ပျူစောထီးရှိတဲ့ရွာကို လမ်းမှားဝင်မိတဲ့ PDF ရဲဘော်၂ ဦး သတ်ခံရ
"အဲ့ဒါ သူတို့(PDF)နယ်မြေပါဗျာ။ ဘယ်လိုများ မှားဝင်လိုက်လဲ မသိပါဘူး။"
"အဲ့ဒါ သူတို့(PDF)နယ်မြေပါဗျာ။ ဘယ်လိုများ မှားဝင်လိုက်လဲ မသိပါဘူး။"
"ဝတ်ပေးထားတဲ့ ယူနီဖောင်းကလည်း ဒီဘက်က အဖွဲ့တွေသုံးတဲ့ယူနီဖောင်း မဟုတ်ဘူး။ နောက်ပြီး ကားသမားကို ကားရောပါ ဖမ်းလိုက်တာ။ အဲဒီကားကလည်း အခုကြွယ်ပုံကို ရောက်နေတယ်"
"လက်နက်ကြီးမှန်တဲ့အထဲ သူပဲအသက်ရှင်တာ။ သူလည်း တကိုယ်လုံးလောင်သွားတော့ ရေရှည်ကုရမှာ။ မလွယ်ဘူး "
"မနက် ၆ နာရီလောက်ဆို သူတို့ (စကစပူးပေါင်းအဖွဲ့)ရောက်နေပြီ။ လာသမျှဆိုင်ကယ်တွေ အကုန် တားပြီး ယောကျာ်းလေးမှန်သမျှ အကုန်ခေါ်တာ။ ကားပေါ်ဆွဲတင်တယ်။ ပြီးရင် တံတားဦး မြို့နယ်ထွေအုပ်ရုံးထဲကို ပို့တယ်။ အဲဒီမှာ လူပြန်စစ်တယ်။ အသက် ၄၀ ကျော်၊ ၅၀ တွေရော ပါတယ်။"
တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ စဉ့်ကူးမြို့ကို တိုက်ပွဲတွေအပြီး ယခုစက်တင်ဘာလအတွင်းမှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၃ရက် နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးက ပေါင်၂၅၀ ဗုံးသီးတွေ ကျဲချခဲ့သလို စက်လက်တွေနဲ့လည်း ပစ်ခတ်သွားခဲ့တာကြောင့် လူနေအိမ်တလုံး ထိမှန်ပြီး ပြည်သူနှစ်ဦးလည်း ဒဏ်ရာရကာ မစိုးရိမ်ရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
စက်တင်ဘာ တတိယပတ်အတွင်း အောင်မြေသာစံမြို့နယ်မှာ အသက်၂၀ ဝန်းကျင်အမျိုးသား ၁ ဦး၊ စက်တင်ဘာ၂၁ ရက် ညနေပိုင်းမှာ ဧည့်စာရင်းဝင်စစ်ရင်း ဖုန်းစစ်ပြီး အမျိုးသား ၂ ဦး၊စက်တင်ဘာ ၂၂ မှာ ၆၃ လမ်းပေါ်မှာသွားလာနေသူ အမျိုးသား ၂ ဦး၊ ကျုံးမြောက်ဘက်မှာ ဖုန်းစစ်ကာ ပစ္စည်းပို့သူအမျိုးသား ၁ ဦးနဲ့ ကျုံးတောင်ဘက်မှာ ပုဂ္ဂလိကဝန်ထမ်းအမျိုးသမီး ၁ ဦးတို့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။
" ခြေထောက်ပြတ်တဲ့ အမျိုးသမီး ၂ ဦး၊ ညာဘက်လက် အစမှန်ပြီး ဂျိုင်းဆက်ကနေ ပြုတ်သွားတယ်။ ခါးရိုးထွက်သွားတာက ၁ ယောက်ပါတယ်"
မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော် ၂ ဦးအပါ ၁၄ ဦး တရက်တည်းမှာသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
"မတ္တရာအနောက်ခြမ်းကို သူတို့နယ်မြေစိုးမိုးမှုလိုချင်လို့ ပြန်ကြိုးစားနေကြတာ ကြာပြီ။ အခုလည်း အဲဒါကြောင့် စစ်ကြောင်းထိုးတာ။ လက်နက်ကြီးနဲ့ပစ်တာကတော့ တပတ်နီးပါးရှိနေပြီ "
" ဒီနေရာမှာ မိုင်းတွေဆွဲနေတယ်ဆိုပြီး မိုင်းရှင်းလင်းရေးဝင်တယ်။ စစ်ကား ၂ စီးနဲ့ လာတယ်ပေါ့။ အောက်ကိုဆင်းပြီး မိုင်းရှင်းလင်းရေးလုပ်တဲ့အချိန်မှ ကျနော်တို့က မိုင်းဆွဲခဲ့တာပေါ့။ အဲဒီအချိန် ထိလည်းထိတယ်။ သူတို့ဘက်ကရမ်းသမ်းပြီး ကျနော်တို့ရဲဘော်တွေကို လိုက်လည်းပစ်တယ်ဗျ။ ကျနော်တို့ရဲဘော်တွေ ဖိနပ်တောင်မပါခဲ့ဘူး။ ထွက်ပြေးခဲ့ရတာ။"
“မနေ့က ပထမဦးဆုံး ရှင်းလင်းရေးအဖွဲ့ ဝင်တာ။ ဝင်တဲ့အခါကျတော့ မဒေါင်းလှရွာ စာသင်ကျောင်းရှိတယ်။ စာသင်ကျောင်းနဲ့ မီတာ ၅၀ လောက်အကွာမှာ နင်းမိုင်းတွေမြှုပ်ထားတာ။ အဲ့ဒီနင်းမိုင်းတွေကို နင်းမိတာ။ ရဲဘော် ၂ ယောက်ကတော့ ခြေထောက်ပေးဆပ်လိုက်ရတယ်။”
"သူတို့က (စကစ) ယူနီဖောင်းလည်းမပါတော့ ကျနော်တို့မဟာမိတ်တွေအနေနဲ့ ဝင်လာတယ်ပဲ ကင်းသမားတွေက ထင်လိုက်တာ။ အဲ့ဒီအချိန်မှာ ရင်း ၃ အိုင်အို ကိုဖက်တီးနဲ့ ခရိုင်ပကဖက ကိုအီးတီတို့က မုန့်စားဖို့ထွက်လာတာ။ မင်းတို့ဘယ်သွားမှာလဲလို့ လှမ်းမေးတော့ ကိုဖက်တီးက ကျနော် ရင်း ၃ ကပါလို့ ပြန်ပြောလိုက်တယ်။ ရင်း ၃ ကဆို မှောက်ဆိုပြီး ဖမ်းသွားတာ။ အဲ့ဒီအချိန်မှာအကုန် ဝရုန်းသုံးကား ဖြစ်သွားတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ ရွာရဲ့နေရာတော်တော် များများကို စစ်တပ်က စီးထားနေပြီ"