သတင်း

NUG ကာကွယ်ရေးဌာနက ဂန့်ဂေါခရိုင်PDF အမှတ် ၁၃ တပ်ရင်းကို လက်နက်တချို့တပ်ဆင်ပေး

"မနေ့ကမနက်ပိုင်းက ထောက်ပံ့တာပါ။ မကွေးတိုင်းကွပ်ကဲရေးမှူးကိုယ်တိုင် လာပေးပါတယ်။မောင်းပြန် Type 81 အမျိုးအစားလက်နက်တချို့တွေပါ"

ဟုမ္မလင်း ၂ ရက်တာတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲပြီး ဆုတ်ခွါ

“သူတို့စစ်ကြောင်းကို ကျနော်တို့က ပဇောက်ပုံစံဝိုင်းပြီး ပစ်တဲ့အခါ လေယာဉ်ပစ်ကူနဲ့ ပြန်ကဲ့ထုတ်ရတဲ့အနေထားဗျ၊ ဗုံးသီး ၄ လုံးချတယ်၊ ၁ လုံးပဲကွဲတယ်၊ ခုပြည်သူတွေ တွေ့တဲ့အနေထားအရ ၁၂၀ ပါ စစ်ကြောင်းက ၆၀ လောက်ပဲ ပြန်ပါလာတယ်၊ အလောင်းတွေကို ထွန်စက်နဲ့တင်သွားတယ်။”

မုံရွာ အလုံတပ်ကျောင်းဂိတ်က စစ်သားတွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရ(ရုပ်/သံ)

"စစ်ကောင်စီဂိတ်ဘက်ကိုရောက်အောင် တိတိကျကျအမီ လက်ပစ်ဗုံး ၁ လုံး လှမ်းပစ်ခဲ့တယ်။ အဲဒီကျောင်းနားတဝိုက်မှာ ကင်းပုန်းဝပ်တာတွေလည်းရှိတယ်။ မုံရွာ နမခ နဲ့လည်းနီးတယ်။ သူတို့နယ်မြေလို့လည်း ပြောလို့ရတယ်"

တောင်ငူထောင်မှ ထွက်ပြေးနေသူတွေထဲက ၉ ဦး လက်နက်တွေနဲ့အတူ လွတ်မြောက်နယ်မြေရောက်ရှိ

"အခြေအနေကတော့ ၉ ဦး လုံခြုံတဲ့လွတ်မြောက်နယ်မြေကိုရောက်ပြီဆိုတာ အတည်ပြုပါတယ်။ သူတို့ အခြေအနေနဲ့ပတ်သက်ပြီးတော့သတင်းထုတ်ပြန်နိုင်ဖို့ပဲဖြစ်ဖြစ် အင်တာဗျူးပေးနိုင်ဖို့ပဲဖြစ်ဖြစ် လုပ်ဖို့စီစဥ်နေပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါဦးမယ်”

ယင်းမာပင်နယ်က ၇ ရက်တာတိုက်ပွဲမှာ PDF ၂ဦးသေဆုံးပြီး စစ်အုပ်စုက ၆၀ ဝန်းကျင် သေဆုံးဟုဆို (ရုပ်/သံ)

"၁၁ ရက်နေ့က ၁၀ ယောက်လောက်သေတယ်။ ကျန်တာတွေက ကျနော်တို့ပေါင်းပြီးတော့မှတ်ထားတာ။ မင်းမကျေးရွာဘုန်းကြီးကျောင်းထဲမှာ မီးရှို့ထားခဲ့တာရယ်၊ ပြည်သူအိမ် ၅လုံးထဲမှာ ထည့်ပြီး မီးရှို့ထားခဲ့တာရယ်"

ရေဘေးသင့်အိမ်ခြေ ၆၀၀ ကျော်အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စားသောက်ကုန်လှူဒါန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ပြည်သူတွေကို အညာပစ် တိုင်းထောင်လေးများအဖွဲ့က မေလ ၁၈ ရက် ​မနေ့ကညနေ ၄ နာရီခန့်မှာ စားသောက်ကုန်အချို့ သွားရောက် လှူဒါန်းခဲ့တယ်

တောင်ငူထောင်က နိုင်ကျဉ်းအပါအဝင် ၁၀ဦး သေနတ်လုပစ်ခတ်ထွက်ပြေး၊ တပ်ကြပ် ၁ ဦးသေ ၁ ဦးဒဏ်ရာရ

"အစောင့်အင်အားနည်းတော့ သိရသလောက် စကစ အစောင့်တွေထဲက တယောက်သေတယ်။ တယောက်ကတော့ ​ခြေထောက်ကိုထိပြီး ဒဏ်ရာရသွားတယ်။ အကျဥ်းသားတွေကတော့ လွတ်သွားတယ်"

ရွှေဘိုမှာ စစ်တပ်က ရွာကိုမီးရှို့ပြီး ရွာသား ၅၀ ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီး

“အဲဒီစကစတွေက ညောင်ပင်သာရွာမှာ အထိုင်ချထားတာ ၉ ရက်လောက်ရှိပြီ။ တပ်စွဲထားတဲ့ ကြားထဲမှာ ရွှေဘိုကနေကားနဲ့လာပြီး တပ်ဖြည့်ထားတာတွေလည်းရှိတယ်။ နေ့ခင်းပိုင်းတနေကုန် လှုပ်ရှားမှုမရှိဘူး၊ သူတို့ကလှုပ်ရှားရင် ညဉ့်နက်ပိုင်းအချိန်တို့ မနက်စောစောပိုင်းတို့ တိတ်တဆိတ် လှုပ်ရှားတယ်။ ဒီမနက်လည်း ရွာထဲကိုတိတ်တဆိတ်ဝင်လာတော့ ရွာသားတွေ ပြေးချိန်မရလိုက်ဘဲ ဖမ်းဆီးခံလိုက်ရတာ”

တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကား ၃ စီး မိုင်းဆွဲခံရလို့ ၈ ဦးထက်မနည်းသေဆုံး( ရုပ်/သံ)

"ကျနော်တို့မိုင်းမဆွဲခင်ကတည်းက သူတို့ထွက်လာတာနဲ့ လက်နက်ငယ်တွေ ဖောက်ပြီးထွက်လာခဲ့တာ။ ကျနော်တို့မိုင်းဆွဲပြီးတဲ့အချိန်လည်း သူတို့ဘက်က ပိုပြီးပစ်တယ်။ ကျနော်တို့ရဲဘော်တွေတော့ မထိခိုက်ဘူး။ စစ်ကောင်စီဘက်က ကျနော်တို့နောက်ဆုံးအချိန်အထိ စုံစမ်းသိရှိရတာကတော့ သေတာက ၈ ဦးလို့ သိရတယ်။ ဒါပေမဲ့ဒီထက်လည်းများနိုင်တယ်၊ ဒဏ်ရာရတဲ့ကောင်ကလည်း ၁၀ ကောင်ထက်မနည်း ရှိတယ်။"

ပျူစောထီးအဖွဲ့ကိုဝင်ဖမ်းရာ ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိ

"သတင်းအရ ပျူတွေရှိနေတယ်လို့ သိရလို့ ဝင်စီးတာ။ ပျူခေါင်းဆောင်မြင့်နိုင်နဲ့ သူ့မိသားစုတွေပဲ ရှိတယ်ထင်တယ်။ ညမှောင်နေတာဆိုတော့။ သူသားကလည်း ပျူသင်တန်းတက်ထားသူဖြစ်တယ်။ အိမ်ဝင်စီးတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ သူတို့ စိုးမိုးနယ်မြေဖြစ်လို့ ကာကွယ်ရေး အဖွဲ့တွေဘက်က မြန်မြန်ပစ် မြန်မြန်ပြန်ဆုတ်လာရတယ်"

ကား၊ ဆိုင်ကယ်တွေကို ငွေတောင်းနေတဲ့စစ်အုပ်စု အလစ်ဝင်ပစ်ခံရလို့ ၂ ဦးခန့် သေဆုံးဟုဆို(ရုပ်/သံ)

“၃ ယောက်ရှိတာကို ၂ ယောက်ကမှန်ပြီးတော့ နေရာမှာတင်လဲကျပြီး သေဆုံးသွားတယ်၊ ကျနော်တို့ ပစ်နေချိန်မှာ ၂ ယောက်ကတော့ ပြန်မပစ်နိုင်ဘူး၊ တယောက်ကတော့ ကျနော်တို့ တော်တော်လေးဝေးတဲ့နေရာရောက်မှ သေနတ်နဲ့ပြန်ပစ်တယ်"

မြောက်ယမားချောင်းဒေသမှာ မုန်တိုင်းဒဏ်သင့်သူချင်းချင်း ဝေမျှစားနေရပြီး အကူညီလိုအပ်

“အစားအသောက်ကတော့ လောလောဆယ် အနီးနားရွာကဒေသခံတွေ ထမင်းထုပ်တွေ လာဝေကြတာရှိတယ်။ သပိတ်အဖွဲ့တချို့ကလည်း ဆန်၊ ဆီ၊ ဆားတွေ လာလှူပေးတာတွေရှိတယ်။ လောလောဆယ်ရွာထဲမှာတော့ ရေမရှိတော့ဘူး ရေကကျသွားပြီ။ တချို့ရွာတွေက ရေတင်နေသေးတာမျိုးရှိတယ်။ တချို့အိမ်တွေက ရေကျသွားတော့ ရွာသားတွေက သူတို့အိမ်သူတို့ ပြန်နေကြတာတွေရှိတယ်”

ကနီနယ်က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ

"မနေ့က ကြားရသလောက်က ချောင်းမရွာနဲ့ ၅မိုင်အကွာလောက်မှာထိတွေ့ပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒါကို လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ရွာထဲကို ဗုံးလာကြဲသွားတာ။ ၇ နှစ်ကလေးငယ်တဦး ဒဏ်ရာရသွားတယ်။ အိမ်ခြေတွေ ဘယ်လောက်ပျက်စီးသွားလဲ ဆိုတာတော့မသိရသေးဘူး"

မုန်တိုင်းကြောင့် မကွေး-ပွင့်ဖြူ-စလင်းလမ်းက တံတားငယ်တစင်းပျက်လို့ သွားလာရေးအခက်တွေ့နေ

"မုန်တိုင်းမိုးကလည်းရွာ၊ ရေကလည်းတအားကြီးတော့ တံတားအောက်ခြေတိုင် ဘယ်နေ့ကပျက်လည်းတော့ မသိဘူး။ ကားကြီးကားငယ်တွေ မသွားဖို့ကိုတော့ ပိတ်ထားလိုက်ပြီ။ စက်ဘီး ဆိုင်ကယ်လောက်ပဲ သွားခွင့်ပြုတယ်။ ကားကြီးကားငယ်တွေ အခက်အခဲကြုံသွားတာပေါ့"

ယင်းမာပင်မှာ ရေဘေးဒဏ်ခံနေရတဲ့ကြားက သပိတ်စစ်ကြောင်းထွက်

မေလ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ရဲ့ ၇၉၂ ရက်မြောက်နေ့အဖြစ် “ကြောက်ခေတ်ကို မှောက်ပစ်”စာသားပါ ဘန်နာတွေကိုင်စွဲပြီး အဖွဲ့ဝင်တွေက ဆန္ဒပြကြွေးကြော်ခဲ့ကြတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10