သတင်း

ဦးဝါသဝစစ်ကြောင်း မီးရှို့သွားတဲ့ ခင်ဦးနယ်က စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ (ရုပ်/သံ)

ခင်ဦးမြို့နယ်၊ သုံးရွာတန်းက စစ်ရှောင်ပြည်သူတွေဟာ နေအိမ်တွေမီးရှို့ခံရပြီး ရွှေ့ပြောင်းနေထိုင်နေရကာ ကိုယ်ဝန်သည်မိခင်တွေနဲ့ ကလေးငယ်တွေအပါအဝင် အများစုဟာ ဆေးဝါးနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး ၂ ဦးဒဏ်ရာပြင်းထန် (ရုပ်/သံ)

တိုက်ခိုက်ရာမှာ ၁၀၀ မမ၊ ၁၂၀ မမ၊ ၁၃၀ မမ လက်နက်ကြီးတွေနဲ့ မီတာ ၅၀၀ လောက်ကနေ ပစ်ခတ်ခဲ့ချိန် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။

တောင်ငူမှာ အသက်ကယ်လှေမလုံလောက်လို့ နေရာတိုင်းကို ကယ်ဆယ်ရေးသွားဖို့ အခက်တွေ့နေ

" အဓိက,က လှေမလုံလောက်တဲ့ အခက်ခဲဖြစ်တာ။ အုပ်ချုပ်ရေးပိုင်းကတော့ လှေပေးတာက မရှိသလောက်ပဲ။ အချို့နေရာတွေအတွက် ထုတ်ပေးပေမယ့် မလောက်ပါဘူး။ ပေးတာက တစီးနှစ်စီးလောက်ဆိုတော့။ အမှန်ဆို အစီးအများကြီး ပေးရမှာ။ ခုက ရေကအများကြီး တက်နေတာကိုး။ ပရဟိတဆယ်ဖွဲ့ရှိရင် တဖွဲ့မှာ တစီးတောင် မရှိကြဘူး။ အသင်းတိုင်း လှေမရှိဘူး။ ဆယ်ဖွဲ့လုံးမှ လေးငါးစီးလောက်ရှိတာ။ "

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်နေ

မနက် ၉ နာရီမှာ တံတားဦးနဲ့ မုံရွာလေတပ်ဘက်ကလာတဲ့ Y-12 ပေါ်ကနေ နာရီဝက်လောက် ဗုံး ၉ လုံးကြဲခဲဲ့ပြီး ၉ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာ၊ ည ၁၀ နာရီမှာ Y-12 နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရေဘေးရှောင်တွေခိုလှုံနေတဲ့ ဇရပ်ပေါ် သစ်ပင်ပြိုကျလို့ ၄ ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရ (ရုပ်/သံ)

"မယ်ဒက်မှာက နှစ်ချို့အင်ပင်ကြီးတွေက အများကြီးရှိတယ်။ မိုးရွာလေတိုက်ချိန် အမြစ်ပေါ်ပြီး လဲတာ။ ရုတ်တရက်ဆိုတော့ မိုးကလည်းရွာနေချိန် သစ်ပင်လဲတာကို မသိလိုက်ကြတာ။ ၄ ဦးကိုတော့ သစ်ပင်ထိသွားတာ။"

ချောင်းဦး ကံကြီးကုန်းပျူစောထီးရွာကို PDF တွေ ၂ ရက်ဆက်တိုက်ခိုက် ၇ ဦးသေဆုံးဟု ဆို (ရုပ် /သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်းက အင်အား ၁၀၀ ကျော်ရှိတဲ့ ကံကြီးကုန်း ပျူစောထီးရွာကို PDF ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ၄၀ မမ၊ ၈၀ မမ တွေနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Monywa Inventor အဖွဲ့က တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ပြောပါတယ်။

ရေဘေးရှောင်တွေခိုလှုံနေတဲ့ ဇရပ်ပေါ် သစ်ပင်ပြိုကျလို့ ၄ ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရ

"မယ်ဒက်မှာက နှစ်ချို့အင်ပင်ကြီးတွေက အများကြီးရှိတယ်။ မိုးရွာလေတိုက်ချိန် အမြစ်ပေါ်ပြီး လဲတာ။ ရုတ်တရက်ဆိုတော့ မိုးကလည်းရွာနေချိန် သစ်ပင်လဲတာကို မသိလိုက်ကြတာ။ ၄ ဦးကိုတော့ သစ်ပင်ထိသွားတာ။"

စစ်တောင်းမြစ်ဘေးက အိမ်တချို့ ရေနောက်မျောပါ၊ ကူညီသူတွေရောက်မလာသေး (ရုပ်/သံ)

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ရွှေကစောင်းရွာအရှေ့ပိုင်းဟာ စစ်တောင်းမြစ်ရေတက်လို့ စက်တင်ဘာ ၁၃ ရက် ဒီမနက်မှာ အနည်းဆုံး နေအိမ် ၃လုံး ရေနောက်မျောပါသွားပြီး ကူညီကယ်ဆယ်သူတွေရောက်ရှိမလာသေးဘူးလို့ ဒေသခံတဦးဆီက သိရပါတယ်။

နေပြည်တော် ကပစ ၁ မှာလည်း နေအိမ်တွေနစ်မြုပ်နေပြီး စစ်သား ၂ ဦးအပါ လူဒါဇင်ဝက်ထက်မနည်းသေဆုံးထားကာ ပျောက်ဆုံးမှုများနေ

ရေကြီးမှုတွေကြောင့် ကပစ ၁ မှ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သား ၂ ဦး၊ အသက် ၅၀ ကျော်အရွယ်မှီခိုအမျိုးသမီး ၁ ဦး နဲ့ ကလေး ၁ ဦးတို့အပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးထားပြီး လူသေဆုံးမှုမှာ ယခုထက်ပိုမိုများပြားနိုင်ကာ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ကို ပြန်တိုက်ဖို့ ကမ္မမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ PDF ထံ အလင်းဝင်

“သူက တခြားနယ်ကနေ ပြောင်းလာတာ။ နယ်မြေမကျွမ်းတော့ ကျနော်တို့ safe ဖြစ်တဲ့နေရာ (လုံခြုံတဲ့နေရာ)ကို လာခိုင်းပြီး ကျနော်တို့က သွားကြိုရတာ။ သူ ကမ္မမြို့ကို ပြောင်းလာတာ ၁ လကျော်ကျော်ပဲရှိဦးမယ်၊ သာကြီးတောင်ရဲစခန်းက ပြောင်းလာတဲ့ ရဲတပ်သားပါ။”

ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ နေပြည်တော် PDF ၂ ဦး စစ်တောင်းမြစ်ရေနဲ့အတူမျောပါသွားပြီး ၁ ဦး ပျောက်ဆုံးနေ

“အဆင့်ဆင့် တဦးနဲ့တဦး ကြိုးနဲ့ ဖောင်နဲ့ပေါ့နော်။ ဝါးဖောင်တွေလုပ်ပြီး ကယ်ထုတ်တဲ့အနေထားမှာ ရေစီးကသန်ပြီးတော့ ကယ်ဆယ်ရေးကြိုးတွေကနေ လွတ်ထွက်သွားပြီးတော့မှ ရေစီးနောက်ပါပြီး နစ်မြုပ်သွားတာပေါ့။”

နေပြည်တော်ကောင်စီနယ်မြေ ရေကြီးရေလျှံဖြစ်မှုမှာ သေဆုံးသူပြည်သူ ၁၉ ဦးရှိလာ (ရုပ်/သံ)

“အိမ်တိုင်လုံးကျွတ် မျောတာတွေလည်းရှိတယ်။ (ရေက) နည်းနည်းတော့ လိုက်ကျနေတယ်။ ဒါပေမယ့် အောက်ဘက်ခြမ်းတွေဆို အဝေရာဆည်တို့ ပေါင်းလောင်းဆည်တို့ဘက်တွေက ညဘက်ကရေလွှတ်တယ်ဆိုတော့ အဲ့ဘက်ကြောတွေမှာတော့ ရေများနေတယ်။ ပိတ်မိတာတွေရှိတယ်။ အကိုတို့သတင်းအရဆို ထောင်ချီလိမ့်မယ်

တံတားဦးအပိုင် အမြန်လမ်းပေါ်မှာ ရေကြီးနစ်မြုပ်လာလို့ ခရီးသွားကားတွေရပ်ထားရ

"လက်ရှိအခြေနေကတော့ ဟိုဘက်ဒီဘက် ပိတ်ထားတယ်။ ရေက တအားကိုတက်နေပြီ။ တံတားကျိုးပြီး အကုန်မြုပ်နေတယ်။ ရေက ကားလမ်းပေါ် ၃ ပေလောက်ရှိနိုင်မယ်။ (ကားတွေ) အကုန်ပိတ်ထားပြီ"

ရေဆက်တိုက်တက်နေတဲ့ တောင်ငူမှာ ဒေသခံတချို့ပိတ်မိပြီး အရေးပေါ်အကူညီလိုအပ်နေ

“မနေ့က (စက်တင်ဘာ ၁၂) ညနေ ၄ နာရီနောက်ပိုင်းလောက်ကနေ တညလုံးနီးပါးပဲ ရေတက်လာတာ။ သွားလာလို့ မရတော့အောင် ဖြစ်သွားပြီ။ ဒိုးအင်းရွာထဲမှာလည်း လာကယ်မဲ့သူကမရှိ။ ကျနော် ညကတည်းက လိုက်ပြီးတော့ (ဖုန်း)ပတ်ဆက်နေတာ မနက်အထိပဲ။ ဘုန်းတော်ကြီးကျောင်းရဲ့ ဆင်းဆင်းချင်းမှာ လှေကား ၉ ထစ်ရှိတယ် အခု ၄ ထစ်ပဲ‌ပေါ်တော့တာ။ ”

ရွာထဲကို စစ်တပ်က ရုတ်တရက်ပစ်ခတ်ဝင်လာလို့ ပြည်သူ ၂ ဦးသေဆုံးထားပြီး အချို့ပိတ်မိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နဲ့ ၂မိုင်ကျော်ကွာဝေးတဲ့ ထနောင်းဝန်းကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာတာကြောင့် ကျည်ထိမှန်သေဆုံးသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10