ရေဦးမှာ တပတ်အတွင်း အမျိုးသား ၃၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ တပတ်အတွင်း အမျိုးသား အယောက် ၃၀ ကျော် စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ တပတ်အတွင်း အမျိုးသား အယောက် ၃၀ ကျော် စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာတာဝန်ကျနေတဲ့ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ရေလာလေးကျေးရွာကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးတဲ့နောက် အနီးဝန်းကျင်က ရေလာကြီးနဲ့ ဝါးကျွန်းတွင်းကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုတွေ လုပ်နေတာကြောင့် ရေလာကြီး၊ ဝါးကျွန်းတွင်း အပါအဝင် ထန်းတမင်၊ ဖောင်းကြောင်း စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ရုတ်သိမ်းသွားတဲ့ အပေါ်ကတော့ အဆင်ပြေပါတယ်။ ဒီဟာတွေကို ရုတ်သိမ်းတယ်ဆိုတာ ပြည်သူတွေကတော့ ဟိုဘက်မှာဆိုရင် လိုင်း တချို့တွေ မရသလောက်ပေါ့လေ၊ အဲ့အခါကျတော့ ဒါတွေကို မြေပြင်မှာ မပြောနိုင်သေးဘူး။”
" ၁၃ရက်နေ့ညမှာ ဖမ်းတဲ့ဟာတွေကိုကတော့ ညတွင်းချင်းစစ်ကြောရေးပို့တာဗျ။ ပျူစောထီး နွားထီးအဖွဲ့ရယ် ဒကစထဲအ၀င်ထွက်များတဲ့ အောင်မောင်းရယ် စစ်သားတချို့ရယ် ၀င်ဖမ်းတာဗျ။ သိန်းသိန်းမင်းကျတော့ သိန်းသိန်းဌေးနဲ့ လူမှားဖမ်းတာမို့ ပြန်လွတ်တာဗျ။ ကိုသိန်းသိန်းမင်းကိုလွှတ်ပေးပြီးမှ မသိန်းသိန်းဌေးကို ပြန်ဖမ်းတာဗျ။"
"အရပ်ဝတ်တွေနဲ့ လာတာ။ ဒီကာလကလည်း ကြက်သွန်စိုက်ရာသီဆိုတော့ ရွာခံတွေကလည်း ကြက်သွန်စိုက်သမားတွေ သူတို့ရွာကို ဖြတ်သွားတယ်ထင်ပြီး မပြေးကြတာမှာ ဝင်စီးခံလိုက်ရတာ။ "
“ သူတို့စလှုပ်ရှားတာက မနက် ၄ နာရီလောက်ကတည်းက စလှုပ်ရှားတာ။ သတင်းမရဘူးပေါ့။ ကိုယ့်ဘက်က အလစ်အငိုက်ကို ဝင်ခံလိုက်ရတာ။ အဲ့မှာက အင်အားတောင့်တင်းတဲ့အဖွဲ့မရှိဘူးလေ။ ရပ်ကျေးပကဖလောက်ပဲ ရှိတယ်။”
စိုက်ပျိုးနည်းပညာ သေချာမသိပေမယ့် တပ်ဖွဲ့ရိက္ခာလိုအပ်ချက်ကြောင့် PDF ရဲဘော်တွေ အခက်အခဲကြားက သီးနှံတွေစိုက်ပျိုးအောင်မြင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၁၊ ခွပ်ဒေါင်းတပ်ခွဲ ဆီက သိရပါတယ်။
" ၅ လုံးပွိုင့် ၁ ပွိုင့်ရယ် ရှေ့ထွက်မိုင်း ၃ ပွိုင့်ရယ် မိုင်းဆွဲခဲ့တာ။ ၃ စီးမြောက် ဂျန်မာကားကနဲ့ စဆွဲလိုက်တာ။ တတိယဂျန်မာ ၁ စီးထိပြီးတော့ တွဲကားတွေပေါ်ပါတဲ့ စစ်**တွေကိုဂန်းငယ်တွေနဲ့ ဝင်ပစ်တာ။ ကားပေါ်ပါစကစအချို့က ဆင်းပြေးလာတော့ ဖမ်းမိတာ။”
စစ်သားနဲ့ရဲ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ၁ နာရီကြာပစ်ခတ်ခဲ့ပြီး Fixed Wings Drone နဲ့ ဗုံး ၅ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဆီက သိမ်းဆည်းရရှိခဲ့တဲ့ ဘက်ဟိုး(မြေတူးစက်)နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စိုးမိုးနယ်မြေအတွင်းက ရွာ ၆ ရွာမှာရှိတဲ့လမ်းတွေကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ပြုပြင်ပေးနေကြတယ်လို့ Myingyan Black Tiger-MBT ဆီက သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်မှာ အမှတ် ၅ တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၉ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဝန်ကုန်းကျေးရွာအနောက်ဘက်ခြမ်းမှာ ရွာခံအမျိုးသား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
" ရှောင်တခင်စစ်ဆေးရေးလုပ်နေချိန်မှာ အရပ်ဝတ်အိမ်စီးကားနဲ့လာတဲ့ စကစသုံးပွင့်အရာရှိနဲ့ သူရဲ့သတင်းပေးဆိုသူကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်။ တောင်ငူစစ်ဌာနချုပ်ကို အလုပ်ကိစ္စ(ယာယီတာဝန်)နဲ့သွားမှာ။ စကစအရာရှိဖမ်းမိတာကတော့ ပထမဆုံးအကြိမ်ပါ။"
“ ကလေးမ မိုင်းထိပြီးတော့ အသက်တော့သေတယ်ရှင်တယ်မသိရဘူး။ မဲဇလီဆေးရုံကိုမလာရဲလို့ စလင်းဆေးရုံကို ပြေးပါတယ်”