ဟားငါးကောင်အဖွဲ့က လူရွှင်တော် ဝိုင်းကျော် ၉၆ ပါးရောဂါနဲ့ကွယ်လွန်
“ကိုဝိုင်းကျော် ဒီမနက်ဆုံးတာ ဟုတ်ပါတယ်။ လာမယ့် မေလ ၂၄ ရက်မှာ ကျောင်းကြီးကျောင်းကနေ သင်္ဂြိုဟ်မှာဖြစ်တယ်။ အချိန်တော့ မသတ်မှတ်ရသေးဘူး”
“ကိုဝိုင်းကျော် ဒီမနက်ဆုံးတာ ဟုတ်ပါတယ်။ လာမယ့် မေလ ၂၄ ရက်မှာ ကျောင်းကြီးကျောင်းကနေ သင်္ဂြိုဟ်မှာဖြစ်တယ်။ အချိန်တော့ မသတ်မှတ်ရသေးဘူး”
“ရဲဘော်တွေနဲ့ ကျေးလက်နေပြည်သူတွေ ပူးပေါင်းပြီး ကဆုန်လပြည့်နေ့မှာ တော်လှန် ညောင်ရေသွန်းပွဲဆိုပြီးမှ ပြုလုပ်ခဲ့ကြတာပါ”
ကြားကာလပညာသင်ကြားနေတဲ့ G-12 ကျောင်းသား/သူများအတွက် လိုအပ်နေတဲ့ စာသင်ဆောင် ၁ ဆောင်ကို ထန်းလက်မိုး၊ ထရံကာ၊ သစ်သားနဲ့ ဟော်လိုသံပိုက်ကို အသုံးပြုကာ အုတ်ဖိနပ်ခံတည် ဆောက်ထားပြီး တန်ဖိုး ၃၁၃၆၉၅၀ (သုံးဆယ့်တသိန်း)ကျော် ဆောက်လုပ်ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
"Non CDM ဝန်ထမ်းတွေကို CDM လုပ်ဖို့ပြောထားတာကြာပြီ။ ဒါပေမဲ့ မလုပ်လို့ ဝင်ဖမ်းပြီး ပြန်အထွက်မှာ ပစ်ခတ်မှုဖြစ်တာ။ ကားပေါ်မှာ သေဆုံးသွားတဲ့ဝန်ထမ်းတွေက ကျနော်တို့ထင်ပြီး စကစတွေဘက်က ပစ်လို့ သေတာ။ ကျနော်တို့ရဲဘော်တဦးလည်း ကျခဲ့တယ်"
အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ငလှိုင်ကျေးရွာမှာ စစ်အာဏာမသိမ်းခင်ကတည်းက တပ်စွဲနေထိုင်နေတာဖြစ်ပြီး အခုနှစ်မေလ ၈ ရက်မှာ ရွာကနေထွက်ခွာသွားတာလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း အမှတ် ၁ စစ်ဒေသနယ်မြေ၊ စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမအကြားလှုပ်ရှားနေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက စစ်ဝတ်တန်ဆာတွေ လက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူ ၇ ဦးဟာ အသက်အရွယ် ၃၀နဲ့ ၄၅ နှစ်အကြားရှိပြီး သပိတ်ကျင်းတိုက်နယ် လိပ်ကျ၊ ကျောက်ဖြူ၊ လေးမိုင်၊ ကဘဲ့ကြီး၊ ပေသောင် ၊ချောင်းကြီးရွာတွေက ပျူစောထီး(စစ်တပ်လက်အောက်ပြည်သူ့စစ်)တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်က စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁ လကြာမြင့်ခဲ့ကာ ယမန်နေ့ မေလ ၂၀ ရက်က သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ Buffalo Soldiers Freedom Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မေလ ၁၇ ရက်မနက် ၅ နာရီကျော်ခန့်မှာ အင်အား ရေစကြို အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇ နဲ့ ၂၅၉ တပ်တွေက အင်အား ၃၀၀ ကျော်ဟာ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာနဲ့အဆိုပါ ကျေးရွာ ၃ ရွာကြားရှိ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
“ ဘလေး(ဒုရဲမှူး)သမီးကို လုသွားတဲ့တရားခံတွေကို ဒီနေ့ထိ မမိသေးဘူး။ တပတ်ပြည့်နေပြီ ရဲတွေလည်းစုံစမ်းနေတုန်းလို့ပဲ ကြားတယ်။ ဆိုင်ကယ်ကတော့ လုတဲ့သူကထားပစ်ခဲ့လို့ ရဲတွေတွေ့သွားတာ သူတို့ရှာလို့ မဟုတ်ဘူး”
တောဟိန်းတောင်ဗျူဟာအတွင်းရှိ တိုက်ပွဲမှာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေလ ၁၈ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနေ့လည် ၁ နာရီခွဲခန့်မှာ ရဲဘော်အားပေါင် ကျဆုံးခဲ့တာလို့ SAF ဗဟိုကော်မတီဝင် ကိုကျော်ဟိဏ်းက မြေလတ်အသံကိုပြောပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းအခြေစိုက် Rocket Fighter Pauk People Defence Force - RFPPDF တပ်ဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ် ဇွန်လအစောပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကို ရရာလက်နက်နဲ့ စတင်တော်လှန်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
မေလ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ အင်အား ၂၀ ကျော်ရှိနေတဲ့ အဲ့ဒီစစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ထန်းတောမကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၄၀ ဦးဝန်းကျင်ပါ စစ်ကြောင်းကို မြင်းခြံခရိုင်တပ်ပေါင်းစုတွေ ပေါင်းပြီး မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေကာ ၃ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကိုတွေ့ဆုံပြီး မိတ်ဆက်စကားပြောတာနဲ့ ပညာပေးဟောပြောတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။