ပြည်သူလှူတန်းတဲ့ ထန်းလက်နဲ့ ဘားတိုက်ဆောက်နေတဲ့ PDA ရဲဘော်တွေ (ရုပ်/သံ)
"ထန်းလက်ရောင်းတဲ့သူတွေတော့ ရှိတယ်။ တလက်ကို ၃၀၀ ကျပ်ပေါ့။ ကျွန်တော်တို့ကတော့ မရောင်းဘဲဒီတိုင်းပစ်ထားတဲ့ပိုင်ရှင်တွေဆီက အလှူခံရတာပေါ့။ ဝါးတို့ မျောတိုင်တို့ကလည်း တောလိုက်ပိုင်တဲ့ပြည်သူတွေက လိုသလောက်ခုတ်ယူဆိုပြီး လှူထားတော့ ရဲဘော်တွေကိုယ်တိုင်ပဲ ခုတ်ပီးအသုံးပြုတာပေါ့။ ငွေကြေးကတော့ ခက်ခဲတာပေါ့။ အဲ့ဒါကြောင့် အဓိကလိုအပ်တဲ့ လက်နက်ခဲယမ်းဖြည့်ဆည်းနိုင်ဖို့ တချို့နေရာတွေ အပိုမကုန်အောင်လုပ်ရတာပေါ့။"