အကျဉ်းထောင်တွေမှာ သောက်သုံးရေမလုံလောက်လို့ ရောဂါတွေဖြစ်ပွားနေ
"သာမန်အခြေနေထက်ကို ရေကို ခွက်ရေလျော့ပြီး ချိုးရတယ်။ မသန့်တဲ့ရေတွေ ချိုးရတယ်။ သောက်ရတယ်။ သောက်ရေတောင် အကျဥ်းသားတွေက ပိုက်ဆံစုဝယ်သောက်ရတဲ့အခြေနေရှိတယ်။"
"သာမန်အခြေနေထက်ကို ရေကို ခွက်ရေလျော့ပြီး ချိုးရတယ်။ မသန့်တဲ့ရေတွေ ချိုးရတယ်။ သောက်ရတယ်။ သောက်ရေတောင် အကျဥ်းသားတွေက ပိုက်ဆံစုဝယ်သောက်ရတဲ့အခြေနေရှိတယ်။"
“ လုသွားတဲ့သူက ဆိုင်ကယ်ကို ဘွဲ့ပင်ကန်ရပ်ကွက်ထဲက လယ်ကွင်းအနီးမှာထားခဲ့လို့ ရဲက အဲဒါပဲ ပြန်သိမ်းနိုင်တယ်။ လုတဲ့သူတွေကို ဒီနေ့အထိတော့မမိသေးဘူး။ ဓါးထောက်လုတယ်လို့ ပြောတယ်”
"ရှေ့ဆုံးက ပွိုင့်ထဲကို ၄၀ မမ ကျည်ကျပြီး ၁၀ ကောင်လောက် ထိသွားတာ။ ဒဏ်ရာရတဲ့ကောင်တွေကို လက်ပံတန်းကို ကားနဲ့ပြန်သယ်တုန်း လမ်းမှာ ၁ ကောင်သေတယ်လို့ သိရတယ်”
" ကားက ရန်ကုန်ဘက်နေ မန္တလေးဘက်ကိုမောင်းလာတာ။ အမျိုးသမီးကလည်း သူ့ရွာဘက်ကို လမ်းလျှောက်ပြန်လာတာ နောက်နေပွတ်ချိတ်သွားတာ"
"ဒီဘက်မှာတော့ ရေရှားပြီး မသန့်လို့ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်နေတယ်။ ရေကခမ်းပြီး အောက်ခြေမှာက နွံတွေပါတယ်။ လက်ရှိသောက်သုံးနေရတာက ကန်ရေပဲ။ ရဲဘော်၊ ရဲမေတွေက အရေပြားတွေပေါ်မှာ အဖုအပိန့်တွေထပြီး အရေပြားရောဂါလက္ခဏာပြနေတယ်။"
သင်တန်းဆင်းပွဲကိုတော့ တောတွင်းတနေရာမှာကျင်းပခဲ့ပြီး သင်တန်းဆင်း ရဲဘော်တွေရဲ့ဆန္ဒအရ သံချပ်သီဆိုတာတွေ ပြုလုပ်စေခဲ့တယ်လို့လည်း မတ္တရာပကဖရဲ့ တာ၀န်ရှိသူကပြောပါတယ်။
" ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။အဲဒါကို ဗုံးလာကြဲသွားတယ်။ အိမ် ၂ လုံး မီးလောင်ပြာကျသွားတယ်။ အိမ် ၉ လုံးလည်းပျက်စီးသွားတယ်။ သေဆုံးတာ ၇ ဦးနဲ့ ဒဏ်ရာရတာ ၉ ဦးရှိပါတယ်"
"စကစဘက်က လက်နက်ကြီးတွေပစ်နေတော့ သူတို့မိသားစုက အိမ်အောက်က ဗုံးခိုကျင်းထဲကို ဆင်းတာ။ သူတို့လည်းအိမ်အောက်အရောက် လက်နက်ကြီးလည်း သူတို့အနားအကျလိုဖြစ်သွားတာ"
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စာရင်းကောက်တာ မဲနှိုက်တာတွေ ပြုလုပ်လာတာနဲ့အမျှ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မိသားစုတွေ လာရောက်ကြသလို အချို့ကတော့ တပ်တွင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က မြေပဲ ၁ ဧကကို တင်းရေ ၁၀၀ ခန့် ထွက်ရှိပြီး အခုနှစ်ကတော့ ၁ ဧကကို တင်း ၃၀ နီးပါးသာ ထွက်တာကြောင့် ပုံမှန်မြေပဲ တင်းရေ ၁,၀၀၀ ကျော် ရရှိတဲ့တောင်သူတွေပါ အခုနှစ်မှာ တင်း ၂၀၀ ကျော်သာ ထွက်ရှိတော့တယ်လို့ သိရပါတယ်။
ထပ်မံသေဆုံးသူတွေဟာ အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်မြင့်နဲ့ အသက် ၃၇နှစ်အရွယ် ဦးဇော်လင်းတို့ ဖြစ်ပြီး မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ဆေးကုသရင်း ရရှိဒဏ်ရာတွေနဲ့အသီးသီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
မေလ ၁၂ ရက်မှာ အုတ်ဖိုမြို့ဘက်ကနေ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စီတုံးကျေးရွာအရောက်မှာ ဖမ်းဆီးလာတဲ့ အသက် ၂၀ အရွယ်လူငယ် ၂ ဦးကို ပစ်သတ်ခဲ့ပြီး မေလ ၁၃ ရက်မနက် ၃ နာရီမှာ ထန်းတောရွာဘက်မှာ တော်လှန်ရေးရဲဘော်အချို့ရှိနေချိန် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
မေလ ၁၂ ရက် မနက် ၉ နာရီခွဲလောက်မှာ ရေငံကျေးရွာရှိ စစ်ကောင်စီတပ်သားတွေက ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ရာ ဆင်တလင်းအုပ်စု၊ ထန်းပင်ချောင်ရွာက အသက် ၆၀ နှစ်အရွယ် အမျိုးသားတဦး သူ့အိမ်ခြံဝင်းက ငှက်ပျောတောထဲမှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
မေ ၁၃ ရက် ညပိုင်းမှာ ဖြူးမြို့၊ မြို့မအနောက်ရပ်ကွက် အသက် ၃၀ အရွယ် ကိုပဲပြားကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“အဲဒီ ကျန်းမာရေးမှူးက ရှေ့တန်းလိုက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရမယ် စာထွက်လာလို့ ထွက်စာ တင်ပြီး ဖုန်းပိတ်ထွက်ပြေးသွားတာ။ ဘာအဆက်အသွယ်မှ မရတော့ဘူး။”