သတင်း

လင်းဇင်းရဲစခန်း ဝင်တိုက်ခံရ၊ စစ်ကူလာတဲ့ ယာဉ်တန်းပါ မိုင်းဆွဲခံရလို့  စစ်ကောင်စီဘက် သေဆုံးမှုများနိုင်

ခလရ ၂၅၃၊ ခလရ ၂၅၄ နဲ့ ခလရ ၂၅၅ က စစ်သား၊ နယ်မြေခံရဲနဲ့ ပျူစောထီး အင်အား ၃၀ ဝန်းကျင်ရှိတဲ့ လင်းဇင်းစခန်းကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းကာ စခန်းအတွင်းအထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှု ၁ နာရီခွဲလောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးရွာစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဒရုန်း ၁ စင်းဆုံးရှုံး (ရုပ်/သံ)

ခွန်တောင်းကြီး၊ ပျူရွာ စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စခန်းကို ညနေ ၃ နာရီကျော်က ဒရုန်း ၂ စင်း၊ ၆၀ မမ ဗုံးသီး ၄ လုံးဖြင့် ကြဲချခဲ့ရာ ဒရုန်း ၁ စင်းကို စစ်တပ်ဘက်မှ ပစ်ချဖျက်ဆီးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖတာဝန်ရှိသူကပြောပါတယ်။

စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေးသွားလို့ ကျည်ဆန်တချို့ သိမ်းဆည်းရရှိ

"တိုက်ပွဲဖြစ်ပြီးတော့ သူတို့ဘက်က ဆုတ်ပြေးသွားတော့ ပစ်ခတ်မှုငြိမ်သွားတယ်။ ကျနော်တို့ဘက်ကလည်း အခြေအနေကို နာရီဝက်ကျော်ကျော်လောက်စောင့်ကြည့်ပြီးမှ သူတို့စခန်းထဲဝင်ခဲ့တာ။ စကစအလောင်းတွေ တော့ မတွေ့ရဘူး"

မုံရွာမှာ အပူဒဏ်ကြောင့် ၃ ရက်အတွင်း လူ ၃၀ ကျော်သေဆုံး (ရုပ်/သံ)

"အပူချိန်ပြင်းတော့ တချို့က နေ့လယ်ရေချိုးကြတာ။ ရေချိုးပြီးမကြာဘူး သေဆုံးကြတာ။ တချို့ကျတော့လည်း အပြင်ကပြန်အလာ မူးတယ်ဆိုပြီးလှဲချသေတာ။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေက နေအိမ်ထဲမှာနေရင်းနဲ့ကို ဆုံးတာရှိတယ်"

ပုလဲနယ်မှာ ကျား/မ အခြေပြု အကြမ်းဖက်မှုနဲ့အဓမ္မပြုကျင့်ခံရမှု လျော့ကျဖို့ အသိပညာပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ အဖွဲ့အစည်းတွေက မေ ၁၃ ရက်ကနေ ၁၉ ရက်အတွင်း ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ အဖွဲ့ထံက သိရပါတယ်။

ပဲခူးအနောက်ခြမ်းမှာ နွေစပါးအသစ် ကျပ် ၁၆ သိန်းကျော်လောက်သာ ပေါက်ဈေးရှိ

”မနှစ်က နွေစပါးဈေးက ၁၅ သိန်းဝန်းကျင်ရှိတယ်။ အဲ့ဒီအချိန်မှာ ရွှေဈေးက ၁ ကျပ်သား သိန်း ၃၀ ဝန်း ကျင်မှာရှိတယ်။ အခုနှစ် စပါးဈေးက ကျပ် ၁၆ သိန်းကျော်ပေမယ့် ရွှေဈေးက သိန်း ၅၀ ဖြစ်နေတယ်။ လယ်သမားဘက်က တွက်ရင်ရှုံးတယ်”

ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့က ရဲတပ်သားတဦး ကျည်မျိုးစုံ ၉၀ ကျော်ယူလာပြီး PDF ထံ အလင်းဝင်

“ သင်္ကြန်ပြီးကတည်းက အလင်းဝင်ဖို့ဆက်သွယ်ခဲ့ပေမယ့် သူ့ဘက်ကထွက်ဖို့အဆင်မပြေတော့ အချိန်က ကြာသွားတာပေါ့နော်။ လက်နက်တွေလည်း ယူလာလို့မရတော့ ကျည်တွေပဲယူခဲ့ရတယ်။ လုံခြုံတဲ့နေရာဆီပို့ထားတယ်”

မုံရွာမှာ အပူဒဏ်ကြောင့် ၃ ရက်အတွင်း လူ ၃၀ ကျော်သေဆုံး

"အပူချိန်ပြင်းတော့ တချို့က နေ့လယ်ရေချိုးကြတာ။ ရေချိုးပြီးမကြာဘူး သေဆုံးကြတာ။ တချို့ကျတော့လည်း အပြင်ကပြန်အလာ မူးတယ်ဆိုပြီးလှဲချသေတာ။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေက နေအိမ်ထဲမှာနေရင်းနဲ့ကို ဆုံးတာရှိတယ်"

ပေါင်းတည်မှာ မီးကြိုးကိုပါးစပ်နဲ့ကိုက်ခွာပြီး မီးပြင်တဲ့အမျိုးသား ဓါတ်လိုက်သေဆုံး

“ ပါးစပ်မှာ မီးကြိုးက ကိုက်လျက်သားနဲ့ သေနေတာ။ ပုံစံကြည့်ရတာ မီးကြိုးကာဗာကို ပါးစပ်နဲ့ကိုက်ခွာတဲ့ပုံပဲ။ မီးကလည်း မကြာခဏပြတ်လိုက်၊ လာလိုက်ဖြစ်နေတာ။ သတိလက်လွတ်ဖြစ်သွားပုံရတယ် "

စစ်ကိုင်း၊ မင်းကွန်းရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

အဲဒီမင်းကွန်းရဲစခန်းမှာ တပ်မ ၃၃ က စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၃၀ ကျော်အထိုင်ချတပ်စွဲထားပြီး ပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ ခရီးသည်တင်ကားတွေကို စခန်းထဲမောင်းခိုင်းပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်ကိုင်နေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ People Servant Force တာဝန်ခံ နက်ရှိုင်းက ပြောပါတယ်။

ရေစကြိုမှာ အငြိမ်းစားကျောင်းဆရာလင်မယား နေအိမ်အတွင်း သတ်ဖြတ်ခံထားရ

" ဆရာမတို့လင်မယားက အငြိမ်းစားယူပြီး ကျူရှင်သဘောမျိုးဖွင့်ပြီး ကလေးတွေကို စာသင်ပေးနေကျ။ မနေ့မနက်ကလည်း ကလေးတွေက ခါတိုင်းလို အိမ်လာစာသင်ချိန် တံခါးကပိတ်လျက်ဆိုတော့ မသင်္ကာလို့ ပတ်ဝန်းကျင်ကိုအကူအညီတောင်း တံခါးဖွင့်ကြည့်မှ အဲတော့မှ အသတ်ခံထားရမှန်းသိရတာ။ ဖြစ်နိုင်တာကတော့ ညပိုင်းကတည်းက အသတ်ခံထားရပုံပဲ"

မင်းကွန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ပျူစောထီး ၄ ဦးသေဆုံး

“လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာ၊ လက်နက်ကြီးက ၄၀ မမ နဲ့ ၆၀ မမ တွေပါတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခဲ့တယ်”

ပျူစောထီးကျေးရွာက ထွက်ပြေးလာသူတွေကို ဆန် တင်း ၁၀၀ ထောက်ပံ့

"မိုးရာသီဆို အလှူရှင်တွေ အရောက်နည်းတယ်။ ဆန်မရှိမှာကို စိုးရိမ်နေကြတယ်ဗျ။ အခုသူတို့စားဖို့ တလစာ လှူပေးခဲ့တယ်။ မိုးတွင်း ၅ လအတွက် ဆန်လိုအပ်ချက်ရှိနေပါတယ်"

ကားလမ်းပေါ်ထွက်နေတဲ့ ကြိုးစကို ဆွဲမိရာမှ အမျိုးသမီးတဦး မိုင်းထိဒဏ်ရာရ

" သူတို့က ဦးလေးဖြစ်တဲ့ စစ်ရှောင်ရဟန်းကိုသွားကြိုတာ။ သူတို့သွားတဲ့ကားလမ်းပေါ်မှာ ကြိုးကတန်းလန်းခံနေတာဆိုတော့ မိန်းမဖြစ်သူကကားပေါ်က ဆင်းပြီး ကြိုးကိုသွားဖယ်တာမှာ မိုင်းပေါက်ကွဲတာ "

ဖောင်းပြင်က ဒေသခံတွေကို သတ်ဖြတ်သွားတဲ့စစ်ကြောင်းကို PDF ကတိုက်ခိုက်၊ ခဲယမ်းအများအပြားသိမ်းဆည်းရမိ

“ သေတာတွေကတော့ အတိကျတော့ မသိနိုင်ဘူး။ ကျနော်တို့ သူတို့ရဲ့ ပိုးခြင်း ၅ ခြင်းရတယ်။ သူတို့ပစ္စည်းတွေရတာနဲ့ ခန့်မှန်းကြည့်ရင် မသေပါဘူးဆိုရင် ၁၀ ယောက် ကျော်ကတော့ အနည်းဆုံးပဲလို့ ခန့်မှန်းရတာပေါ့”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10