သတင်း

ဝက်လက်အခြေစိုက် Acid အဖွဲ့က ရိုင်ဖယ် သေနတ်ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာအခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ Acid အဖွဲ့က 7.62 Refile အမျိုးအစား သေနတ်ကို ဖေဖော်ဝါရီလကုန်မှာ ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

PDF ဆီပို့မယ့်လက်နက်တွေ ရေတာရှည်မြို့နယ်ထဲမှာ ဖမ်းဆီးခံရ

"လက်နက်တွေမိတာက ရေတာရှည်အပိုင်ထဲမှာ မိတာတော့ဟုတ်တယ်။။ ကျနော်တို့လည်း အဲ့ဒီသတင်းကြားလို့ လိုက်စုံစမ်းတော့ ဖမ်းခံရတဲ့ပစ္စည်းတွေက မကွေးဘက်ပို့ဖို့သယ်လာတာလို့သိရတယ်။ ဖမ်းခံရတဲ့ထဲမှာ ကျနော်တို့ပဲခူးအနောက်ခြမ်းကတယောက်ပါတယ်။ ကျနော်တို့အဖွဲ့တွေရဲ့ ပစ္စည်းမဟုတ်တော့ မကွေးဘယ်အဖွဲ့ကို ပို့မယ်ဆိုတာတော့သေချာမသိဘူး။ လက်နက်တွေကတော့ အဆင်ပြေသလို သယ်နေရတာပါဘဲ"လို့ ပြောပါတယ်။

ပကဖအဖွဲ့ဝင်၂ဦး ဖမ်းဆီးခံရပြီးနောက်ဆက်တွဲ ပြည်သူ ၁၅ ဦးကျော် ဖမ်းဆီးခံရ

“မြို့ထဲမှာ ပကဖရဲဘော်၂ ဦး အဖမ်းခံလိုက်ရတာ၊ အဖမ်းခံလိုက်ရတော့ သူတို့အလှူရှင်နာမည်တွေပါပါသွားတာ စာရွက်နဲ့ပေါ့၊ မြို့ထဲမှာက အဲ့စာရင်းအတိုင်း လိုက်ဖမ်းတာ၊ အလှူရှင်စာရင်းက စစ်ကောင်စီ လက်ထဲကို ရောက်သွားတယ်” လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

တမခ ၁၀၁ ကစစ်သားတွေ ကင်းပုန်းဝပ်နေတဲ့နေရာ ၃ နေရာကို တနေ့တည်းတိုက်ခိုက်

“၈ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မြိုင်မြို့အရှေ့ဘက်ပေါက်ပြင်းရွာမှာ ကင်းပုန်းဝတ်လာတဲ့ *၃ ကောင်ကိုတကြိမ် မိုင်းဆွဲခဲ့ပြီး၊ နေ့ခင်း ၂ နာရီ ၂၅ မိနစ်လောက်မှာ မြိုင်အရှေ့ဘက်၊ သံပုရာခြံကျေးရွာ၊ အခွန်လွတ်ဈေးနေရာမှာ တကြိမ်၊ နောက်ထပ် ဈေးဝန်းအတွင်းထဲမှာပဲ ပေပါမိုင်းအကြီးနဲ့တကြိမ် စုစုပေါင်း ၃ ကြိမ် မိုင်းဆွဲခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီခန့် နတ်မောက်မြို့နယ်ပညာရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

"သူက အောင်ဟိဏ်းစားသောက်ဆိုင်ကနေ သူ့အသိတွေနဲ့စားသောက်ပြီး ဆိုင်ကယ်နဲ့ တယောက်တည်းပြန်လာတာ။ သူပြန်တဲ့အချိန်ကိုစောင့်ကြည့်နေတာဖြစ်မယ်။ အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်သွားတာ" လို့ ပြောပါတယ်။

မိုင်းမတော်တဆမှုကြောင့် ၁၉ နှစ်အရွယ်ရဲဘော် ၁ ဦးလက်ဖြတ်လိုက်ရ

“MOD (Ministry of Defence – NUG) က ကျနော်တို့ကို အိမ်မက်တွေအမျိုးမျိုးပေးပြီး လက်နက်တွေ တပ်ဆင်ပါမယ်ပြောပြီးတော့ အရေးကြီးတဲ့မြို့နယ်ကို မတပ်ဆင်ပဲနဲ့ ကျန်တဲ့မြို့နယ်တွေကိုတပ်ဆင်နေတော့ ကျ‌နော်တို့တွေ တော်တော်ဒုက္ခရောက်တယ်၊ ကျနော်တို့တွေက ကိုယ်ထုကိုယ်ထဘဝနဲ့ပဲ အခုအချိန်ထိ တော်လှန်ရေးကို ဆက်လက်သွားနေရတုန်း၊ ရှိတဲ့လက်နက်နဲ့ပဲတွန်းလှန်နေရတယ်၊ သူတို့တွေ D Day တွေ ဘယ်လောက်ပဲကြော်ငြာ ကြော်ငြာ ကျနော်တို့တွေကို သူတို့လက်နက်မချပေးပဲနဲ့ ဘာမှလုပ်လို့မရဘူး” လို့ ဆိုပါတယ်။

မူးယစ်ဆေးသုံးစွဲနေသူ တဦး တောကြီးမြွေပွေးအဖွဲ့က ဖမ်းဆီးမိ (ရုပ်/သံ)

"မတ္တရာမြို့နယ် အနောက်အခြမ်းက NUG ရဲ့စိုးမိုးနယ်မြေထဲမှာ မပါဘူး၊ စစ်တပ်ရဲ့ စိုးမိုးနယ်မြေပဲရှိသေးတယ်၊ စစ်ကောင်စီနဲ့ဆက်နွယ်နေတော့ ဆေးကအစ အကုန်လုံးက သူတို့အတွက်လွယ်ကူတယ်၊ ကျ‌နော်တို့ဖမ်းပြီးသက်ဆိုင်ရာမြို့နယ်ကို ဒေသခံအဖွဲ့အစည်းတွေဆီအပ်လိုက်တာ"

PDF နဲ့ Facebook မှာသူငယ်ချင်းဖြစ်လို့ဆိုပြီး ငဖဲက အရှိုချင်းအမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထား

“သူက အာဏာမသိမ်းခင်ထဲက ကျနော်တို့သူငယ်ချင်းပေါ့နော်၊ ကျနော်နဲ့ဟိုအရင်ထဲက ဖေ့ဘွတ်မှာ Fri ဖြစ်တာပေါ့။ အဲ့ဒီနေ့က ကျနော်ကPDFယူနီဖောင်းနဲ့ ဖေ့ဘွတ်မှာပုံချိန်းလိုက်တော့၊ မြို့စစ်ဆေးရေးဂိတ်မှာ သူ့ဖုန်းကိုစစ်တဲ့အချိန် ကျနော်နဲ့ဖရန့်ဖြစ်နေလို့ဆိုပြီး ဖမ်းသွားတာလို့သိရတယ်။ သူက ကျနော်တို့ကိုထောက်ပံ့တာမျိုးမရှိသလို၊ တော်လှန်ရေးလုပ်တာမျိုးလည်းမရှိဘူး” လို့ ပြောပါတယ်။

ကန့်ဘလူမှာ စစ်တပ်က စစ်ကြောင်း ၅ ကြောင်းခွဲ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

“မနေ့ညနေကတည်းကစပြီး စစ်ကြောင်း ၅ ကြောင်းခွဲပြီး ရွာတွေကိုစစ်ကြောင်းထိုးနေတာ။ ရွာ ၁၀ ရွာကျော်က ဒေသခံ ၁ သောင်းလောက်ပြေးနေရတာပါ။ တချို့ရွာတွေကနေအိမ်တွေလည်း မီးရှို့ခံထားရတယ်” လို့ သူကပြောပါတယ်။

စစ်ကိုင်းမှာ စစ်ယာဥ်တန်း ၂ ခုဆုံချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

“မနေ့က စကစ ကားတန်းတွေက ရှုပ်နေတာပဲ။ မုံရွာကနေရော၊ စစ်ကိုင်းကနေရော သူတို့တွေ ကားနဲ့ ပစ္စည်းတခုခုကို သယ်ဆောင်နေကြတာ။ သူတို့ကားတန်းတွေ အဝေးပြေးလမ်းမပေါ် ရောက်လာတဲ့အချိန်မှာ ဒရုန်းနဲ့ကြဲချလိုက်တယ်။ ထိခိုက်မှုတွေတော့ ရှိပါတယ်။ အတိအကျတော့ မသိသေးပါဘူး”

ခင်ဦးဒေသခံ ၁ သောင်းကျော် အစားအသောက်နဲ့ ကျန်းမာရေး အခက်အခဲဖြစ်နေ

“စစ်**တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ယာတော်ရွာနဲ့ ကျွန်းတောကြီးရွာတွေကို မီးရှို့ရာကနေ တဖြေးဖြေးကျေးရွာ ၁၀ ရွာထိ ပြေးကုန်ရတယ်။ ၄ ရက်တိတိ ဘေးလွတ်ရာကို တနေရာပြီးတနေရာ ဆက်တိုက်ပြေးနေရလို့ အခက်အခဲများစွာနဲ့ အကူညီတွေ လိုအပ်နေတယ်”

စစ်တပ်က ရွာကို မီးရှို့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်လို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး

"မနေ့က နမခက စကစတွေကော စွမ်းရည်ထက် ဆီဆိုင်နားမှာ အမြဲလိုရှိနေတဲ့ စကစအဖွဲ့တွေကော ထောင်သားပြောင်းတာ လိုက်ပို့တာနဲ့ တူတယ်။ သူတို့စစ်ကြောင်း မိုင်းဆွဲခံရတော့ ရွာတွေကို ဝင်မွှေသွားတာ။ ကြေးမုံရွာ၊ ခင်မွန်နဲ့ စုစုပေါင်း ၄ ရွာလောက်ကို မွှေသွားတာ။ အဆိုးဆုံးက ခင်မွန်ရွာ ဖြစ်သွားတယ်။ ကျန်ရွာတွေကတော့ အဲလိုမဖြစ်လိုက်ဘူး။ ရွာကို ဝင်တာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ဝင်တာ"

အမြန်လမ်း ကားမှောက်သေဆုံးမှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံနဲ့ စစ်တပ်ဗိုလ်ကြီးတဦးလည်း ပါဝင်

"သူပါတာ ဟုတ်တယ်။ သူက သေဆုံးသူတွေ အားလုံးထဲမှာ အဆိုးဆုံးထိခိုက်ပြီး သေဆုံးသွားတာပါ။ လက်ပါ ပြတ်သွားတယ်။ ညှပ်ရိုးနဲ့ဦးခေါင်းတွေလည်း တော်တော်လေးထိခိုက်သွားတယ်။ ခုတော့ သူတို့မိသားစုတွေလည်း ဆေးရုံရောက်နေကြပြီ။ လိုအပ်တာလုပ်ပြီးရင်တော့ သူ့မိသားစုတွေက အလောင်းကို ပြန်သယ်သွားဖို့ လုပ်နေကြတယ်"

စစ်တပ်က မီးရှို့ခဲ့တဲ့ရွာကို PDF က ရှင်းလင်းရေး လုပ်ပေး

"မီးလောင်သွပ်တွေ၊ သစ်တိုသစ်စတွေနဲ့ မီးလောင်ကျွမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေ၊ ပြာတွေကို မီးဘေးသင့်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ရှင်းလင်းပေးခဲ့သလို မီးလောင်ခံထားရတဲ့ အုတ်တိုက်တွေကိုလည်း ဖြိုဖျက်ပေးခဲ့ရတာတွေ၊ အိမ်တိုင်တွေ ချွတ်ပြီး စုပုံပေးရတာတွေလည်း ရှိတယ်"

စစ်တပ်ဗိုလ်မှူးပိုင် ရွှေတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ကို PDF က ဝင်ရောက်ပိတ်ပင်ခဲ့

“ဒီရွှေလုပ်ကွက်က အရင်ထဲကတော့ လုပ်နေတာရှိတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီနဲ့ ပေါင်းပြီး ပေါ်ပေါ်တင်တင်တွေ လုပ်လာပြီးတော့ စကစထောက်တိုင်အဖြစ်ရပ်တည်နေတာ။ နောက်ပြီး ဒီလုပ်ကွက်အတွက် လုံခြုံရေးဆိုပြီး စစ်တပ် တပ်စိတ် ၁ စိတ်ကို တလ သိန်း ၃၀ လောက်ပေးပြီး ခေါ်ထားတာတွေ ရှိတယ်။ စစ်ကြောင်းထိုးဖို့ဆိုလည်း သူတို့ကုမ္ပဏီကားတွေ သုံးပြီးလိုက်ပို့တာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10