ရေစီးနဲ့မျောသွားတဲ့ မောင်ဖြစ်သူကိုလိုက်ဆယ်ရင်း မောင်နှမ နှစ်ဦးစလုံးရေနစ်သေဆုံး
"ရေနစ်တဲ့ကလေးတွေရဲ့နေအိမ်အရှေ့နားလောက်မှာက ရေမြောင်းက လူကြီးခါးလောက်ရှိတယ်။ ဖြစ်တဲ့အချိန် မိုးကလည်းကောင်းနေ၊ တောင်ကျရေကလည်းစီးနေချိန် ကလေးက မြောင်းနား သွားဆော့တာနေမယ် မျောပါသွားတာ။ အမကလည်းလိုက်ဆယ်ရင်း မျောပါသွားတာ"