ဆူးရွက်ဝါ

ရွာ ၂ ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁ စီးနစ်မြုပ်

"အဲဒီသင်္ဘောတွေက ခန္တီးကနေဆင်းလာတာ။ မြစ်ဘေးနားကရွာဖြစ်တဲ့ တောင်ဖြူရွာနဲ့ ယားကျေးရွာကို ၀င်မီးရှို့တယ်။ အဲ့ဒီကထွက်လာပြီး ပန်းဆက်ကပျူတွေကို၀င်ခေါ်ပြီး လှည့်အစုန်မှာ ‌အငူနဲ့တိုက်ပြီး မြုပ်သွားတာ"

စစ်တပ်က သလွန်ဖြူရွာသား ၇ ဦးကိုသတ်ပြီး ဒေသခံ ၄၀ ကိုဖမ်းဆီးထား

"သတ်ခံရတဲ့အထဲမှာ အသက်မပြည့်တဲ့ ကလေးတွေလည်းပါတယ်။ ရွာသား ၇ ဦးကို စစ်ကြောင်းထိုး၀င်တဲ့အချိန်မှာ ပစ်သတ်သွားတယ်။ သတ်ခံရတဲ့သူတွေက သာမန်အရပ်သား ရွာသားတွေပါပဲ"

မြင်းမူက စစ်အုပ်စုတပ်ချထားတဲ့ ၂ နေရာ ဗုံးကြဲတိုက်ခိုက်ခံရ

"ညောင်ရင်းကျေးရွာဘက်မှာတပ်စွဲပြီး ပြည်သူအချို့ကိုသတ်ဖြတ်ပြီး ထွက်လာတဲ့စစ်ကြောင်းက ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းမှာ၀င်နေတုန်း ဗုံးသီးချ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကိုထိထိရောက်ရောက် ချနိုင်ခဲ့တဲ့အတွက် သေဆုံးမှုများနိုင်ပါတယ်"လို့ Gost Team Ranger Myinmu (GTR MMU) တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

စစ်တပ် တပ်စွဲထားတဲ့စာသင်ကျောင်းကို PDF တွေက ဒရုန်းနဲ့တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

"အဲ့ဒီစစ်ကြောင်းက ရွှေကျင်ရွာကို ရောက်တာမကြာသေးဘူး။ ဒရုန်းနဲ့ဗုံးသီးချတဲ့အချိန်က သူတို့ (စကစ)တွေ ထမင်းစားနေကြတဲ့အချိန်။ ထမင်းတွေနဲ့ သွေးတွေ ပြန့်ကြဲနေတယ်"

ညောင်ပင်၀န်းရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

"လက်ပံသာကျေးရွာကို စစ်ကြောင်းထိုးပြီးတော့ ပြန်လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်က စခန်းထဲကို ပြန်လာပြီး တပ်ချတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းထဲကနေ လက်နက်ငယ်တွေနဲ့ပြန်ပစ်တာ ရှိတယ်။ သေဆုံးထိခိုက်တာတော့ ရှိတယ်"

အထုပ်ဘေးချ လက်နက်ကြီးသံနားစွင့်နေရတဲ့ စစ်ရှောင်တို့ ဘဝ

"ကျမတို့ အိမ်မှာဆိုလည်း ဆန်တွေ၊ ဆီတွေ အကုန်သယ်သွားပြီး သူတို့မသယ်နိုင်လို့ကျန်တဲ့ ဆန်တွေကို သေးတွေနဲ့ ပန်းသွားတယ်။ ဆီတွေကိုလည်း သွန်ချထားခဲ့တာ” လို့ အမျိုးသမီးတဦးက ဆိုပါတယ်။

Jammer ဖြတ်ထားတဲ့ နတ်ရေကန်စစ်တပ်စခန်းကို မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးကြဲနိုင်ခဲ့

"ဂျန်ဘာက ၂မိုင်လောက်ထိ လာမိနေတယ်။ Scout Drone လွှတ်တာတောင်မရဘူး။ Fixwind လေယာဉ် တွေကျတော့ အရှိန်များတော့ ဂျန်ဘာကိုဖြတ်ပျံနိုင်တယ်။ စခန်းအလယ်တည့်တည့်ကို ဗုံး ၃ လုံးချနိုင်ခဲ့တယ်"လို့ CDSOM တာ၀န်ခံ ကိုနွေဦး(မြောင်) က ပြောပါတယ်။

ပန်းတောင်း၊ ထုံးဘိုနယ်မြေရဲစခန်းက အမျိုးသမီးရဲတပ်သား ၁ ဦး သေနတ်နဲ့ကျည်တွေယူပြီး ထွက်ပြေးသွား

“ပျောက်နေတာက ၈ ရက်လောက်ကတည်းက။ သိတာက ၉ ရက်နေ့မှ ပျောက်နေမှန်းသိတာ။ ကင်းတာ၀န်အလွှဲအပြောင်းလုပ်ပြီး သေနတ်တလက်နဲ့ ကျည်တွေယူပြီး ထွက်ပြေးသွားတာ။ ခုထိလည်း ရှာမတွေ့သေးဘူး"

မင်းလှရှိ စစ်ကောင်စီတပ်စခန်းကို PDF တွေသိမ်းပိုက်

"အဲဒီမှာက သစ်တောကရယ် ရဲနဲ့ စစ်သားတွေ အထိုင်ချနေပြီးတော့ သစ်ခိုးထုတ်တာတွေကို ခွင့်ပြုပေးနေတာ။ အခွန်တွေကောက်ပြီး တောထဲတွေ့တဲ့ အရပ်သားတွေဆီက ပိုက်ဆံ‌တောင်းတာတွေ၊ ဖုန်းသိမ်းတာတွေ လုပ်နေတာကြောင့်သွားတိုက်ခိုက်တာပါ"လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ရဲဘော်တဦးက ပြောပါတယ်။

မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်စွဲလိုက်တဲ့ ရွာနှစ်ရွာက ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေး အချို့ဖမ်းဆီးခံထားရ

"ရွာနှစ်ရွာက ဒေသခံတွေကို ဖမ်းထားပြီးတော့ ကတုတ်ကျင်း‌ တူးခိုင်းတာတွေ၊ ဘန်ကာတွေလုပ်ပြီး သဲအိတ်တွေသယ်ခိုင်းတာတွေ လုပ်ခိုင်းနေတယ်လို့ သိရတယ်။ ဒေသခံတွေလည်း လွတ်ရာကိုရှောင်တိမ်းနေကြရတာ တထောင်နီးပါးလောက်ရှိတယ်"

စစ်တပ်ပိုင် ရွှေမန်းသူ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၂၃ ဦးထိခိုက်

"သေဆုံးက (မ) ၁ ဦး ၊ စိုးရိမ်ရ ၈ ဦးနဲ့ မစိုးရိမ်ရတဲ့ လူနာက ၁၅ ဦး၊ အားလုံး ၂၃ ဦးရှိပါတယ်"

စဉ့်ကူမြို့နယ်က PDF ၃ ဦး စစ်တပ်ထံ အလင်းဝင်တဲ့သတင်း မမှန်ကန်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေပြော

စစ်ကောင်စီက ထုတ်ပြန်တဲ့သတင်းမှာတော့ အလင်းဝင်လာသူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်နယ်မှ တာ၀န်ရှိသူတွေက စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ အုပ်ထိန်းသူတွေကို ခေါ်ဆောင်ပြီး ပြန်လည်အပ်နှံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

"ဒီနေ့ထိ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပါ။ သူတို့ (စကစ)ဘက်က အထိနာထားတော့ မြင်သမျှကို ပစ် ခတ်နေတာ။ ပြေးနေရတဲ့‌ပြည်သူတွေလည်း မနည်းဘူး။ သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းတွေမှာ တပ်စွဲနေထိုင်ဖို့ အစီအစဉ်မရှိပါဘူး" လို့ KNU ဗဟိုမှ ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

အထူးစုံစမ်းစစ်ဆေးရေး(စသုံးလုံး) ညွှန်ချုပ်ရာထူးကို စစ်တပ်အရာရှိကြီးနဲ့ အစားထိုး

စသုံးလုံးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးအောင်ဇော်လင်း ဆိုသူဟာ စစ်ဘက်တာဝန်ထမ်းဆောင်စဉ်က ဗိုလ်မှူးကြီးအဆင့်နဲ့အထက်ဖြစ်ပြီး မင်းအောင်လှိုင် ယုံကြည်ရသူတွေထဲက တဦးဖြစ်နိုင်တယ်လို့ CDM တပ်မတော်သားအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုထားကာ ဦးအောင်ဇော်လင်းနဲ့ပတ်သက်တဲ့ စစ်ဘက်တာဝန်အချက်အလက်တွေကို မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ပဲခူးအရှေ့ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိလာ

"နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတော့ စစ်ရှောင်တွေပိုပိုများလာတာပေါ့။ စစ်ကောင်စီက ပစ်လိုက်တဲ့လက်နက်ကြီးတွေ ပြည်သူတွေကို ထိတာမနည်းဘူး။ ခုဆိုရင် စစ်ရှောင်တွေ ၂ သိန်းကျော်ထက်မနည်းရှိနေပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10