီကောင်တွေ အမြဲလိုလို လုပ်နေကျပုံစံပါပဲ။ စစ်ကြောင်းထိုးတာမျိုးမဟုတ်လည်း လက်နက်ကြီးတွေနဲ့ ရွာတွေကိုလျှောက်ပစ်တာ။ ပေကုန်းရွာက ကလေးတဦးနဲ့ အခြားပြည်သူတွေလည်း ထိတယ်လို့ကြားတယ်။ ၀မ်ပေါင်ထဲမှာ တပ်စွဲထားတဲ့ကောင်တွေ"

မုံရွာမြို့ပေါ်က တိုင်းရဲရုံးနဲ့ ထွေအုပ်ရုံးကို PDF က ဒရုန်းနဲ့ဗုံးကြဲ၊ မြောင်ရဲစခန်းလည်း တိုက်ခိုက်ခံရ

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အောက်ခြေက စစ်သည်တွေကို ပစ်မှတ်မထားတော့ဘဲ အရေးပါတဲ့ အဓိက ပစ်မှတ်တွေကိုသာ တိုက်ခိုက်သွားမှာဖြစ်တဲ့အခါ အခု မုံရွာမြို့ပေါ်က အစိုးရရုံးကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းတမန်လေကြောင်းစစ်ဆေးရေးတာ၀န်ခံက မြေလတ်အသံကို ပြောပါတယ်။

စစ်ကိုင်းနဲ့မန္တလေးတိုင်းမှာ ဇူလိုင်လအတွင်း တရားမဝင်သစ် ၅၇၅ တန် ဖမ်းမိခဲ့ကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်တို့မှာ ၄၇၉ တန်နဲ့အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်မှာ ၉၆ တန် ဖမ်းဆီးရမိခဲ့ကာ ဖမ်းဆီးရမိသစ်အမျိုးအစားတွေမှာ ကျွန်း၊ သစ်မာနဲ့ သစ်ပါးလွှာတွေ ပါဝင်တယ်လို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လစဉ်ထုတ် သတင်းလွှာမှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

စစ်လေ့ကျင့်ရေးကျောင်းအုပ်ကြီးအသွင်ပြောင်း အကျဉ်းဦးစီးညွှန်ချုပ်က နိုင်၊ကျဉ်းတွေကို ပိုမိုဖိနှိပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေ

"လေ့ကျင့်ရေးကျောင်းနဲ့ထောင်က သိပ်မထူးဘူးလေ။ စစ်တပ်သင်တန်းသားကလည်း ထောင်သားလိုဘဲ နေထိုင်ရတာ။ ထောင်မှာ အလုပ်လုပ်ရသလိုဘဲ၊ သင်တန်းကျောင်းမှာလည်း ဖက်ထိတ်လုပ်ရတာဘဲ။ ထောင်ကတောင် ထမင်းနပ်မှန်ဦးမယ်။ အဲ့ဒါကြောင့် လေ့ကျင့်ရေးကျောင်းအုပ်ကြီး ကို ပို့တာနေမှာ" လို့ CDM တပ်မတော်သားအရာရှိတဦးက ပြောပါတယ်။

မတ္တရာနယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး ဓားနဲ့ခုတ်ခံရပြီး သေဆုံး

"အဲ့ဒီဘုန်းကြီးက ငွေတိုးလည်းပေးစားတယ်။ စစ်တပ်ကို ပင်တိုင်သတင်းပို့တယ်။ သူ့အကို မောင်ခိုင်က အစိမ်းစွဲ၊ စစ်တပ်ဒလန်၊ ဒေသခံ ၁၀ ယောက်ရှိရင် ၉ ယောက်လောက်ကမုန်းတယ်။ ခုသတ်သွားတာကလည်း သူတို့အထဲကလူချင်း တောကြောင်ချင်း သတ်တာနေမှာ"လို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မင်းအောင်လှိုင် ယုံကြည်ရမယ့်သူ မရှိသေးလို့ ကစထ ၆ ဒုဗိုလ်ချုပ်ကြီးနေရာ လစ်လပ်နေဟု တပ် CDM များပြော

" နောက်တခုက ကစထမှူးတွေက ရုံးအမှတ် ၁ မှာ တပ်ချုပ် မင်းအောင်လှိုင်နဲ့ ဘေးချင်းယှဉ်ပြီး ရုံးတက်ရတာမျိုးဆိုတော့ ဒီနေရာကို တော်ရုံ ဗိုလ်ချုပ်ကို သူအစားမထိုးချင်တာကြောင့် သူယုံရမယ့်သူမတွေ့သေးတာကြောင့်လို့ ပြောလို့ရတယ် ။ နောက်ပြီး ကျနော်တို့သိထားတာက ဒီကာလမှာ ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးရဖို့ကို ဗိုလ်ချုပ်ကြီး ၂ ဦးကထောက်ခံမှ တိုးပေးတယ်လို့ သိရတယ် "

စစ်ကောင်စီနဲ့အကျိုးတူ ၀မ်ပေါင်၊ ယန်စီကုမ္ပဏီတို့ ချက်ချင်းရပ်ဖို့ ဒေသခံသပိတ်အဖွဲ့များ သတိပေးစာထုတ်

"သူတို့ဘက်က ပိုဆိုးလာတာက ရွာတွေဖျက်ဆီး၊ မီးရှို့တယ်၊ သတ်ဖြတ်တယ်။ ခုပိုဆိုးတာက ပြည်သူလူထုရဲ့ လယ်မြေတွေ အိမ်တွေကို ယာမြေတွေကို သိမ်းပစ်လိုက်တယ်။ သိမ်းပြီးအစိမ်းရောင်ခြံစည်းရိုးတွေ ခတ်ပစ်လိုက်တာ။ အတင်းအဓမ္မခုလိုလုပ်လာလို့ အသံထွက်ရခြင်းပဲ ဖြစ်ပါတယ်။"

ရှစ်လေးလုံးအထိမ်းအမှတ် ဆန္ဒပြခဲ့တဲ့ မုံရွာလူငယ်သပိတ် ပစ်ခတ်ဖြိုခွင်းခံရပြီး ၃ ဦးဖမ်းဆီးခံရ

"အညာပစ်တိုင်းထောင်လေးများအဖွဲ့က သပိတ်လုပ်ပြီး ပြန်သွားကြချိန် စစ်ကောင်စီက သတင်းအရ ဖမ်းဖို့လာနေချိန်မှာ ‌ခုအပစ်ခံရတဲ့ လူငယ်သပိတ်အဖွဲ့က ဘန်နာချိတ်ပြီး နေရာရွှေ့မယ့်အချိန်မှာပဲ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာပါ။ အိမ်စီးကားနဲ့ရောက်လာပြီး လူငယ်လေးတွေကိုပစ်တာ ကားတောင်မရပ်ရသေးဘူးပစ်ဖမ်းတာ"လို့ မုံရွာသပိတ်အင်အားစုအဖွဲ့၀င်တဦး က မြေလတ်အသံကို ပြောပါ တယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10