နယ်မြေမငြိမ်သက်လို့ ညအချိန်ပြုလုပ်ခဲ့ရတဲ့ တော်လှန်ရေး ဟောပြောပွဲ (Photo news)
"နယ်မြေအခြေအနေကြည့်ပြီးတော့ ညပိုင်းလုပ်ခဲ့ရတာပါ။ တရက်ကိုတရွာချင်း ပြောဆိုဖြစ်တယ်။ လက်ရှိနိုင်ငံရေးနဲ့ တော်လှန်ရေးအခြေအနေ၊ လူထုပါဝင်လှုပ်ရှားတာ၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို ပြောဆိုခဲ့တာပါလို့" ပညာပေးပြောဆိုသူ မမေဇင်မွန်က မြေလတ်အသံကို ပြောပါတယ်။