သတင်း

အိမ်ငှားနေထိုင်တဲ့ လူငယ် ၃ ဦးကို ဧည့်စာရင်းမတိုင်လို့ဆိုကာဖမ်းဆီးပြီး စစ်မှုထမ်းဖို့ထည့် ■ ပြည်မှာ စစ်မှုထမ်းဖို့ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး နေအိမ်ပေါ်အထိ တက်ရောက်ဖမ်းဆီး

“ လူငယ်လေးတွေဆိုတော့ ခေါ်ချင်တာပေါ့၊ အိမ်ငှားတွေ အဓိကထား စစ်တာ။ ဧည့်စာရင်းမတိုင်ထားလို့လေ။ စစ်တပ်နဲ့ ရပ်ကွက်ရုံး‌ပေါင်းပြီး လာစစ်တာ။”

တိုက်ပွဲဖြစ်နေလို့ ဆင်ဖြူကျွန်း၊ တညောင်၊ ဆိပ်ဖြူလမ်းပိုင်းတွေကို Local PDF က ယာယီပိတ်

“ကျနော်တို့က ခရီးသွားလာတဲ့ ပြည်သူတွေ စစ်ဆေးပြီး သတိပေးတယ်၊ ပြည်သူတွေက မလိုက်နာကြဘူး။ ဒီမှာက တအုန်းအုန်း တဒိုင်းဒိုင်း ပစ်ခတ်နေတဲ့ကြားထဲက လမ်းပိုင်းသွားလာမှုက မရပ်တန့်ဘူးဖြစ်နေတယ်။ ဒီဒေသကပြည်သူတွေရော တခြားကလာတဲ့ပြည်သူတွေရော မလိုက်နာကြဘူး။ တကယ်လို့ ကြားထဲမှာ ပြည်သူထိခိုက်သွားရင် ကျနော်တို့ကိုပဲ အပြစ်ပြောမှာ။ စစ်ရေးငြိမ်သွားရင်တော့ လမ်းပိုင်းပြန်ဖွင့်ပေးမှာပါ။”

ကန့်ဘလူမှာ ပြည်သူ ၃၇ ဦးဖမ်းဆီးခံရပြီး ၅ ဦးသာပြန်လွတ်

"ရွာတွေကို အရပ်သားပုံစံမျိုးနဲ့ သူလိုလိုငါလိုလိုနဲ့ ဝင်စီးသွားတယ်။ ဒေသခံတွေကိုလည်း (ရှောင်)တိမ်းခိုင်းထားပေမယ့် ရွာထဲမှာဝင်အိပ်တဲ့လူတွေလည်း ရှိနေတယ်။ အဲ့နေ့က ဖုန်းလိုင်းလည်း ဖြတ်တောက်လိုက်တော့ သတင်းက ထောက်မရဖြစ်သွားတယ်။ ဖုန်းလိုင်းဖြတ်ပြီးမှာ ရွာကိုဝင်ဖမ်းတာ။"

ရေလာလေးစခန်းသိမ်း ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်း က ရဲဘော်တွေကို ပေါက်မြို့နယ် ရွာ ၅ ရွာက ဒေသခံပြည်သူတွေက ဒီဇင်ဘာ ၁၃ ရက်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အမှတ် ၈ စစ်ကြောင်း၊ စစ်ကော်မရှင်ဆီက သိရပါတယ်။

အနက်ရောင်သေမင်းတမန်အဖွဲ့စာတမ်းပါ အမျိုးသား ၂ ဦးအလောင်းကို လမ်းဆုံမှာ စွန့်ပစ်ထား

"မနက်ခင်း ဈေးကိုသွားတဲ့ ဈေးသည်တွေ မြင်ခဲ့ကြတယ်။ အဲဒီလမ်းကို ဘယ်သူမှ မသွားရဲကြဘူး။ ဓားဒဏ်ရာတွေနဲ့ သေနေကြတယ်။ ညပိုင်းမှာ လာပြီးတော့ စွန့်ပစ်ထားတာဖြစ်မယ်။"

ခလရ ၂၅၂ တပ်ရင်း ရုတ်တရက်ဝင်တိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေ

ဒီဇင်ဘာ ၁၈ ရက် မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ ခလရ ၂၅၂ တပ်ထဲအထိ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် အောင်ခီးနဲ့ တပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဝက်လက်ရဲစခန်းက ဒုရဲအုပ်လင်မယား ဆေးသောက်ပြီးသေကြောင်းကြံလို့ အမျိုးသမီးဖြစ်သူသေဆုံး

"သူ့ကင်းအလှည်ကျလို့ သွားနှိုးရာမှာ လင်မယားနှစ်ယောက်စလုံးက ပါးစပ်ကနေ အမြှုပ်တွေထွက်နေလို့ ဆေးရုံတန်းပို့တာ သူ့မိန်းမကတော့ တခါတည်းဆုံးတာ။ သူကတော့ဆေးရုံမှာ။ ဘာဆေးသောက်လိုက်လဲ ဆိုတာတော့ မသိရသေးဘူး"

ထန်းရည်ဆိုင်ထိုင်နေတဲ့ အမျိုးသား ၆ ဦးကို ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကနီကျေးရွာ လမ်းထိပ်ရှိ ထန်းရည်ဆိုင်မှာရှိနေတဲ့ အမျိုးသား ၆ ဦးကို ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေကို သရက်ခရိုင် အမှတ် (၄) PDF မှ ကျပ်သိန်း ၁၂၀ ထောက်ပံ့

“မင်းတုန်းမြို့နယ်က စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုခံထားရတဲ့ အနေအထားပါ။ ဆိုတော့ ဒေသတွင်း စစ်ရှောင်တွေအတွက် ဆေးဝါးတွေ၊ အဝတ်အထည်တွေ၊ ရိက္ခာတွေ ဝယ်ယူရတဲ့အပိုင်းမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။”

ဆားလင်းကြီးက ရဲစခန်းနဲ့ ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အိမ်တွေကိုမီးရှို့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ လက်အောက်ခံအဖွဲ့တွေကို PDF ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။

အလောင်းပြန်မရလို့ အင်္ကျီနဲ့ပုဆိုးကိုသာ ဂုဏ်ပြုသင်္ဂြိုဟ်ခဲ့ရတဲ့ တပ်စုမှူးရဲ့စျာပန (ရုပ်/သံ)

ကျဆုံးသူဟာ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သာယာဝတီခရိုင် (ပကဖ) တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၁ က တပ်စုမှူး အသက် ၃၀ နှစ်အရွယ် ရဲဘော်အာနိုး(ခ) အောင်သက်ပိုင်ဖြစ်ပြီး လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တနေရာမှာ ဒီဇင်ဘာ ၈ ရက် မွန်းတည့်ချိန်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရတာပါ။

ကနီမြို့နယ် ကျောက်လှေကားရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံဗုံးကြဲ

"မနေ့ညတုန်းက ၉ နာရီကျော်မှလာကြဲတာ၊ ၇ ခါ ဗုံးသီးချတယ်။ ဒီဇင်ဘာ ၁၆ ရက်က ၁ ကြိမ်၊ ဒီတပတ် အတွင်း ၂ ည လာပြီးဗုံးချတယ်။ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမရှိ တိုက်ခိုက်နေတာ။"

နေ့အချိန်မီးမရလို့ ကလေးမြို့မှာ မီးသွေးဈေးမြင့်တက်ပြီး ထင်းမီးအသုံးပြုသူများလာ

"လျှပ်စစ်မီးပျက်တော့ထင်းတို့၊ မီးသွေးတို့ အဲ့ဒါမျိုးတွေသုံးရတာပေါ့နော့။ ခက်ခဲတာပေါ့။ ဘယ်လိုပြောမလဲဆိုတော့ ဝယ်လို့တော့ရတာပေါ့ကွယ်။ ဈေးတွေက အဆမတန်ကြီးတာပေါ့။"

ပခုက္ကူ၊ ရေမျက်ရွာက နေအိမ် ၈ လုံးကိုစစ်တပ်ကမီးရှို့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေမျက်ရွာက နေအိမ် ၈ လုံးကို ဒီဇင်ဘာ ၁၈ ရက်မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာရဲစခန်းထဲက နိုင်ကျဥ်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ငွေရပေါက်အဖြစ် အသုံးချနေ

"အဲ့လောက်များပြားတဲ့ အရေအတွက်ကို ဒီလိုအခန်းကျဥ်းလေးထဲမှာ ထားရှိထားတယ်ဆိုတာ ဆိုးဝါးလွန်းတဲ့ ဖိနှိပ်မှုဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဒီလိုထားတာဟာ စိတ်ညစ်ညူးရတယ်။ ပွေးဝဲယားနာရောဂါတွေ ကူးစက်ဖို့ လွယ်ကူတယ်။ အစားအသောက် မလုံလောက်တဲ့အခါ အချုပ်သားတွေက လပေးစနစ်နဲ့ စားနေရတယ်။ အဲ့ဒီရောင်းချမှုတွေဟာလည်း ရဲမိသားစုဝင်တွေက စျေးကွက်ဖန်တီးပြီး ရောင်းချနေတာဖြစ်တယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10