သတင်း

CDM ကျန်းမာရေးဝန်ထမ်းများ သတ်ဖြတ်ခံနေရမှု NUG ပြင်းထန်စွာ ရှုံ့ချ

မွေးလူနာကုသပြီးအပြန် အုတ်ဖိုက CDM သူနာပြုဆရာမလေးအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပါအဝင် နိုင်ငံတဝှမ်း CDM ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ဖမ်းဆီးနေမှုတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီကို ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ - NUGရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပဲခူးမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းပြီး ငွေကြေးတောင်းခံမှု ပိုမိုပြုလုပ်လာ

“မနေ့က အဖမ်းခံလိုက်ရတဲ့ ဆိုင်ကယ်တွေ စုစုပေါင်း ၂၅ စီးလောက် ရှိမယ်။ ဆန်အိတ်တင်ကား ၂ စီးလည်း အဖမ်းခံရတယ်။ ဖမ်းမိရင် ဆိုင်ကယ်နံပါတ်၊ လိပ်စာတွေ ပြောရမယ်။ အဖေနာမည်တွေ ပြောရတယ်။ ပြောပြီးရင် သူတို့က ချလန်ဖြတ်ပေးတယ်။ စာရင်းစာအုပ်မှာ လက်မှတ်ထိုးရတယ်။ ကျနော်တောင် အဲ့နေ့က တသောင်းပေးလိုက်ရတယ်”

မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေကို အရေးပေါ်ကားနဲ့ သယ်သွားဟုဆို

“မတ္တရာမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မြွေဟင်္သာရွာနဲ့ ကားလမ်းအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ မိုင်းဆွဲလိုက်တာက ၃၂ ယောက်ပါတဲ့ စစ်ကြောင်းကိုပါ။ ထိခိုက်မှုကများပြီး ကျနော်တို့ သိတာက ၅ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ည ၉ နာရီ ၄၅ မိနစ်မှာ သူတို့ကား ၇ စီးနဲ့ လာသယ်သွားပြီး မတ္တရာမြို့ထဲကို ပြန်သွားတယ်”

ထန်းရည်ခိုးသောက်တဲ့ ရဲဘော်တွေ အပြစ်ပေးခံရ (ရုပ်/သံ)

“အစက သူတို့တွေ ရေသွားချိုးသလိုလိုဘာလိုလိုပေါ့။ ကျနော်တို့လည်း စကားပြောနေကြတယ်ထင်တာ။ သွားကြည့်တော့မှ ထန်းရည်ခွက်ကိုယ်စီနဲ့ ထန်းရည်သောက်နေကြတယ်။ မိသွားတော့ သူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ သူတို့ရှေ့မှာ ပုန်းချထားတယ် အဲဒီပုန်းထဲက ရေမပြည့်မချင်းသူတို့ကို မှောက်ထားခိုင်းတယ်။ အပြစ်ခံရတဲ့ ရဲဘော်တွေများတော့ မကြာပါဘူး ရေက ခဏလေးနဲ့ပြည့်သွားတယ်”

စစ်ကောင်စီဒဏ်ကြောင့် စပါးထွက်ရာဒေသတွေမှာ ဆန်ကိုပြန်ဝယ်စားနေရ

“ကျနော်ဆို စပါးကို မီးရှို့ခံရတာထပ်စာရင် မဆိုးပါဘူးဆိုပြီး ၁၄ သိန်းခွဲနဲ့ မတန်တဲ့ဈေးနဲ့ အရှုံးခံပြီးရောင်းခဲ့တာ၊ စပါးအများနဲ့ကျ နာသပဗျာ၊ သိန်း ၅၀ လောက် အရှုံးခံရောင်းရတာ၊ ကျနော်တို့ဒေသက ဆန်စပါးပေါတာဆိုတော့ တခြားပစ္စည်းဝယ်ရင် ဆန်ရောင်းပြီးပြန်ဝယ်ရတာ၊ ခုကျကျနော်တို့ကိုယ်တိုင်ကိုက စစ်ရှောင်တွေလာရင် ဆန်ပြန်ဝယ်ကျွေးရတဲ့ အဆင့်ရောက်သွားတာ”

ချောက်က စစ်ကြောရေးစခန်းဝန်းအတွင်း တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

"ကျနော်တို့ သိရသလောက်က သူတို့က ရေနံဌာနက အရာရှိနေအိမ်ကို ဝင်စီးဖမ်းခေါ်ထားပြီး စစ်ကြောရေးလုပ်နေချိန်လို့ သိထားရတယ်။ ကျနော်တို့က သူတို့ နဂ/၆၀ စစ်ကြောရေးစခန်းကို ပစ်ဖို့သွားတဲ့အချိန် သူတို့အရာရှိနေအိမ်က မီးအလင်းရောင်အောက်မှာ ကင်းစောင့်နေတဲ့ စကစ ၃ ယောက်ကို တွေ့လို့ပစ်ခဲ့တာ။ ပစ်ခတ်ချိန်ကတော့ ၁၀ မိနစ်လောက်ဘဲ ကြာတယ်။ စကစ ဘက်က ထိခိုက်သေဆုံးကတော့ မျက်မြင်ပါ"

စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၆၀ မမ ၁၀၀ မမ တို့နဲ့ ပစ်ခတ်ခံရလို့ သေဆုံးမှုရှိနိုင် (ရုပ်/သံ)

အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်သား‌တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေလို့ ဖေဖော်ဝါရီ ၂၈ ရက် မနေ့က ညနေပိုင်းမှာ ၆၀ မမ ၁၀၀ မမ တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People's Defence Force မိုက်ခဲ(M.Y.G) တာဝန်ခံက ပြောပါတယ်။

အမျိုးသမီးကွန်မန်ဒို ရဲဘော် ၉ ဦးပါဝင်တဲ့ အထူးကွန်မန်ဒို စစ်သင်တန်းဆင်း

“သင်တန်း ၃ ခုပေါင်းကို အမျိုးသမီးကွန်မန်ဒို ၂၀ ကျော်တော့ မွေးထုတ်ပြီးပါပြီ။ အတိကျကြီးတော့ ပြောလို့မရဘူးပေါ့။ သင်တန်းဆင်းပြီးတဲ့ ရဲဘော်တွေအနေနဲ့ကတော့ စစ်အာဏာရှင် အမြစ်ပြတ် ပြုတ်ကျရေးနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်မှတ်နေရာတွေကို ဦးတည်ပြီး တိုက်ခိုက်သွားမှာပါ။"

မြိုင်မြို့ပေါ် စစ်တပ်စစ်ဆေးရေးဂိတ် အနီးကပ်တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးဟုဆို

“အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ခွေး ရဲခွေး နဲ့ ပျူခွေး ၁၈ ကောင်လောက် ရှိတယ်။ ကျနော်တို့ ဘောလုံးကွင်း ၁ ကွင်းစာလောက်ကပ်ပြီးတော့ အရင်ပစ်ခဲ့တာ။ အခုမနက်တော့ ၃ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ကြားတယ်။ သေတဲ့အလောင်း ၃ လောင်းကို အဲဒီအနားမှာ သင်္ဂြိုလ်နေတယ်လို့ သိရတယ်။ တပ်မ ၁၀၁ က စစ်သားတွေပါ။ ပစ်ခတ်တာက ၁၁ မိနစ်ပဲ ကြာတယ်"

ခက်ခဲကြမ်းတမ်းတဲ့ နွားမှောင်ခိုပို့အလုပ်တွေကို အမျိုးသမီးတွေလုပ်ကိုင်လာရ

"အရင်ကတော့ဒီဘက်ခြမ်းမှာက နွားမှောင်ခိုပို့တဲ့ လုပ်ငန်းကိုအမျိုးသားတွေကဘဲ လုပ်ကြတာ။ အမျိုးသမီးတွေက ဝင်မလုပ်ကြဘူး။ ခုကျတော့ စားဝတ်နေရေးအဆင်မပြေတော့ ငွေရလွယ်တဲ့ ဒီလုပ်ငန်းကို ဝင်လုပ်လာကြတာ။ သူတို့က ခြေလျင်နဲ့ နွားတွေကို ထိန်းကျောင်းမောင်းပို့ပေးရတာ။ အမျိုးသမီးတွေဆို ခုနောက်ပိုင်း အစုလိုက် အဲ့လိုလုပ်လာကြတာ။ တစ်ခါတလေဆို တစုမှာဆို အမျိုးသမီး ၁၀ ဦးကျော်ထိ တွေ့ရတတ်တယ်"

စစ်ကောင်စီမီးရှို့လို့ ကုန်းရွာဒေသခံ ၁ သောင်းခန့် ထွက်ပြေးတိမ်းရှောင်ရ

"စစ်ကောင်စီတပ်သားတွေက ဝါးရုံတောထဲကနေလာပြီး ကျွန်းတော၊ မြင်သာကုန်းကနေ ကုန်းရွာဘက်ကိုဝင်လာတာ၊ ရွာရဲ့အနောက်ဘက်က နေအိမ်တွေဖျက်ဆီးပြီး မီးတွေရှို့တယ်၊ ကုန်းရွာရွာမကြီးထဲကတော့ အိမ်‌ခြေ ၈၀၀ လောက်ရှိတယ်၊ စတင်မီးရှို့တာက ည ၇ နာရီမှာမီးရှို့တာ၊ လက်ရှိအချိန်အထိ စစ်**တွေက ရွာကနေအိမ်တွေကို မီးရှို့နေလို့ အိမ်ဘယ်လောက်မီးထဲပါတာအတည်မပြုနိုင်သေးဘူး၊ ကုန်းရွာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရတယ်"

ခင်ဦးမှာ အုပ်စွဲဖွဲ့ လုယက်သတ်ဖြတ်မှု တပတ်ခန့်ကြာအထိ လက်သည်မပေါ်သေး

“သူတို့ရဲ့မျက်နှာတွေကို ပုဝါနဲ့ အုပ်ထားတယ်။ အသက်တွေက ၁၈ ကနေ ၃၀ ဝန်းကျင်တွေ။ မိသားစုဝင် ၅ ယောက်လုံးကို မှောက်ထားခိုင်းပြီး လည်ပင်းတွေကိုလည်းတက်နင်းထားတယ်။ အိမ်ထဲကနေ ငွေကျပ် သိန်း ၆၅၀၊ ရွှေထည် ၁ ပိဿာကျော်ကို ချွတ်ယူတာရော၊သိမ်းယူတာရော ပြီးတော့ ဆိုင်ကယ်(လိုင်စင်ပါ)၄ စီး ယူသွားတယ်” လို့ ဆိုပါတယ်။

ပျူစောထီးဦးဆောင်တဲ့ရွာက ပြည်သူတွေကို PDF စည်းရုံးနိုင်ခဲ့ဟုဆို ( ရုပ်/သံ)

"ဒီရွာကပျူရွာ ကျနော်တို့ရွာကိုဝင်တော့ ပျူစောထီးတွေအကုန်ထွက် ပြေးတာတယောက်မှမကျန်ဘူး။ အုပ်ကြီးအိမ်ကို ဝင်ရှာတော့ လက်ပစ်ဗုံး ၁ လုံးနဲ့ရွေးကောက်ပွဲစာရင်းဇယားတွေရယ်၊ သပိတ်ကျင်း လေ့ကျင့်ရေးတပ်မှာ ပျူသင်တန်းတက်ဖို့ နာမည်ပေးထားတဲ့စာရင်းစာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်"

၁ လအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ်ကြောင့် စစ်ကောင်စီတပ်သား ၈ ဦးအထက် သေဆုံးဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၁ လအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ်ကြောင့် စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မြင်းမူမှာ ကုန်စုံဆိုင်မီးလောင်ပြီး ၁ ဦးသေ ၂ ဦးဒဏ်ရာရ

"အိမ်က ၃ ထပ်။ အောက်မှာက ကုန်စုံဆိုင်။ လူက အလယ်ထပ်မှာ အိပ်ကြတာ။ ဖြစ်တာကအောက်ထပ် ကုန်စုံရောင်းတဲ့နေရာက မီးအားမြှင့်စက်ကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာ။ ဖြစ်တာက အောက်ဆုံးထပ်ကဆိုတော့ အလယ်ထပ်က လူတွေက ပြေးရခက်တဲ့သဘော ဖြစ်သွားတယ်။ ထိခိုက်သေဆုံးသူတွေက ဆိုင်ရှင်ရဲ့မိသားစုဝင်တွေပါဘဲ" လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10