သတင်း

လျှပ်စစ်မီးမကြာခဏပျက်တဲ့ ပဲခူးအနောက်ခြမ်းမှာ လျှပ်စစ်မီးကြိုးတွေ ပေထောင်ချီပြီး အခိုးခံနေရ

“ဒီကောင်(သူခိုး)တွေမှာ တိုင်တက်တဲ့ ဖိနပ်တွေလည်း ပါတယ်။ သူခိုးတွေက အုပ်စုဖွဲ့ လှည့်ပတ်ခိုးနေတာ ဖြစ်ဖို့များတယ်။ သူတို့နဲ့ ပါဝင်ပတ်သက်သူတွေနေတဲ့ မြို့ကိုတော့ သဲလွန်စတွေ ရထားတယ်။ ဒါပေမဲ့ ဖမ်းလို့တော့ မမိသေးဘူး။ မီးကလည်း ပုံမှန်ရယ် မဟုတ်ဘူး။ လာလိုက်ပျက်လိုက်ဖြစ်နေတော့ သူခိုးတွေ အလုပ်ဖြစ်နေတာပေါ့ ”

တပ်ရင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားနဲ့ Sniper သင်တန်းဆင်းပွဲပြုလုပ်

စနိုက်ဘာသင်တန်းမှာ လူဦးရေ ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂ လကျော် ကြာမြင့်ခဲ့သလို သင်တန်းပြီးတဲ့နောက်ပိုင်းမှာလည်း သင်တန်းသားတွေဟာ သက်ဆိုင်ရာဌာနတွေဆီပြန်ပြီး တာဝန်ထမ်းဆောင်သွားကြဖို့ရှိတယ်လို့လည်းသိရပါတယ်။

အမျိုးသား ၁ ဦး ထိုင်ခုံမှာ လည်ပင်းချိန်းကြိုးပတ်လျက် သေဆုံး

မေ ၂၇ ရက် မနက်၆ နာရီခန့်မှာ KTV အရှေ့က ထိုင်ခုံမှာ အသက် ၂၉ နှစ်အရွယ် မောင်သန်းထိုက်အောင် ဘီးလင်းမြို့နေသူကို ထိုင်ခုံမှာထိုင်လျက်အနေအထားနဲ့ လည်ပင်းမှာ ဆိုင်ကယ်ချိန်းကြိုး ပတ်ချည်ထားပြီး ချိန်းကြိုးတဖက်က အုတ်တိုင်မှာ ချည်ထားကာ သေဆုံးနေတာလို့ဆိုပါတယ်။

ဒရုန်းမောင်းသင်ခဲ့ကြတဲ့ ကြောင်ရိုင်း-ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ရုပ်/သံ)

မြေပြင်ကတိုက်ခိုက်တာထက် ဝေဟင်ကဒရုန်းနဲ့ ဗုံးကြဲတာက ပိုတိကျတာကြောင့် တပ်ဖွဲ့ရဲ့ ရဲဘော် ၇ ဦးကို ဒရုန်းမောင်းနှင်သင်ကြားစေခဲ့တာလို့ ကြောင်ရိုင်း - ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပေါက်စီက ပြောပါတယ်။

မြောက်ခင်ရန်းရွာမှာ လူငယ် ၂ ဦး မီးရှို့အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့  မြန်မာစစ်တပ်ကို IIMM တောင်း

“ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်ပေးပို့ဖို့ မြန်မာစစ်တပ်ထံ အကြိမ်ကြိမ်တောင်းခဲ့ပါတယ်။ ဒီထဲမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ရာဇဝတ်မှုတွေပါဝင်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်က ဒီနေ့အထိ တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပါ။ ဒါကြောင့် IIMM အနေနဲ့ (မြောက်ခင်ရန်းရွာမှာ လူငယ် ၂ ဦး မီးရှို့အသတ်ခံရမှုနဲ့ ပတ်သက်လို့) တောင်းခံမှုအသစ်ထပ်ပေးပို့ခဲ့ကြောင်း ထုတ်ပြန်တာကြောင့် မြန်မာစစ်တပ်ဘက်က တုံ့ပြန်ဖို့မျှော်လင့်တယ်။”

ဆေးကုသခွင့်ခက်ခဲတဲ့ စစ်ကိုင်းတိုင်းက ကျေးရွာ ၇ ရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေး

“တချို့ရွာတွေဆို ဆေးပေးခန်းသွားဖို့တောင် နေ့ဝက်လောက် ဆိုင်ကယ်မောင်းမှ ရောက်တဲ့ ရွာတွေရှိပါတယ်၊ ဒီလိုရွာတွေက နာမကျန်းဖြစ်တဲ့သူတွေဆိုရင် မသွားနိုင်ကြတာ များပါတယ်၊ ဒီလိုရွာမျိုးတွေကို အဓိကထားပြီး ကျနော်တို့ သွားဖြစ်ပါတယ်။”

စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ဗုံးကြဲတဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်တာကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီးသွားတယ်လို့ မေလ ၂၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူ ၂၀ ကျော်ထဲက ၄ ဦးအသတ်ခံရပြီး ကျန်လူတွေကို ငွေနဲ့ ပြန်ရွေးရ

“ အမျိုးသား ၄ ဦး သေဆုံးတဲ့ ရက်ကို မသိရသေးဘူး။ အလောင်းတွေတော့ ပြန်မရဘူး။ ပြန်လွတ်လာသူတွေကိုလည်း နည်းမျိုးစုံနဲ့နှိပ်စက်ထားတာ”

ကျေးရွာချင်း ကုန်ကူးသန်းခွင့်ပိတ်ထားလို့ အောင်လံမြို့နယ်က ရွာ ၁၀ ရွာလောက်မှာ ရိက္ခာပြတ်နေ

“ရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူတွေ ဆန်ပြတ်တဲ့ပြဿနာ စတွေ့နေရပါပြီ၊ ရွှေပန်းတောရွာက ကားတွေ ထွက်လို့မရသလို့ ရွှေပန်းတောကျေးရွာ၊ နတ်မောက်၊ ကံသာယာအစရှိတဲ့ ရွာတွေဘက်က ဘယ်ကားမှလည်းအလာမခံဘူး၊ ဆိုင်ကယ်တွေလည်း အလာမခံဘူး၊ လူတွေကိုပါ အလာမခံတော့တာပါ”

အရှိုချင်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ တနှစ်ပြည့်အခမ်းအနားကို အွန်လိုင်းကနေပြုလုပ်

အရှိုချင်းတွေဟာ မကွေးတိုင်း ၁၀ မြို့နယ်၊ ပဲခူးတိုင်း ၈ မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ ၂ မြို့နယ်၊ ဧရာဝတီတိုင်း ၅ မြို့နယ်၊ ရန်ကုန်တိုင်း ၃ မြို့နယ်နဲ့ ရခိုင်ပြည်နယ်က ၁၁ မြို့နယ် ပေါင်း ၃၉ မြို့နယ်မှာ ပြန့်နှံ့ နေထိုင်ကြပြီး လူဦးရေ ၃ သိန်းကျော်ရှိကာ အရိူချင်းအမျိုးသား ဖက်ဒရယ်ကောင်စီ(ACNFC)ကို ပြီးခဲ့တဲ့နှစ် မေ ၂၅ ရက်က ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ကျောင်းအပ်လက်ခံနေပြီး ကျောင်းသုံးပစ္စည်းတွေကို အပြည့်အစုံ မပေးနိုင်သေး

“အလယ်တန်း‌ကျောင်းသားကို ကျောင်းသွားအပ်တာ ဘာစာအုပ်မှ မရခဲ့ဘူး။ ကျောင်းတက်မှ ရမယ်လို့ ပြော တယ်။ ပိုက်ဆံတောင်းတာမျိုးတော့ မရှိသေးဘူး။ ပုံနှိပ်အဟောင်းလေးတွေတော့ ကြိုစုထားလို့ တော်သေးတယ်”

ရင်သွေးရတနာကိုယ်ပိုင်ကျောင်း တည်ထောင်သူဆရာမကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချမှတ်

" သူ့ကိုစဖမ်းကတည်းက PDF ၊ NUG နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အကြမ်းဖက်ပုဒ်မတပ်ဖမ်းခဲ့တာ။ အခုလည်း အဲဒီအမှုနဲ့ပဲထောင်ချခံရတာလို့ သိရတယ်"

ဖလံအိုရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

ဖလံအိုရွာမှာ တပ်စွဲထားတဲ့ တပ်မ ၁၀၁ က စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ ခန့်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မေ ၂၆ ရက် မနက်အစောပိုင်း ၄ နာရီက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ MYG ခေါင်းဆောင်ဗိုလ်ဘလိတ် က ပြောပါတယ်။

ပြည်သူ့စစ်လုပ်ဖို့ လိုက်လံစည်းရုံးနေသူ ပစ်သတ်ခံရ

"သူ့ကို နေအိမ်အရှေ့ခေါ်ချပြီး ပစ်သတ်သွားတာလို့တော့ သိရတယ်။ ကျည်ထိဒဏ်ရာကတော့ သုံးလေးချက် လောက်ရပြီး နေရာမှာပဲ သေသွားတယ်"

လက်ပံတန်းမှာ စစ်တပ်သတင်းပေးဆိုတဲ့လင်မယား ၂ ဦး ဖမ်းဆီး ရှင်းလင်းခံရ

" သူတို့ဖုန်းထဲမှာ မြို့နယ်မှူးဖုန်းနံပါတ်ကအစ ရှိတယ်။ စစ်** တွေဆက်သွယ်ထားတဲ့ ဖုန်းနံပါတ် ၄ ခုတွေ့ တယ်။ သူတို့ဖုန်းကို သိမ်းထားတော့လည်း ဖုန်းဆက်လာတယ်။ သတင်းပေးနေကျမို့လို့ သတင်းမေးပုံရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10