၈ ရက်အတွင်း မုံရွာမြို့ခံရာနဲ့ချီ အဓမ္မဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံနေရတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်းက အသက် ၁၈ နဲ့ ၃၀ နှစ်ဝန်းကျင်အကြား အရပ်သားအမျိုးသား၊ အမျိုးသမီး ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။