သတင်း

ပြည်သူတွေဆီက စိုက်ပျိုးမြေငှားပြီး စိုက်ထားတဲ့ PDF တွေရဲ့လယ်က စပါးတင်း ၅၀ ထွက်ရှိ (ရုပ်/သံ)

စိုက်ခင်းအကျယ် ၁ ဧကကျော်မှာ ဧရာပဒေသာစပါးမျိုးကို သြဂုတ်လလယ်ပိုင်းမှာ စတင်ပျိုးထောင်ကာ စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်မှာ စတင်ရိတ်သိမ်းခဲ့ရာ စပါးတင်း ၅၀ ထွက်ရှိခဲ့တယ်လို့ Phoenix Guerilla Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးရဲဘော် မြူ က ပြောပါတယ်။

တရွာလုံးနီးပါးမီးရှို့ခံရတဲ့ သပြေသာရွာမှာ အမျိုးသားအလောင်း ၄ လောင်းတွေ့

"အမျိုးသားအလောင်း ၄ လောင်းက အိမ်တွေနဲ့ရောပြီး မီးရှို့သတ်ထားခဲ့တာ။ အလောင်းတွေက ရွာလယ်လောက်မှာ တွေ့ရတာ။ ရုပ်တွေကပျက်နေပြီဆိုတော့ ရွာခံတွေလား စစ်ကြောင်းက ဖမ်းလာသူတွေလားဆိုတာ စိစစ်နေတုန်းပါ။ "

မကွေးတိုင်းမှာ ကျင်းပတဲ့ ၇၆ နှစ်ပြည့် လူ့အခွင့်အရေးနေ့အခမ်းအနားကို လူသားစာနာ ဒုဝန်ကြီးတက်ရောက်

မကွေးတိုင်းထဲက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ စလင်း၊ မြိုင်၊ ပေါက်၊ ရေစကြို စတဲ့မြို့နယ်တွေမှာ ၇၆ နှစ်ပြည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲတွေကျင်းပခဲ့ပြီး မြိုင်မြို့နယ်မှာ ပြုလုပ်တဲ့ပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စပါးခြွေနေတဲ့လယ်ကွင်းထဲကို စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး ဒေသအခေါ် သန်းဦးချောက်(တော)ထဲမှာရှိတဲ့ လယ်ကွင်းတခုကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ ဗုံးကျဲချခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မုံရွာမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူစစ်ဆေးရေးဂိတ်နဲ့ မြေနဲကျေးရွာအကြား မုံရွာ-ချောင်းဦးကားလမ်းပေါ် တန်ပိုဂိတ်ဟောင်းအနီးမှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၁ ဦး စစ်ကောင်စီတပ်သားတွေပစ်တဲ့ သေနတ်ကျည်ထိမှန်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျူစောထီးတွေစိုးမိုးထားတဲ့ဆင်လူးရွာက ထွက်ပြေးလာသူ ၇၀ ကျော်အထိရှိနေ

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေစိုးမိုးထားတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ ကနေ ထွက်ပြေးလာတဲ့ဒေသခံပြည်သူ ၇၀ ဦးကျော်ရှိနေပြီလို့ ထွက်ပြေးလာတဲ့ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ရဲဘော် ၈ ဦးအတွက် အထိမ်းအမှတ် ဂူဗိမာန်တည်ဆောက်ပေး(ရုပ်/သံ)

၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးမှာကျဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ က PDF ရဲဘော် ၈ ဦးအတွက် အထိမ်းအမှတ် ဂူဗိမာန်ကို တည်ဆောက်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ၁၁ လအတွင်း နိုင်ကျဉ်း ၂၀ ဦးသေဆုံးခဲ့

“နိုင်ငံခြားဆေးဝါးတွေက လုံလောက်မှု မရှိတာမျိုးတွေ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ဆရာဝန်အင်အား မလုံလောက်တာနဲ့ အရေးကြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပဆေးရုံတွေကို ထွက်ခွာဖို့၊ ပို့ဆောင်ဖို့အတွက် ကြာမြင့်တာမျိုးတွေ၊ လုံခြုံရေးအကြောင်းပြပြီးမှ ပိတ်ပင်ခံရတာမျိုးတွေ ဒါကြောင့်မို့လည်း နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးကြတာမျိုးလည်း ရှိပါတယ်။”

အာဏာရှိတဲ့ဘယ်သူမဆို လူ့အခွင့်အရေးချိုးဖောက်နေရင် တိုင်ကြားဖို့ ဟောပြော

"ဒီလှုပ်ရှားမှုကိုတော့ ကျောင်းသူ/ကျောင်းသားတွေနဲ့ ဒေသခံတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေးစံနှုန်းတွေကို ဒီလိုမျိုး ပြည်သူတွေဆီ တိုက်ရိုက်အသိပညာပေးနိုင်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။"

ကလေးမြို့မှာ တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းဖော်ထုတ်

"လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်အစိုးရက မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်နေတယ်။ အခု MNDAA တို့ TNLA တို့ အပစ်ရပ်တယ်ဆိုတာကလည်း တရုတ်ကြောင့်ပါ။ KIA ဆိုလည်း ဖိအားပေးနေတယ်။ မြန်မာ့တော်လှန်ရေးက မြန်မာပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ဒါကြောင့် တရုတ်အစိုးရကို ကန့်ကွက်တာ။"

သဲကုန်းမှာ ရာအိမ်မှူး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

“ မဖြစ်သာလို့ ရှင်းလိုက်ရတာပါ။ သူနေ‌တဲ့ယာတဲမှာပဲ သေနတ်နဲ့ ၃ ချက် ပစ်သတ်ခဲ့တာပါ။ ပွဲချင်းပြီးသေပါတယ်။ ပကဖအနေနဲ့ အမြဲသတိပေးနေတဲ့ကြားက ဇွတ်တိုးလုပ်နေတဲ့သူတွေက ရှိနေတုန်းပါပဲ။“

ဂန့်ဂေါမြို့နယ် အမြောက်တပ်ကပစ်လိုက်တဲ့ကျည် မင်းရွာထဲကိုကျလို့ အမျိုးသား ၁ ဦးသေဆုံး

"မင်းရွာနဲ့ ပစ်မအမြောက်တပ်ဆိုတာက လေမိုင်ဆို ၈ မိုင်လောက်ပဲရှိတာ၊ ဟောင်ဝစ်ဇာ ၃ လုံးကို မင်းရွာထဲ ပစ်တယ်ဆိုတာက တမင်ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာပဲ။"

ဖိနပ်အဟောင်းတွေကို ပြန်ချုပ်ပြီး အသုံးပြုနေရတဲ့ မန္တလေးခရိုင်တပ်ရင်း ၅ (ရုပ်/သံ)

တရုတ်နိုင်ငံထုတ်စစ်သုံးဖိနပ် ၁ ရံကို ၃၅,၀၀၀ ကျပ်ခန့် စျေးနှုန်းရှိကာ တပ်ရင်းအတွက်လိုအပ်နေတဲ့ စစ်သုံးဖိနပ်တွေ အချိန်မီဝယ်ယူနိုင်ဖို့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ထောက်ပံ့ပေးဖို့ ရဲမေ မိဇူးက အကူအညီတောင်းခံထားပါတယ်။

ညောင်ဦးမှာ စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသမီး ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ

" သေနတ်သမားအချို့က ဘယ်သူတွေဆိုတာတော့မသိသေးဘူး။ ဒေါ်ရီရီမြင့်နဲ့သူ့တူမ ခေါ်မှာပေါ့ နှစ်ယောက်ကို ပစ်သတ်သွားတာ။ သူတို့ကဆိုင်မှာပုံမှန်မရှိဘူး။ လာချင်မှလာတာ။ ဆိုင်ဝန်ထမ်းကတယောက်လောက်ဘဲရှိတာ "

စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး ဖမ်းဆီးပစ်သတ်ခံရတဲ့ PDF ရဲဘော် နာရေး (ရုပ်/သံ)

Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ ကင်းထောက်တာဝန်ယူထားသူ အသက် ၅၂ နှစ်အရွယ် ရဲဘော်မွန်ကြီး (ခ) ဦးဇေယျာဝင်းဟာ ဒီဇင်ဘာ ၄ရက် ညနေပိုင်းမှာ အုတ်ဖိုမြို့နယ်၊ ဗျူဟာလမ်း၊ မအူချောင်းရွာအနီးမှာ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးကာ ဖမ်းဆီးရိုက်နှက် ပစ်သတ်ခံရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ Hero၊ ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10