ဆူးရွက်ဝါ

ရာထူးကဖယ်ရှားခံရတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ၅ ဦး ထိန်းသိမ်းစစ်ဆေးခံနေရ (ရုပ်/သံ)

စစ်ဆေးခံနေရသူတွေဟာ ကချင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ မန္တလေးတိုင်း နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ကယားပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မြင့်ဝေ၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မျိုးမင်းနောင်နဲ့ ချင်းပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင် တို့ဖြစ်ပြီး သူတို့ကို စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ ရာထူးကဖယ်ရှားကြောင်းထုတ်ပြန်ပြီးတဲ့နောက် ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။

ဘီလူးစစ်ကြောင်းလို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရလို့ အော်ဟစ်ပြေးလွှား

"ဗုံးတလုံးချတာနဲ့ ‌‌အထဲကနေပြီး အော်ဟစ်ပြေးလွှားသံတွေ ကြားနေရပါတယ်။ ဗုံးသီးတွေကို အဆက်မပြတ်ဘဲ ပင်မအဆောက်အအုံပေါ်ကို ချခဲ့တာပါ။ အော်သံဟစ်သံတွေအရ ထိခိုက်ကျဆုံးများနိုင်တယ်"

မြောင်တွင် စစ်ကောင်စီတပ်က ပြည်သူတွေကိုဖမ်းဆီး ငွေသိန်းဆယ်ချီတောင်းပြီး လွှတ်မပေးဘဲ နှိပ်စက်သတ်ဖြတ်

"သူတို့တောင်းသလောက်ကို ပေးရတာ။ တယောက်ကို သိန်း ၃၀ ဆိုတာ အနည်းဆုံးတောင်းတာ။ မြောင် မြို့ပေါ်မှာတင် အဲ့ဒီလို ၅ ယောက်လောက်ရှိတယ်။ ပိုက်ဆံယူပြီး လူကိုလည်းပြန်မလွှတ်ပေးဘူး ခုထိ။ မိသားစုတွေကို သေပြီလို့ အကြောင်းကြားတယ်"

ကန့်ဘလူနယ်၊ သရက်ခေါင်းရွာကို စစ်တပ်ကမီးရှို့ပြီး စစ်ရှောင် ၃ ဦးကိုပါ သတ်

"ဦးကံထွန်းကို လက်ပြန်ကြိုးတုပ် ပစ်သတ်ပြီး ရေထဲချသွားတာ။ ကောင်းမြတ်ကလည်း အင်တောပေါက်တဲတိုက်ဘက်မှာပဲ စစ်ရှောင်ရင်း စစ်ကြောင်းနဲ့တိုးလို့ သတ်ခံရတာ။ ရဲမင်းက ရင်ခတ်ကုန်းထိပ်မှာ စစ်ရှောင်ရင်း စကစ ကင်းပုန်းနဲ့တိုးတာ"

ကန့်ဘလူရှိ ရွာ ၂ ရွာမှာ စစ်ကောင်စီတပ်စွဲ‌ခဲ့ပြီး အမျိုးသား ၃ ဦးကို သတ်သွား

"အဲဒီစစ်ကြောင်းက ရွာကို၀င်ပြီး တပ်စွဲတယ်။ ပြီးတော့ ရွာက အမျိုးသား ၃ ဦးကိုဖမ်းဆီးပြီး သတ်ထားခဲ့တာ‌ကို တွေ့ရတယ်" လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

မိတ္ထီလာဗဟိုဈေးမှာ စစ်ကောင်စီက တန်းစီသက်သာဈေးဆိုင်တွေ စတင်ရောင်းချ

အဲဒီဈေးဆိုင်တွေမှာ စစ်ကောင်စီက လူတဦးလျှင် ဧည့်မထဆန် တပြည် ၂၅၀၀ ကျပ်နဲ့ ၂ ပြည်ဝယ်ယူနိုင်သလို စားသုံးဆီ တပိဿာကို ၄၆၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အခြား စားသောက်ကုန်တွေကိုလည်း သတ်မှတ်အရေအတွက်အလိုက် ကန့်သတ်ရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းကင်းမြို့ ကံရွာက ပျူစောထီး‌တွေတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့

"မနက်အစောကြီး ရွာထဲကို ပစ်ပြီး၀င်တိုက်တာ။ တချို့လက်နက်ကိုင် ပျူတွေက ထွက်ပြေးသွားတယ်။ သေတာကတော့ ၁၀ နီးပါးလောက်ရှိတယ်။ ဒဏ်ရာရတွေလည်း မနည်းဘူး"

စစ်ကြောင်းထိုးဖို့ပြင်နေတဲ့ ညောင်ပင်ဝန်းရဲစခန်း ဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခံရ

"ဒရုန်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးဖို့ ရဲစခန်းထဲကို စစ်ကောင်စီတပ်တွေ ရောက်နေတဲ့အချိန်မှာ ရဲစခန်းကို ဗုံးကြဲခဲ့တာပါ။ ရဲစခန်းထဲမှာ နေရာတင် ချက်ချင်းသေတာက ရဲ ၅ ယောက်၊ ဒဏ်ရာရပြီး ဆေးရုံကားနှစ်စီးနဲ့ခေါ်သွားတဲ့ထဲက ဆေးရုံရောက်မှထပ်သေတာ အားလုံး ၁၇ ယောက်ဖြစ်တယ်"

ပဲခူးတိုင်းအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးရာထူးမှနုတ်ထွက်သူ ၁၅၀ ရှိလာ အစားထိုးခန့်ဖို့ မရှိလို့ ဆက်လုပ်နေရ

"နုတ်ထွက်စာကို လက်ခံပေးထားပေမယ့် အသစ်ခန့်ဖို့ လူမရောက်သေးခင် ထပ်လုပ်ပေးရမယ်လို့ သူတို့(စစ်ကောင်စီ)က ပြောတယ်။ လူမရှာပေနိုင်သေးလို့ နေ့တိုင်းရုံးပြန်ထိုင်နေရတယ်"

ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို ကစထ ၆ ကိုပို့၊ လပခတိုင်းမှူး ကစထ ၁ မှူး ဖြစ်လာ စစ်တိုင်း ၄ ခု တိုင်းမှူးတွေကိုလည်း နေရာရွှေ့

“ တိုင်းမှူးတွေထဲမှာ နာမည်ရနေတဲ့ ကိုကိုဦး ကို အရေးကြီးတဲ့ ကစထ ၁ ကို ကိုင်ခိုင်းလိုက်တာပေ့ါ။ နေပြည်တော်ကိုလည်း အဓိက ပြန်ကာဖို့ ကစထမှူးရော တိုင်းမှူးအသစ်ရော ချိန်းထားတာ “

ပဲခူးအနောက်ခြမ်းမှာ ၂ လအတွင်း ရပ်ကျေးအဖွဲ့၀င် ၁၀၀ ကျော် ကျန်းမာရေးအကြောင်းပြ နုတ်ထွက်

"အခုက အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ ရှင်းလင်းခံလာရတော့ ကျနော်တို့လည်း ဘေးအန္တရာယ်က စိတ်မချရတော့ဘူး။ စစ်ကောင်စီကလည်း မကာကွယ်ပေးနိုင်ဘူးလေ။ သူတို့တောင်တချိန်လုံးအပစ်ခံနေရတာ။ ဒီအတိုင်း ထွက်ခွင့်ကလည်းပေးမှာ မဟုတ်တော့ ကျန်းမာရေးအကြောင်းပြရတာနေမှာပေါ့" လို့ အုတ်ဖိုမြို့တွင် နေထိုင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးပြတ်လို့ ဆဲတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ် (ရုပ်/သံ)

လျှပ်စစ်မီးပြတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်တွေကို ဝေဖန်လို့ အဆိုတော် ဗျူဟာကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

မီးပြတ်လို့ ဆဲတဲ့ အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်

"ဒီနေ့ပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမိန့်ချတာပါ။ ထောင်ဒဏ် နှစ် ၂၀ ပါ။ အထဲမှာ ကျန်းမာရေးကောင်းပါတယ်။ မိသားစုနဲ့ တွေ့ခွင့်မပေးဘူး"

ကသာခရိုင်ရဲမှူးနေအိမ်နဲ့ မြို့အဝင်ဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ စစ်ကိုင်းက စစ်ကြောင်းလည်း မိုင်းဆွဲခံရ

"ရဲမှူးအိမ်မှာက ရှေ့မှာဘန်ကာတွေနဲ့ အစောင့်တွေရှိတယ်။ သစ်ပင်ကြီးတပင်လည်းရှိတယ်။ ဗုံးသီးက သစ်ပင်ပေါ်ပြုတ်ကျသွားတာဖြစ်လို့ ထိခိုက်မှုမရှိခဲ့ဘူး။ မြို့ဝင်ဂိတ်မှာတော့ စကစ ၂ ယောက်သေတယ်။ ဗုံးချတဲ့အချိန် ဂိတ်ကိုဖြတ်သွားလာတဲ့ ပြည်သူ ၂ ယောက်ထဲက ဗုံးစတွေ ထိပြီးတော့ ၁ ယောက်သေတယ်။ နောက်တယောက်ကတော့ စကစ ပြန်ပစ်တဲ့ကျည်ထိလို့ ဒဏ်ရာရတာ"လို့ ကသာ PDF နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

နတ်မောက်မြို့အ၀င် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF က လက်ပစ်ဗုံးနဲ့တိုက်ခိုက်

"ဘန်ကာအနားထိ သွားပြီး လက်ပစ်ဗုံး လျက်ဆားပုလင်းနဲ့ ပစ်ခဲ့တာ။ ဗုံးနဲ့ပစ်ပြီး ကျနော်တို့ ပြန်ဆုတ်လာတဲ့အခါ ၄ ပေအကွာလောက်မှာ ‌ဗုံးကွဲတာ အတော်ပြင်းတယ်။ အသေဆုံးတွေရှိနိုင်တယ်။ အခြေအနေတော့ မသိရသေးဘူး" လို့ OPRF - PLA တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10