အမျိုးသမီး ၂ ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ဝိုင်းဝန်းဖယ်ကျဉ်ရန်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရန် WAB တောင်းဆို
အရာတော်မြို့နယ်မှာ တော်လှန်ရေးတွင်ထဲထဲဝင်ဝင် ပါဝင်နေသူ အမျိုးသမီး ၂ ဦးအား စကားနဲ့တင်မက ကိုယ်ထိလက်ရောက်ကျူးလွန်သူ ကိုဝင်းကျော် ဆိုသူအား လူမှုအသိုင်းအဝိုင်းမှ ဝိုင်းဝန်းဖယ်ကျဉ်ကာ ၎င်းကျူးလွန်ခဲ့တဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု (Physical Assault) အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူရန် ဝိုင်းဝန်းအသံထုတ်တောင်းဆိုကြဖို့ Women Alliance Burma-(WAB) အမျိုးသမီးမဟာမိတ်အင်အားစု က တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။