သတင်း

လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ တွဲကားတွေ မိုင်းဆွဲခံရ (ရုပ်/သံ)

လက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ တွဲကားတွေဟာ မန္တလေးဘက်ကနေ ထွက်လာတာဖြစ်ပြီး မေ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၈ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၁ ဦးကို ထပ်မံသတ်ဖြတ်၊ ပဲခူးအနောက်ခြမ်းမှာ အသတ်ခံရသူ ၅ ဦးရှိလာ

"ခေါင်းမှာက ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေရှိသလို လျှာကလည်း အပြင်ကိုထွက်နေတာဆိုတော့ လည်ပင်းကို တခုခုနဲ့ရစ်ပတ်ပြီး သတ်ဖြတ်ထားတဲ့ပုံပဲ"လို့ ပေါင်းတလည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဝက်လက်မြို့ပေါ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကို ကင်းလှည့်လာတဲ့ စစ်အုပ်စုကသတ်သွား

ဝက်လက်မြို့၊ အမှတ် (၃) စိန်တွင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုငြိမ်းချမ်းအောင်ဟာ မွေးရာပါ စိတ်မကျန်းမာသူတဦးဖြစ်ပြီး မြို့ထဲလမ်းလျှောက်နေစဉ် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား တွေကို သေနတ်နဲ့ ပစ်သတ်သွားသလို အလောင်းကိုလည်း မိသားစုဝင်တွေကို ပြန်မပေးဘဲ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကာကွယ်ရေးဘက်က ၄ ယောက်သေတယ်။ ပြည်သူက ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ ၂၃ ဦး ရှိတယ်။ အဲဒီအထဲက ခြေထောက်ဖြတ်ရတာ ၂ ယောက်နဲ့ လက်ဖြတ်လိုက်ရတာ ၃ ယောက်ရှိတယ် "

ဖောင်းပြင်က ကျေးရွာပျူစောထီးစခန်း ၄ ခုကို သိမ်းထားနိုင်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

“ပျူစခန်း ၄ ခုသိမ်းပြီး ဆည်ချောင်းနဲ့ ဟာပါမှာ စစ်ကြောင်းမှူးအပါ အကျအဆုံးများတယ်။ စစ်**နဲ့ ပျူတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်”

ဖမ်းဆီးစစ်ဆေးခံရကြောင်းသတင်းထွက်ပြီး လူမြင်ကွင်းကပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်နဲ့အတူ ပြန်တွေ့ရ (ရုပ်/သံ)

မေ ၁၁ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ၎င်းရဲ့လက်အောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို သွားရောက်တွေ့ဆုံကြောင်း စစ်တပ်သတင်းရုပ်သံမှာ ဒုဗိုလ်ချုပ်ကြီး ညိုစော ကို စစ်ခေါင်းဆောင်နဲ့အတူ တွေ့မြင်ရတာပါ။

ပုံတောင် Tiger PDF လက်နက်ထုတ်အဆောက်အဦကို ပြည်သူအကူအညီနဲ့ ပြန်တည်ဆောက်

“မိုးတွင်းကာလရောက်သွားပြီဖြစ်လို့ ထုတ်လုပ်နေတဲ့ အချိန်မှာ မိုးမလုံရင် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ ပျက်စီးသွားနိုင်လို့ ပြန်ပြုပြင် ရတာပါ။ လိုအပ်တဲ့ ထန်းလက်နဲ့ သစ်သားတိုင်တွေကိုတော့ ဒေသခံတွေဆီက အလှူခံရတယ်။ အခု ပြင်ဆင်မှုဟာ သုံးနှစ်တာအတွင်း ပထမဆုံးအကြီးစား ပြင်ဆင်မှုပါ”

လယ်ယာလုပ်ငန်းခွင်ကနေပြန်လာတဲ့ တောင်သူအမျိုးသား ၁ ဦးနဲ့ ကျွဲ ၂ ကောင် မိုးကြိုးထိမှန်သေဆုံး

" နေပူရာကနေ မိုးကရုတ်တရက်ရွာချပြီး မိုးကြိုးတွေပါပစ်တာ။ တောင်သူတွေကလည်း သူတို့လယ်ကနေ လှည်းတွေနဲ့ရွာအပြန်မှာ မိုးကြိုးထိတာ"

မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ

"ကာကွယ်ရေးဘက်က ၄ ယောက်သေတယ်။ ပြည်သူက ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ ၂၃ ဦး ရှိတယ်။ အဲဒီအထဲက ခြေထောက်ဖြတ်ရတာ ၂ ယောက်နဲ့ လက်ဖြတ်လိုက်ရတာ ၃ ယောက်ရှိတယ် "

လေကြောင်းအန္တရာယ်ကြောင့် မြိုင်ကပြည်သူ့အခြေပြုစာသင်ကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်နား

“ စကစက စာသင်ကျောင်းတွေလည်းမရှောင်၊ ဘုန်းကြီးကျောင်းတွေလည်းမရှောင် ပစ်ခတ်နေတာ။ တခြားမြို့နယ်တွေမှာလည်း စာသင်ကျောင်းတွေ ပစ်ခတ်နေတာတွေ့နေရတယ်။ လတ်တလောလေကြောင်းကနေ ခပ်စိပ်စိပ်ပစ်ခတ်နေတာတွေက မြိုင်နယ်၊ ပေါက်နယ်စပ်တွေမှာလည်းရှိနေလို့ စိုးရိမ်လို့ ယာယီနားလိုက်တာပါ”

ဘုတလင်ရဲစခန်းကထွက်လာတဲ့ ဆိုင်ကယ်စီးစစ်သားကို PDF က စောင့်ကြိုပစ်ခတ်လို့ သေဆုံး

“အဲ့စစ်သားက အရပ်ဝတ်နဲ့ ကြောင်ပန်းလမ်းအတိုင်း မောင်းလာတာကိုသတင်းရလို့ စစ်ကောင်စီအထိုင်ဂိတ်နဲ့ မီတာ ၃၀၀အကွာလောက်ကနေ စောင့်ပစ်တာပါ။ ဘာလုပ်ထွက်လာတာလဲတော့ မသိရဘူး“

ဖမ်းဆီးစစ်ဆေးခံရကြောင်းသတင်းထွက်ပြီး လူမြင်ကွင်းကပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်နဲ့အတူ ပြန်တွေ့ရ

ဖမ်းဆီးစစ်ဆေးခံနေရကြောင်းသတင်းတွေထွက်ပေါ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစောဟာ တလကျော်ကြာလူမြင်ကွင်းက ပျောက်ဆုံးခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ပြန်လည်ထွက်ပေါ်လာပါတယ်။

အင်းတကော်၊ ဆယ်မိုင်ကုန်းမှာ မီနီထရပ်ကားက တွဲကားကိုဝင်တိုက်လို့ သားအဖ ၃ ဦးသေဆုံး

"အရှိန်များတော့ လမ်းလယ်ကျွန်းတောင်ကျော်ပြီး တွဲကားကို သွားတိုက်မိတာ။ ကားခေါင်းထဲမှာလည်း သူတို့သားအဖ ၃ ဦးပဲပါတာ"

မြင်းခြံမှာ လက်နက်ဆောင်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တဦး ပစ်သတ်ခံရ

“လက်ဖက်ရည်ဆိုင် ရှေ့နားလမ်းပေါ်မှာ သုံးယောက်သား စကားပြောနေတုန်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ နှစ်ဦးက နေရာမှာ လဲကျပြီး တဦးကထွက်ပြေးသွားတယ်။”

MDF အဖွဲ့က Shar-Htoo-Waw နည်းပညာဖြင့် Fixed Wings Drone နဲ့ အီနာဂါဗုံးသီး ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

"ကျနော်တို့က သင်တန်းတက်ပြီး ကိုယ်တိုင်ပြန်လုပ်ကြတာ။ ကျနော်တို့ ရဲမေတွေကို သင်တန်းပြန်ပို့ချတယ်။ Drone မှာတပ်တဲ့ အီနာဂါဗုံးသီးပါ ကျနော်တို့က ကိုယ်တိုင်ထုတ်လုပ်နေပါပြီ။ ကျနော်တို့ တိုက်ပွဲ ၇ ပွဲလောက်ဆင်နွှဲပြီးပြီ။ အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့က ပွဲမတိုးခင်မှာ ပိုပြီးသေချာတိကျအောင် လေ့ကျင့်မှုတွေအများကြီး လုပ်ခဲ့တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10