သတင်း

ဘုတလင်နယ်ကို စစ်တပ်ကဗုံးကြဲလို့ ဒေသခံ ၃ ဦးဒဏ်ရာရပြီး ပျက်စီးမှုရှိ  ■ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဓမ္မာရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်

“ပြည်သူတွေက ရှောင်ချိန်မရလိုက်တာ။ ဂျက်ဖိုက်တာက ပြည်သူတွေ၊ သာသနာ့အဆောက်အအုံတွေ စာသင်ကျောင်းတို့ ဆေးရုံတွေကို တိုက်ခိုက်တာဆိုတော့။ အမှတ်မထင်ပေါ့ဗျာ။”

နေအိမ်မီးလောင်ချိန် အိမ်ထဲအိပ်နေတဲ့ကလေးငယ် ၂ ဦး မီးထဲပါသေဆုံး

"ထမင်းအိုးတည်ရာကနေ မီးလောင်တာလို့ သိရတယ်။ မီးဖိုက အိမ်ပေါ်မှာ။ ဦးမြင့်သိန်းက ထမင်းအိုးတည်ရင်းကနေ အပြင်ကိုသွားလိုက်တယ်။ သူပြန်ရောက်တဲ့အချိန် မီးကခေါင်ကိုစွဲနေပြီ။ ကလေးတွေက အိမ်ထဲအိပ်ပြီးကျန်ခဲ့တာ"

ဂမုန်းဆည်ပေါ်မှာ တိုက်ပွဲဖြစ်ပြီး ဒုဗိုလ် ၁ ဦးအပါ စစ်သား ၁၂ ဦးသေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

လက်နက်ကြီးငယ်တွေနဲ့ နှစ်ဘက်တိုက်ခိုက်မှုကြာမြင့်ချိန် ၁ နာရီဝန်းကျင်ရှိပြီး စစ်တပ်စီတပ်သား ၁၂ ဦးသေကာ ၁၄ ဦးခန့် ဒဏ်ရာရရှိတဲ့အပြင် ၎င်းတို့ဆီကနေ ၆၀ မမ (BA 100) ၁ လက်၊ MA 1 ၁ လက်၊ G 3 ၂ လက်၊ အီနာဂါ ၁ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ G 3 ကျည် ၁၈၁ တောင့်၊ ၅. ၅၆ ကျည် ၁၃ ‌တောင့်၊ ဖုန်း ၅ လုံးနဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ပေါက်ကပျူစောထီးတဦး ကင်းကျနေချိန် လက်နက်ခဲယမ်းတွေယူပြီး အလင်းဝင်လာ

“အခုအခွင့်သာလို့ သေနတ်ပါယူလာပြီး ပြေးလာတာ၊ သူကင်းကျတဲ့အချိန် သေနတ်ယူပြီးထွက်လာခဲ့တာ၊ သူတို့ကို ကင်းစောင့်တဲ့အချိန် (သေနတ်)ပေးထားတာ၊”

ကန့်ဘလူနဲ့ခင်ဦးမှာ စစ်တပ်ကဗုံးကြဲလို့ ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရ

“အိပ်နေတဲ့အချိန် (ဗုံး)လာချတာ။ မထင်မှတ်ပဲချလာတာဆိုတော့ ပြေးချိန်မရလိုက်ကြဘူး။ လူ ၅ ယောက်ဒဏ်ရာရပြီးတော့ နွား ၂ ကောင်သေတယ်။ အိမ်တွေလည်းပျက်စီးသွားတယ်။ ပျက်စီးအိမ် အရေအတွက်ကိုတော့ စာရင်းမကောက်ရသေးဘူး”

မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ပြီး သန်းခေါင်စာရင်းကောက် ■တမြို့နယ်လုံးကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးအင်အားစုတွေ ပြော

"မင်းတုန်း၊ မင်းလှ၊ မင်းဘူးဒေသတွေရဲ့ မြို့ပေါ် ရပ်ကွက်တွေနဲ့ ပျူရွာတွေကလွဲလို့ မြို့နယ်အတွင်းက ကျေးရွာအများစုကိုတော့ စကစအနေနဲ့ သန်းခေါင်စာရင်း အပြည့်အဝကောက်ယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့မြင်ပါတယ်။"

ပေါက်ခေါင်းမှာ ရာအိမ်မှူးတဦး ပစ်ခတ်ခံရပြီးသေဆုံး

"အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူနေတဲ့ ရပ်ကွက်ကျေးရွာတွေက ဆယ်အိမ်မှူး ရာအိမ်မှူး အားလုံး စစ်ကောင်စီရွေးကာက်ပွဲနဲ့ပတ်သက်လို့ သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး လှုံဆော်တာနဲ့အတူ ပြည်သူလူထုကို နိုင်ထက်စီးနင်းလုပ်တာမှန်သမျှကို ထိရောက်စွာအရေးယူမှာပါ။"

လှည်းလမ်းအတိုင်းလမ်းလျှောက်လာတဲ့ ကောက်စိုက်သမ ၂ ဦး ကားတိုက်ခံရလို့ ၁ ဦးသေဆုံး

"ကားက အရှိန်လွန်ဘရိတ်ပေါက်ပြီး ဝင်တိုက်တာ။ သူတို့က ကောက်စိုက်ဖို့ လှည်းလမ်းအတိုင်းသွားနေတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

စေတုတ္တရာနဲ့နတ်မောက်မှာ ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးအမျိုးသမီးဆိုသူတွေ အသတ်ခံရ ■ ဖမ်းဆီးခေါ်ဆောင်စဉ် ခုခံတာနဲ့ ထွက်ပြေးတာတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေပြော

မကွေးတိုင်း၊ စေတုတ္တရာနဲ့ နတ်မောက်မြို့နယ်တွေမှာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦးတို့ အောက်တိုဘာ ၁ ရက်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

MVRF က ကျဆုံးရဲဘော် ၇ ဦးကိုအလေးပြုပြီး ကျန်ရစ်မိသားစုတွေကို ထောက်ပံ့

“အရင်တုန်းကတော့ ဘဏ္ဍာငွေပေါ်မှုတည်ပြီး ထောက်ပံ့ပေးခဲ့တာပါ။ အခုတော့ ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေကို လစဉ် ၁ သိန်းထောက်ပံ့ပေးနေတာ။ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့က ဒီထက်ပိုပြီးထောက်ပံ့ပေးနိုင်အောင် ကြိုးစားသွားမှာပါ”

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်း Drone နဲ့ တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်မှုရှိ (ရုပ်/သံ)

ကန့်ဒေါင့်ရဲစခန်းအတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ရဲ စုစုပေါင်းအင်အား ၅၀ ခန့် အထိုင်ချတပ်စွဲနေတာဖြစ်ပြီး အောက်တိုဘာ ၁ ရက် မနက် ၉ နာရီခန့်မှာ Drone ၅ စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ EagleWings Drone Force အဖွဲ့တာဝန်ခံက ပြောပါတယ်။

မတ္တရာက ကျေးရွာတခုကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီလို့ ပုံရိုက်သွားပြီး ဝါဒဖြန့် ■ ထန်းပင်ကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူထားဆဲဖြစ်

"မတ္တရာအရှေ့ခြမ်းက ဒီကောင်တွေတော်တော်များများနေရာတွေကို ထိုးစစ်သိပ်မရှိတော့ဘူး။ ထန်းပင်ကုန်းကို စစ်တပ်ပြန်သိမ်းတယ်ဆိုတာလည်းမဟုတ်ပါဘူး"

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာ မြို့လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ

“ကောလင်း၊ ပင်လည်ဘူး မြို့ပေါ် နယ်ပါမကျန် သူတို့အုပ်ချုပ်ရေး ယန္တရား မလုပ်နိုင်ဘူးလေ။ အုပ်ချုပ်ခံလူလည်း မရှိဘူး၊ ပင်လည်ဘူးဆို အကုန်ရှင်းတယ်။”

ရေဦးမှာ ပေါင်းအငှားလိုက်နုတ်တဲ့ အမျိုးသမီးတဦး လက်နက်ကြီးထိမှန်သေဆုံး

“လက်နက်ကြီးစတွေက နားနောက်ဖက်ကနေ နောက်စေ့ကိုဖောက်ဝင်သွားတာ။ ပွဲချင်းပြီးသေတာ။ နောက်စေ့အသားတခြမ်းက ပွင့်ထွက်သွားလို့ ရှာမတွေ့ခဲ့ဘူး။ ဦးခေါင်းနောက်စေ့က ကွက်လပ်ဖြစ်သွားတယ်”

ကောလင်းမှာ ၃ ရက်ဆက်တိုက် လေကြောင်းကြဲခံရလို့ ၇ ဦးသေ ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)

ကန့်ဘလူနဲ့ ကျွန်းလှက ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဖွင့်လှစ်ထားတဲ့ “ကျွန်းလှမီးအိမ်ရှင်” တယ်လီဂရန်ချန်နယ်မှာ အဆိုပါကျေးရွာတွေကို လေကြောင်းနဲ့ တိုက်ခိုက်ပေးဖို့ ပြောဆိုတာတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ကန့်ဘလူနဲ့ ကောလင်းမြို့နယ် လမ်းကြောတဆက်ထဲမှာရှိတဲ့ ပင်းတဲ၊ မကျီးကုန်း၊ ရွာသစ်၊ တဂေါင်းအိုင်၊ ဥက္ကံ စတဲ့ရွာတွေကို လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတာလို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10