ဆူးရွက်ဝါ

အသက်အန္တရာယ်ကင်းရေး သီပေါဘိုးဘိုးကြီးနတ်နန်းမှာ ဆုတောင်းနေရတဲ့ ရှမ်းမြောက်က တပ်ရင်းတွေ

ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်တပ်ရဲ့ စစ်စခန်းတွေ တခုပြီးတခု ကျဆုံးပြီး တပ်သားတွေလည်း အသေအပျောက်နဲ့ ဖမ်းဆီးခံရတာတွေ များနေတာကြောင့် တပ်မိသားစု၀င်တွေဟာ သီပေါမြို့နယ် တုံစင့်ကျေးရွာ နမ္မတူ-နမ့်ဆန်သွား ကားလမ်းဘေးရှိ တုံစင့်ဘိုးဘိုးကြီးနတ်နန်းမှာ အုန်းပွဲ၊ ငှက် ပျောပွဲထိုးကာ ဆုတောင်းယတြာချေမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြတယ်လို့ တပ်မိသားစု၀င်ထံက သိရပါတယ်။

အညာမှာ ခေါင်းပဲစားတယ်ဆိုတဲ့ ကျားဘီလူးစစ်ကြောင်းက PDF တွေကိုရှောင်နေကြောင်း ကာကွယ်ရေးအဖွဲ့တွေပြော

"၁၀၂၇ စစ်ဆင်ရေးက စစ်ကိုင်းတိုင်းအထိ ပျံ့နှံ့လာတာ။ စစ်ကိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း တွန်းပြီး တိုက်ပွဲတွေတောက်လျှောက် ဖော်ဆောင်လာတာ။ အရင်ကဆို ရွာစဉ်တလျှောက် မီးရှို့ခေါင်းဖြတ်သတ်နေတဲ့ ကျားဘီလူးစစ်ကြောင်းက အခုဆိုရွာတွေကို ကွင်းပြီးသွားနေတာ"

KIA၊ PDF ၁၀ ဦး လက်နက်တွေနဲ့ အလင်းဝင်တယ်ဆိုတာ မသိရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူ တုံ့ပြန်

မြစ်ကြီးနားမြို့အခြေစိုက် စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ KIA/PDF ၁၀ ဦး အလင်းဝင်ရောက်လာတယ်လို့ နို၀င်ဘာ ၂ ရက်နေ့ မနေ့ညပိုင်းက စစ်တပ်ပိုင်မြဝတီသတင်းမှာ ဖော်ပြလာမှုအပေါ် ဗိုလ်မှူးကြီး နော်ဘူက အခုလိုတုံ့ပြန်ပြောဆိုလာတာပါ။

စစ်ကိုင်းအတွင်းရှိ KIA နဲ့ PDF တပ်ဖွဲ့တွေကို ချေမှုန်းမည်ဟု ပျူခေါင်းဆောင် ဘုန်းကြီးဦးဝါသဝ ကြုံးဝါး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင် ရေးဆင်နွှဲနေပြီး စစ်ကိုင်းတိုင်းအတွင်းကိုပါ ၁၀၂၇ စစ်ဆင်ရေးကူးစပ်လာတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ကန်တောင်ယန်စစ်စခန်း တိုက်ခိုက်ခံရပြီး ဆုံးရှုံးမှုရှိခဲ့ကြောင်း ဝန်ခံ၊ KIA အပေါ်ထားတဲ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးပြီလို့ စစ်ကောင်စီပြော

"အရေးပါတဲ့ စခန်းလေးခုလုံးကို သိမ်းခံလိုက်ရတော့ နေ့တိုင်းလိုလို လေကြောင်းကနေ ဗုံးကြဲနေတာ။ မြေပြင် စစ်ကူလည်းမပေးနိုင်တော့ဘူး။ လေကြောင်းကနေပဲ တိုက်နိုင်တော့တယ်"လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က မြေလတ်အသံကိုပြောပါတယ်။

စစ်ကိုင်းဖိုရမ်က ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆို၊ ဟန်ချက်ညီစစ်ဆင်ရေးကို ညှိနှိုင်းဖော်ဆောင်မယ်လို့ စာထုတ်

စစ်ကိုင်းတိုင်းအထိပါ စစ်ရေးဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးကို စစ်ကိုင်းဖိုရမ်ကလည်း ကြိုဆိုပြီး စစ်ဆင်ရေးနဲ့အတူ ဒေသအတွင်းဟန်ချက်ညီ စစ်ဆင်ရေးတွေကို ‌ညှိ‌နှိုင်းဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင် ဆောက်ထားပေးသည့် မုဆိုးမအိမ်ရာ (ဆောင်းပါး)

ရန်ကုန်သူ မစိမ်းမို့(အမည်လွှဲ)သည် “မြန်မာ့သားကောင်း” ဟု အမည်ပေးထားသည့် စစ်မှုထမ်းဟောင်းအိမ်ရာသို့ ယခုနှစ်မှ ရောက်လာခဲ့ခြင်းဖြစ်သည်။ အိမ်ရာနာမည်ကို “မြန်မာ့သားကောင်း” ဟု အမည်ပေးထားသော်လည်း မစိမ်းမို့တို့လို ခင်ပွန်းဖြစ်သူ တိုက်ပွဲမှာကျသွားသည့် မုဆိုးမအများစု နေထိုင်သည့်အိမ်ရာဖြစ်သည့်အတွက် စစ်မှုထမ်းဟောင်းနှင့် စစ်ကောင်စီအသိုင်းအဝိုင်းကတော့ မုဆိုးမအိမ်ရာဟုသာ ခေါ်ကြသည်။ စစ်ကောင်စီတပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ခင်ပွန်းဖြစ်သူသည် ယခုနှစ် အစောပိုင်းကာလက ကရင်နီ(ကယား)ပြည်နယ်တိုက်ပွဲတခုတွင် ကျဆုံးခဲ့သဖြင့် အသက် ၃၀ နှစ်ကျော်အရွယ် မစိမ်းမို့ ဤမုဆိုးမအိမ်ရာတွင် နေထိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် 1027 စစ်ဆင်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ဖော်ဆောင်

"၂၇ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်နေတာ။ ဒီနေ့အထိလည်း လေကြောင်းပစ်ကူတွေလာပြီး ထိတွေ့ တိုက်ပွဲတွေနဲ့ ကြိုကြားတိုက်ပွဲတွေဖြစ်နေတုန်းပဲ"

ဟန်ငြိမ်းဦးတယ်လီဂရမ်မှာ ဖော်ပြခံရပြီးနောက် ၀န်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီးခံရ

"ဦးရဲထွဋ်ကို အခု အင်းစိန်ထောင်မှာ ဖမ်းထားတယ်။ ပုဒ်မကတော့ ၅၀၅(က)နဲ့ပါ။ ကနဦးတော့ စစ်ဆေးနေတုန်းပဲ"လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက မြေလတ်အသံကို ပြောပါတယ်။

ပေါက်မြို့နယ်မှာ စစ်တပ်က ဒေသခံ ၆ ဦးကို ဖမ်းဆီးကာ ၂ ဦးကိုသတ်ထားခဲ့

"ဖမ်းခေါ်ခံရတဲ့ ရွာသားတွေက ဘယ်ရွာတွေကဆိုတာ မသိရသေးဘူး။ သတ်ထားခဲ့တဲ့ ၂ ယောက်ကတော့ သိရပြီ။ သတ်ခံရတဲ့ ၂ ယောက်က သက်ကြီး ပိုင်းတွေ" လို့ ပေါက်ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မုံရွာထောင်က ထောင်ပိုင်နဲ့ ၀န်ထမ်းတချို့ ထုတ်ပယ်ခံရ၊ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်/ကျဉ်းတွေကိုလည်း ထပ်တိုးပုဒ်မနဲ့တရားစွဲ

"အခုဖြုတ်ခံရတဲ့ ထောင်ပိုင်နဲ့ ၀န်ထမ်းတွေက တောင်းဆိုသမျှကို လိုက်လျောတဲ့လူတွေမဟုတ်သလို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး တောင်းဆိုမှုကို လိုက်လျောပေးလို့ရတဲ့ အခြေအနေလည်း မဟုတ်ဘူး ။ အထက်အမိန့်အရ အကုန်လုပ်ရတာ"

ကပစတပ်က တပ်ကြပ်ကြီးတဦး ရှေ့တန်းပို့ခံရပြီး စစ်မတိုက်ဘဲပြန်လာလို့ စစ်ကြောရေးမှာ သတ်ခံရ

"ဖြစ်စဉ်က ဟုတ်ပါတယ်။ သူ့ကိုဖမ်းပြီးနှိပ်စက်တာ လက်လွန်သွားပြီး ဆေးရုံအပို့ လမ်းမှာသေသွားတာ။ မိသားစုကိုတော့ ဖြစ်စဉ်အမှန်ကို မပြောထားဘူး"

ယင်းမာပင်မှာ အရပ်သား ၆ ဦးကိုသတ်သွားတဲ့ စစ်ကြောင်းက ပြည်သူ ၁ ဦးကို ထပ်မံသတ်သွား

"စစ်ကြောင်းက လာဘို့ရွာထဲကို၀င်ပြီး လမ်းမှာတွေ့တဲ့ ပြည်သူတယောက်ကိုသတ်သွားတာ။ အရင်ရက်က လူ ၆ ယောက်ကိုသတ်ခဲ့တဲ့ စစ်ကြောင်းပဲ"လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကိုပြောပါတယ်။

နေပြည်တော် ရဲဘက်စခန်းမှ အကျဉ်းသား ၇ ဦး ထွက်ပြေးနေ

"အဲ့ဒီရဲဘက်စခန်းက စည်းကင်းမတင်းကျပ်တော့ နိုင်/ကျဉ်းတွေ ထားတာနည်းတယ်။ မရှိသလောက်ပဲ။ လွတ်ရက်နီးတဲ့သူတွေကို လာထားတာများတယ်။ ခု ပြေးတဲ့လူတွေကလည်း လွတ်ဖို့နှစ်အနည်းငယ်လိုသေးတဲ့လူတွေ"

PDF ၂ ဦးနဲ့ အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က PDF ၂ ဦးနဲ့ အသက်မပြည့်သေးတဲ့ အမျိုးသား ၃ ဦးအပါအဝင် ၈ ဦးကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ သတ်ဖြတ်ခဲ့ကြတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10