သတင်း

အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဖွဲ့ဖို့ဆိုကာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက မဲနှိုက်လူရွေးပြီး စစ်မှုထမ်းကြေးကိုလည်း လစဥ်တောင်းနေ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းအုပ်စုမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ဖွဲ့ဖို့ဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက မဲနှိုက်ကာ လူစုဆောင်းနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နောင်ချို၊ သံဘိုရွာတိုက်ပွဲမှာကျဆုံးတဲ့ ရွှေဘိုခရိုင် PDF ရဲဘော်ကို ဈာပနအခမ်းအနားနဲ့သင်္ဂြိုဟ်

ကျဆုံးသွားတဲ့ ရဲဘော် နန်းကိုရဲ့ ဈာပနာကို သူ့ရဲ့မွေးရပ်ဇာတိ၊ ရွှေဘိုနယ်ကကျေးရွာမှာ အခမ်းအနားနဲ့သင်္ဂြိုဟ်ခဲ့ကာ တပ်ဖွဲ့က အမိန့်ပြန်တမ်းထုတ်ပြန်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် PDF အမှတ် ၂၆ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အမြန်လမ်းမှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရ

" အရှိန်များပြီး မထိန်းနိုင်ဘဲ သံဘောင်ကိုတိုက်မိပြီးမှ မှောက်သွားတာ။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် ၆ ဦးပဲ ပါလာတာ။ အဲ့ထဲက ၃ ဦးဒဏ်ရာရသွားတယ်။"

လက်ယက်မရွာ လေယာဥ်နဲ့ဗုံးကြဲခံရလို့ ၆ နှစ်အရွယ်ကလေး ၁ ဦးအပါ ၆ ဦးသေဆုံး - သေဆုံးသူတွေထဲ မိသားစုဝင် ၄ ဦးပါဝင်

“ဗုံးသီး ၃ လုံးချသွားတယ်၊ ပထမ တလုံးက စာသင်ကျောင်းဆောင်ရဲ့ အစပ်နားကိုကျတယ်။ နောက်တလုံးက စာသင်ကျောင်းရဲ့အရှေ့ဘက်မှာရှိတဲ့ အိမ်နားကိုကျတယ်။ နောက်ဆုံးတလုံးက ရွာအပြင်ဘက်ကိုကျတယ်။ ရွာမှာ ဘာမှလည်းမရှိဘူး တိုက်ပွဲလည်းမရှိဘူး။ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးလည်းမရှိဘူး။ လုံးဝအလွတ်ကြီးကို လာလုပ်သွားတာ။ ဆုံးသွားတဲ့သူ ၆ ဦးထဲမှာ ၄ ဦးကတော့ မိသားစုဝင်တွေပါ။”

မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ စားသုံးဆီလိုအပ်ချက်ရှိနေတဲ့ YPDF (ရုပ်/သံ)

နှမ်းစိုက်ခင်းတွေက တပ်ဖွဲ့စခန်းနဲ့ဝေးတာ၊ ကိုယ်ပိုင် ကျွဲ နွား မရှိတာအပြင် ပုံမှန်လိုမျိုး ယာတောမှာစိုက်ရတာမဟုတ်ဘဲ အင်တိုင်းတောမြေမှာစိုက်ရတာဖြစ်ပြီး ပြုစုစောင့်ရှောက်တာတွေမလုပ်နိုင်တဲ့အတွက် အခုနှစ်မှာ အထွက်နှုန်းကျတယ်လို့ YPDF ဥက္ကဌက ပြောပါတယ်။

မိုးဆက်တိုက်ရွာလို့ ရေကြီးပြီး ကျားသစ်နက်တပ်မတော်ရဲ့ ခဲယမ်းပစ္စည်းတွေဆုံးရှုံး (ရုပ်/သံ)

ဒီကနေ့ မနက်အစောပိုင်း ၃ နာရီခွဲကနေ ၆ နာရီအထိ မိုးအဆက်မပြတ်ရွာပြီး ရေတက်လာတာကြောင့် ကျားသစ်နက်တပ်မတော် အထိုင်စခန်းမှာရှိတဲ့ ပွိုင့်ဖိနပ် ၁၈ ရံ၊ Equipment နဲ့ ကျည်ကာပြား ၈ စုံအပြင် လက်နက်ခဲယမ်းတချို့လည်း ရေနဲ့မျောပါပြီး ကာလတန်ဖိုး သိန်း ၁၇၀ ကျော်ခန့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်ထဲဝင်ဖို့ လူစုပေးနေသူ ၂ ဦးနဲ့ စစ်တပ်သတင်းပေးဆိုသူတို့ တညတည်းမှာသတ်ခံရ

“အရင်ကတည်းကလည်း စကစနဲ့ ပူးပေါင်းပြီးတော့ သတင်းပေးတာတွေ တောက်လျှောက်လုပ်ကိုင်နေတဲ့သူတွေ၊ သွားတာကတော့ အောင်ဇော်ဆီသွားတာ မောင်စိုးလည်းရောက်နေတော့ ၂ ဦးလုံးရှင်းခဲ့လိုက်တာ ။”

ပြည်မြို့က ခရီးသွားအမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါသံသယတွေ့လို့ ခေါ်ယူစစ်ဆေးထား

“သေချာအောင် အနာရဲ့ အရည်ကိုယူပြီး စစ်ဆေးဖို့ပို့ထားပါတယ်။ အဖြေထွက်မှ အတည်ပြုမယ်။ တခြားရောဂါတွေလည်း ဖြစ်နိုင်သေးတယ်။ အဖြေကိုစောင့်ကြည့်နေပါတယ်။”

ဝက်ထီးကန်က ကျောင်းထိုင်ဆရာတော်အသတ်ခံရမှုနဲ့ အမျိုးသား ၁ဦးကို စစ်ကောင်စီဖမ်းဆီး

"သူ့ကို ကျောင်းထိုင်ဆရာတော်သတ်မှုနဲ့ သူ့နေအိမ်ကနေ လာဖမ်းသွားတယ်လို့တော့ လတ်တလောသိထားရတယ်။ ကျန်တဲ့အသေးစိတ်အခြေနေကတော့ မသိရသေးဘူး။"

မင်းတုန်းမှာ နှမ်းရိတ်သိမ်းနေတဲ့ပြည်သူတွေကို ပကဖရဲဘော်တွေ ကူညီ

"နှမ်းသိမ်းချိန်မှာ မိုးမမိအောင် တချိန်တည်း အလုပ်လုပ်ရတာဖြစ်ပါတယ်။ သူတို့အတွက် အရေးပေါ်လိုအပ်နေချိန်မှာ ကူညီပေးရတာပါ။ ပြည်သူနဲ့ထိတွေ့ပြောဆိုရတော့ ရဲဘော်တွေလည်း စိတ်ဓာတ်ခွန်အားဖြစ်စေတယ်"

မြောင်နယ်က စစ်ရှောင်စခန်းတခုမှာ အရေပြားနဲ့ ဂေါက်ရောဂါအဖြစ်များနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မြင်းခြံနယ်၊ ရန္တပိုရွာမှ လာရောက်စစ်ရှောင်သူ ၂၅၀ ခန့်ထဲမှာ ကျန်းမာရေးချို့တဲ့သူတွေရှိနေပြီး ဆေးကုသဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်ပြည်သူတဦးဆီက သိရပါတယ်။

ထန်းတပင်မှာ နေရပ်ပြန်သူတွေကို စစ်အုပ်စုက စစ်ဆေးမေးမြန်းမှုမရှိ ပစ်ခတ်နေလို့ ဒေသခံတွေနေရပ်မပြန်ရဲသေး

"ရွာထဲ လူဝင်လာတာနဲ့ ပစ်တာ အစစ်ဆေးအမေးမြန်းမရှိဘဲ။ အဲ့တော့ အခုထိ ဘယ်သူမှမပြန်ရဲကြသေးဘူး။”

မြိုင်နယ်က စစ်ရှောင် ၃၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတရွာမှာစစ်ရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူ ၃၀၀ ကျော်ကို စက်တင်ဘာ ၅ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG အဖွဲ့ဆီက သိရပါတယ်။

စစ်တပ်က တပ်စွဲထားလို့ ထွက်ပြေးသွားကြတဲ့ ရွာခံတွေရဲ့ လယ်ယာသုံးစက်ပစ္စည်းတွေကို စစ်တပ်က ခိုးယူသွား

“ရေငံရွာမှာ စစ်တပ်က တပ်စွဲထား‌‌တဲ့အတွက် ကျေးရွာအတွင်းမှာလည်း သူတို့(စစ်အုပ်စု)နဲ့ ပတ်သက်သူလောက်ပဲနေကြသလို အုတ်ဖိုစုနဲ့ ထန်းပင်ချောင်ရွာတွေမှာလည်း ပြည်သူတွေ မနေကြတော့ စစ်တပ်က ထင်တိုင်းကြဲတာ‌ပေါ့။”

ပုသိမ်ကြီးမြို့နယ်က စစ်တပ်သတင်းပေး ၂ ဦးကို ပကဖက တပြိုင်တည်းဝင်ဖမ်းချိန် ၂ ဦးလုံးထွက်ပြေးလွတ်မြောက် - ဆိုင်ကယ် ၁ စီးနဲ့ ရေယာဥ် ၁ စီးသိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွန်းဆင်ရွာက စစ်ကောင်စီသတင်းပေး ၂ ဦးကို ပြည်သူ့ကာကွယ်အဖွဲ့က သြဂုတ် ၃၀ ရက် ညပိုင်းမှာ ဝင် ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားတယ်လို့ ပုသိမ်ကြီးမြို့နယ် ပကဖ ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10