ဆူးရွက်ဝါ

ရေဦးမှာ ချောင်းရေမြင့်တက်လို့ ကျေးရွာတွေထဲ ရေဝင်

လက်ရှိမှာ ဒေသခံတွေစားနပ်ရိက္ခာ အခက်အခဲကြုံနေရပြီး ထောက်ပံ့ကူညီရေးအဖွဲ့တွေ မလာနိုင်သေးတာကြောင့် ရွာသားအချင်းချင်းကပဲ ကူညီပေးနေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့၀င်တဦးက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

"ညနေ ၃ နာရီ၀န်းကျင်မှာ ရွာထဲကိုလက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ပြီး ၀င်တယ်။ ၃ နာရီ ၄၅ မှာ မီး စရှို့တယ်။ တောက်လျှောက်စစ်ကြောင်းထိုးနေတော့ ပျက်စီးဆုံးရှုံးမှုကို သွားကြည့်လို့မရသေးဘူး" လို့ ပေကြီးဒေသခံအမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

ကန့်ဘလူတွင် စစ်ကောင်စီနဲ့ PDF တွေ ၈ နာရီ‌ကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူယူရ

"တိုက်နေတဲ့ ၂ နာရီလောက် ကြာလာတဲ့အချိန်မှာ လေယာဉ်ပစ်ကူရောက်လာပြီး ကြဲတာ။ နမခက တက်လာတဲ့ Mi 35 နဲ့ လာပစ်ကူတာ။ ပြန်မဆုတ်ဘဲ ဆက်တိုက်တာ စခန်းသိမ်းလိုက်နိုင်တယ်"

ပဲခူးမှာ ရေဘေးသင့်ပြည်သူ ၇၀၀၀၀ ဝန်းကျင်ခန့်ရှိလာ

"လက်ရှိက ရေကတန့်နေသေးတော့ ကယ်ဆယ်ရေစခန်းမှာတွေကော ကယ်ဆယ်ရေးစခန်းမသွားပေမယ့် အထပ်မြင့်အိမ်တွေမှာ နေနေတဲ့သူတွေကောဆို ရေဘေးသင့်လူဦးရေက တော်တော်များတယ်"

ဘာသာရေး အထင်ကရနေရာတခုဖြစ်တဲ့ ပဲခူးဒေးစွန်ပါရှိ ဘုရားစေတီတွေကို စစ်ကောင်စီက ဖျက်ဆီးပြီး ဘုန်းကြီးတွေကို နှင်ထုတ်

"PDF တွေရှိနေတယ်ဆိုပြီးပြောပြီး ခေါ်လာတာမဟုတ်ဘူး။ သာသနာ့နယ်မြေမှာ ဝါးရုံတွေရှင်းရမယ် ဆိုပြီး ခေါ်လာတာ။ ဒီရောက်မှ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကို ဖျက်ခိုင်းတာ" လို့ ဖျက်ဆီးရာမှာ ပါ၀င်ခဲ့သူနဲ့ နီးစပ်သူက မြေလတ်အသံကို ပြောပါတယ်။

ပုလဲမှာ ပြည်သူ ၃ ဦးကို ခေါင်းဖြတ်သတ်သွားတဲ့ ကျားဘီလူးစစ်ကြောင်း မိုင်းဆွဲခံရ

"စစ်ကြောင်းထိုးဖို့ တန်းစီပြီး၀င်လာချိန် မြို့အ၀င်နားမှာပဲ စောင့်ပြီးတော့ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေများတယ်။ သေနိုင်တယ်"

မဘသ အမာခံဒါယကာ မိုးထိမိုးမိရွှေတွင်းလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

နိုင်ငံတော်ကိုပေးသွင်းရန် ရွှေပိဿာ ၁၂၉၃ ပိဿာကျန်ရှိခြင်း၊ ရွှေထုတ်လုပ်မှုရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်တွေကို မလိုက်နာခြင်းတို့နဲ့ ၂၀၁၈ ခုနှစ်မှာ တရားစွဲဆိုခံထားရတဲ့ ဦးစိုးထွန်းရှိန်ကို မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးမှာ မနေ့ကအမိန့်ချမှတ်လိုက်တာလို့ ရမည်းသင်းအကျဉ်းထောင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

ချောင်းဦးကရွာတွေစီးနင်းခံရမှု တော်လှန်ရေးရဲဘော် ၃ ဦး၊ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၉ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက် နေ့လယ်က လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးရဲဘော် ၃ ဦး အပါအဝင် ၉ ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့ PDF သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီပဲယင်းနဲ့ ချောင်းဦးနယ်ကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

"မနေ့ (စက်တင်ဘာ ၂၅)ကတည်းက စစ်ကြောင်းထိုးလာတဲ့ သူတို့ (စကစ)တပ်ကို PDF တွေက ကြားဖြတ်တိုက်မှာစိုးပြီးတော့ လေယာဉ်နဲ့လာပစ်တာ။ ဒေသခံတွေတော့ အကုန်ရှောင်ပြေးနေကြတယ်"

မြင်းမူ-မြောင်လမ်းပေါ်မှာ PDF ၂၅ ဦးကို သတ်သွားတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

" လက်ရှိ စာရင်းအရ ၅ ကောင်သေပြီး ၄ ဦးဒဏ်ရာရ အတည်ပြုနိုင်လိုက်တယ်။ နောက်ထပ်ချတဲ့ အလုံးကတော့ ထိမထိ မသိရသေးဘူး"

မြင်းမူ-မြောင်လမ်းမပေါ်မှာ PDF ၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

မြင်းမူ-မြောင်လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက စစ်ဆေးရင်း ပြည်သူတချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့၀င်တွေကို ဖမ်းကာထိုင်ခိုင်းထားပြီးနောက် ကာကွယ်ရေးအဖွဲ့၀င်တွေကို ပြည်သူတွေရှေ့ လမ်းမပေါ်မှာပဲ ပစ်သတ်လိုက်တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ထဲ တိမ်းမှောက်ခဲ့တဲ့စစ်သင်္ဘောက သေဆုံးအလောင်း ၇ လောင်းထပ်မံပေါ်လာ

"အလောင်းတွေ မနေ့က ၇ လောင်းထပ်ပေါ်လာတယ်။ စစ်သားအလောင်း ၄ လောင်း၊ မိန်းကလေး ၃ လောင်းပေါ့။ ရေလယ်မှာဆိုတော့ ဘယ်သူမှမဆယ်ရဲဘူး။ သင်္ဘောနဲ့အတူ ပိတ်မိနေတာတဲ့ အလောင်းတွေက ပြန်မပေါ်လာသေးဘူး"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေစိပ်လာတဲ့ ပဲခူးတိုင်းမှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို လက်နက်တွေ တပ်ဆင်ပေး

"သူတို့တွေ (စကစ) တွေက နယ်မြေကိုပြန်စိုးမိုးနိုင်ဖို့ အသည်းအသန် စစ်ကြောင်းထိုးတာတွေ လုပ်နေတာ။ သူတို့ဘက်က ပျူတွေ၊ ပြည်သူ့စစ်တွေကို လိုက်စုပြီး အင်အားစုနေတာရှိတယ်လို့ သိရတယ်။ ဘယ်လိုလုပ်လုပ် တက်လာသမျှကို အသေတိုက်မှာပဲ"လို့ KNU စစ်ရေး သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဂတိကျော်ဇောနဲ့ ထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဌနေရာကနေ ဖယ်ရှား

“ သူ့ကိုအဂတိမှုနဲ့ စစစ်နေပြီ။ လက်ရှိမှာ သူ့ပိုင်ဆိုင်မှု ကားတွေ၊ တိုက်တွေ အကုန်သိမ်းထားတယ် “

ပဲခူးအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးတွေ ဘာကြောင့် အစုလိုက်အပြုံလိုက် နုတ်ထွက်နေကြသလဲ (သတင်းဆောင်းပါး)

အာဏာသိမ်းစစ်တပ်ရဲ့ ဖိအားပေးမှုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကြားမှာ မြွေမသေ၊ တုတ်မကျိုးလုပ်ရင်း ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်နေကြတဲ့ တချို့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိနေကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10