သတင်း

ပွင့်ဖြူမှာ တောထဲထင်းခုတ်သွားတဲ့အမျိုးသမီး မိုင်းထပ်ထိ ■ ၃ ရက်အတွင်း ပွင့်ဖြူနယ်ခံအမျိုးသမီး ၂ ဦး မိုင်းထိပြီးဒဏ်ရာရခဲ့

" ကန့်သတ်ထားတဲ့နယ်မြေကို သူကထင်းခွေလာတာ။ သူက ထင်းချောင်းကိုခုတ်ပြီး လွှင့်ပစ်လိုက်တာမှာ မိုင်းပေါ်ကျပြီး ပေါက်သွားတာ။ နည်းနည်းဝေးလို့ အစမှန်သွားတယ်။ နီးရင်တော့ ခြေ၊လက် ပြတ်လောက်တယ်။

စစ်ကိုင်းမြို့မဈေးထဲ အသံမိုင်းကွဲပြီးနောက် စစ်တပ်ကပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်ထိမှန်

“အသံမိုင်းကွဲပြီးတော့ အုတ်စက်လို့ခေါ်တဲ့ ရပ်ကွက်ဘက်ကို ဆင်းတာရှိတယ်။ ပြည်သူထိတာပေါ့၊ စစ်ကောင်စီက ရပ်ခိုင်းတာကို မရပ်ဘဲနဲ့မောင်းပြေးလို့ လှမ်းပစ်တာ ပေါင်တချက်ထိသွားတယ်ဗျ။ တားတာကို မရပ်ဘဲနဲ့ မောင်းပြေးတာတို့ ဒါမှမဟုတ် သူတို့ကိုမြင်လို့ လှည့်ပြေးတာမျိုးဆို လှမ်းပစ်တယ်။”

မြန်မာနိုင်ငံရဲ့ဝါချည်မျှင်အားထားရာ ပြည်မြို့နယ်မှာ မိုးများပြီး ဝါအထွက်နှုန်းကျဆင်းနိုင်

"အခုနှစ်က မိုးများနေတော့ အပင်အဖြစ်အသန်နည်းတယ်။ အပင်ပုပုလေးနဲ့ အသီးအပွင့်လိုက်နေပြီ။ တကယ်လို့ မိုးတအားဆက်ရွာနေရင် အပွင့်တိုင်းတင်ဖို့မလွယ်ဘူး။ မိုးများတော့ အခုချိန်ထိ အသီးဝင်တဲ့အထိကို ပေါင်းမြက်က အပြီးမသတ်နိုင်ဘူး။"

ဂန့်ဂေါနဲ့ဒီပဲယင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

“ ဆုံးသွားတဲ့ လူနဲ့နောက်တယောက်ပါသေးတယ်။ ဗုံးကြဲတာကို သွားကြည့်ကြတာ။ ဆုံးသွားတဲ့သူက ခြေတဖက်မသန်ဘူး။ နောက်တယောက်ကတော့ မြောင်းတခုမှာ ဝပ်နေလိုက်ရလို့ ဘာမှမထိခိုက်ခဲ့တာ။ ကျတဲ့ဗုံးသီးတလုံးနဲ့ တလုံးအကွာအဝေးက ပေ ၃၀၊၄၀၊၅၀ အဲ့လောက်ပဲကွာတယ်”

ဒရုန်းဗုံးသီး PDF တွေဆီမကျဘဲ ပြန်ပါသွားလို့ စစ်အုပ်စုဘက်က ၆ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ

"သူတို့က ဒီဘက်ကို ဒရော့ဗုံး(Drop Bomb) ချနေတာ ၅ စီးနဲ့။ ကိုယ့်ဘက်က ဂျန်ပါဂန်း(Jammer Gun)နဲ့ပစ်တော့ ဗုံးသီးကပြန်ပါသွားတာ။ သူတို့ခေါင်းပေါ်ရောက်မှာ ဗုံးသီးက ပြန်ပြုတ်ကျတာ။ သူတို့ ဗုံးသီးနဲ့သူတို့ပြန်ထိတာ"

မြစ်သာမြို့နယ်ထဲက ရေဘေးသင့် ၁၅၀၀ ကျော် ၁ လနီးပါးကြာတဲ့ထိ နေအိမ်မပြန်နိုင်သေး

မန္တလေးတိုင်း၊ မြစ်သာမြို့နယ်ထဲက ရပ်ကွက်အချို့နဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ရေဘေးသင့်ပြည်သူတွေ ၁ လနီးပါးကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

တပခကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း BWM ပြော

“ကင်းတဲကိုထိမှန်ပြီးတော့မှ အဲဒီက ၂ ဦးသေတာရယ်၊ နောက်တခုက တောင်ပိုင်းတိုင်းစစ်ဌာချုပ်ရဲ့ အုပ်ချုပ်မှုရုံးကိုထိလို့ အမိုးပွင့်သွားပြီးတော့မှ သေတာ ၃ ယောက်။ တပ်ရေးဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိ ၁ ဦးကတော့ ညာဘက်ခြေထောက်ဒဏ်ရာရတယ်၊ စိုးရိမ်ရတယ်။ နောက်တခုကတော့ အရာရှိလိုင်းခန်းကိုထိပြီးတော့မှ ၃ ဦး ဒဏ်ရာရတယ်"

ကူတော်တိုက်ပွဲမှ အောင်ပွဲပြန်ရဲဘော်တွေကို ဂုဏ်ပြုငွေချီးမြှင့် (ရုပ်/သံ)

“မုန့်ဖိုးပေးတာတော့ ၁ သိန်းစီပေးတာပါ။ ရဲဘော်တွေမှာလည်း ဖုန်းဘေ၊ အဝတ်စား၊ တကိုယ်ရည်စာသုံး လိုအပ်ချက်တွေရှိတယ်လေ။ အဲဒါတွေကို တတ်နိုင်သလောက်လေး ဖြည့်ဆည်းပေးတာဖြစ်သလို ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ သဘောလည်းပါပါတယ်"

ပွင့်ဖြူမှာ မှိုနှုတ်သွားတဲ့အမျိုးသမီးတဦး မိုင်းထိလို့ဒဏ်ရာရ

" ဒေသခံအမျိုးသမီးမိုင်းထိတာက တော်လှန်ရေးအင်အားစုတွေက နယ်မြေတိုးချဲ့တဲ့နေရာမှာ တိုက်မိုင်း၊ တူးမိုင်းထောင်ထားတာရှိတယ်။ အဲ့နေရာတွေကိုလည်း ကျေးရွာပကဖတွေ ပြည်သူလူထုတွေကို ကန့်သတ်နေရာဖြစ်လို့ မသွားဖို့ကန့်သတ်ထားတာရှိတယ်။ အဲ့လိုအချိန်မှာပဲ ခုချိန်က မှိုတွေပေါက်တယ်ဆိုတော့ မှိုထွက်ရှာရင်းခုလိုထိတာ"

စခန်းသိမ်းစစ်ဆင်ရေးတွေအတွက် လေ့ကျင့်သင်ကြားပေးခဲ့တဲ့ မွမ်းမံသင်တန်းဆင်းပွဲ

“နည်းဗျုဟာအရဆိုရင် အသစ်တွေထပ်ပါလာမယ်၊ သင်ရိုးမှာ လက်နက်ကြီး (စက်လတ်/RPG/40mm/60mm)အထိပါမယ်၊ သင်တန်းက ခပ်ကြမ်းကြမ်းပေးရတော့ တချို့ဖျားနာတာတွေတော့ရှိပါတယ်၊ သင်တန်းသားအားလုံး အခက်အခဲကျော်ဖြတ်နိုင်ကြပါတယ်၊ ပြီးဆုံးအောင်သင်ယူကြပါတယ်။”

စစ်ကိုင်းနဲ့မကွေးတိုင်းမှာ Starlink သုံးခွင့် ယာယီရပ်ဆိုင်းထား  ■ စစ်ရေးသတင်း ပေါက်ကြားမှုတွေရှိလို့ဟုဆို

"ဒီမတိုင်ခင် အလုပ်လုပ်တာလေးတွေရှိတယ်။ ဒါပေမယ့် အဲ့ဒီသတင်းတွေပေါက်တယ်။ အဲ့ဒါကြောင့် Public မှာအခကြေးငွေနဲ့ပေးသုံးတဲ့နေရာတွေကို ပိတ်လိုက်တာပါ။ ရုံးပိုင်းဆိုင်ရာတွေကတော့အသုံးပြုလို့ ရပါတယ်"

စစ်ကောင်စီလက်ချက်နဲ့ ၁ လအတွင်းမြေလတ်ဒေသက အမျိုသမီး ၁၈ ဦးအပါ ၆၃ ဦးသေဆုံး

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းစတဲ့ မြေလတ်ဒေသအပါ နိုင်ငံတဝန်းက မြန်မာအမျိုးသမီး ၆၃ ဦးသေဆုံးပြီး ၆၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်ထားပါတယ်။

ကြားကာလပြည်သူ့အခြေပြုကျောင်း ၂၀ ကျော်ပါဝင်တဲ့ စကားရည်လုပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မြို့နယ်လုံးဆိုင်ရာ စကားရည်လုပြိုင်ပွဲကျင်းပခဲ့ပြီး ကြားကာလ ပြည်သူ့အခြေပြုကျောင်းပေါင်း ၂၀ ကျော်က ကျောင်းသားတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြတယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တာဝန်ခံဆီက သိရပါတယ်။

ကြားကာလပြည်သူ့အခြေပြုကျောင်း ၂၀ ကျော်ပါဝင်တဲ့ စကားရည်လုပွဲကျင်းပ

“ကျောင်းသားတွေ ဒီကျောင်းသားနိုင်ငံရေးမှာ ပါသင့်မပါသင့်၊ လက်နက်ကိုင်တော်လှန်ရေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေ၊ လက်ရှိပညာရေးစနစ်၊ တော်လှန်ရေးခေါင်းဆောင်တွေအပေါ် ဝေဖန်ချက်တွေနဲ့ စကားရည်လုခေါင်းစဥ်တွေ သတ်မှတ်ပြီးတော့ စကားရည်လုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာပါ။”

ဝမ်းတွင်းနဲ့တောင်ငူမှာ ဒေသတွင်းမြစ်တွေရေထပ်တက်လို့ ရေကြီးပြန် ■ တောင်ငူနယ်ဟာ ယခုနှစ်အတွင်း ၄ ကြိမ်မြောက် ရေကြီးခြင်းဖြစ်

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်နဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းက ဒေသတွင်းမြစ်တွေမှာ ရေပြန်တက်နေတာကြောင့် ရေကြီးရေလျှံမှုတွေ ပြန်လည်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10