သတင်း

လက်လွှတ်ခဲ့ရတဲ့ မတ္တရာကကျေးရွာ ၃ ရွာ ကို MDYPDF ပြန်လည်သိမ်းပိုက်

စစ်ကောင်စီတပ်ဖွဲ့တွေထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက် ဒီကနေ့မှာ MDYPDF ကသတင်းထုတ်ပြန်ပါတယ်။

စီပါရွာအပါအဝင် စစ်ရှောင်ပြည်သူ ၅၀၀ နီးပါးကို အအေးဒဏ်ခံနိုင်ဖို့ စောင်နဲ့အနွေးထည်လှူဒါန်း (ရုပ်/သံ)

သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ၂၁ မြို့နယ်ကျော်ရှိ စစ်ရှောင်တွေကို စာနပ်ရိက္ခာတွေလှူဒါန်းတာတွေကို လုပ်ဆောင်ပေးနေတဲ့အပြင် အခု စောင်လှူဒါန်းတာကလည်းပထမဆုံးဖြစ်ပြီး "အညာဆောင်းအေး၊ စောင်ကူပေး" အစီအစဉ်နဲ့ အလှူရှင်တွေဆီကတဆင့် ပြန်လည်လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

ရှမ်းမြောက်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ PDF ၃ ဦးရဲ့ မိသားစုတွေကိုသွားရောက်ကန်တော့ပြီး ကျပ်သိန်း ၂၀ စီထောက်ပံ့

ရှမ်းမြောက်စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း(တောကြီးမြွေပွေးတပ်ဖွဲ့)က တပ်ဖွဲ့ဝင် ၃ ဦးရဲ့မိသားစုဝင်တွေကို တပ်ရင်းတာဝန်ရှိသူတွေက သွားရောက်ကန်တော့ပြီး ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။

မုံရွာမှာ စက်သုံးဆီတွေ စျေးမြင့်တက်ပြီး တန်းစီဝယ်ယူနေရ ■ ဆီဆိုင်တွေမှာ ဆီပြတ်လပ်တဲ့အထိဖြစ်ခဲ့

"နေ့လယ် ၁၂ နာရီလောက် သွားတန်းစီရင်တောင် ဘယ်ဆိုင်မှ မရတော့ဘူး။ တန်းစီရတာပဲ အချိန်ကုန်သွားတာ။ မနက်ခင်းအစောကြီး တန်းစီတဲ့လူတွေကိုက ရာနဲ့ချီရှိတယ်။ ဒီနေ့ဆို သွားတန်းစီရင်း ဆီပြတ်သွားလို့တဲ့ ဒီတိုင်းကြီး ပြန်လာခဲ့ရတာကိုက ၄ ဆိုင်လောက်ရှိတယ်။ ဆီမရှိလို့ ဆီသွားထည့်တာ တဆိုင်နဲ့ တဆိုင် ကူးနေတာနဲ့တင် ဆိုင်ကယ်ထဲရှိတဲ့ဆီက ကုန်တော့မယ်။"

မင်းရွာတိုက်ပွဲမှာ PDF ရဲဘော် ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်တောက်

“ရဲဘော် ၁ ယောက်က နင်းမိုင်းကို နင်းမိသွားတာ အသက်အန္တရာယ်တော့ မရှိပါဘူး။ ပျူရွာကို တောင်ဖက် မြောက်ဖက် နှစ်ဖက်ညှပ်တိုက်ဖို့လုပ်တာ။ မြောက်ဖက်ခြမ်းကိုပါသွားတဲ့ ရဲဘော်က နင်းမိတာ၊ အဲဒီနောက်တော့ လေယာဉ်တွေလည်း ဝဲလာလို့ ပြန်ဆုတ်ခဲ့ရတယ်။"

အုတ်ဖိုမှာ ပြည်သူ ၄ ဦးကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး PDF သတ်တယ်လို့ ဝါဒဖြန့်

"ရွာသား ၁ ဦးကသတင်းပေးလို့ အရပ်ဝတ်တွေနဲ့ လာဖမ်းကြတယ်။ လာဖမ်းတာ ၆ ဦးပါ။ ၂ ဦးက နေမကောင်းလို့ဆေးခန်းပြသွားတော့ ပါမသွားတာ။ ခေါ်သွားတဲ့ ၄ ဦးကို သတ်လိုက်ကြတယ်။"

မြိုင်မြို့နယ်က NUG စာသင်ကျောင်း ၁ ခုမှာ လိင်အကြမ်းဖက်မှုပပျောက်ရေး ဟောပြောပွဲကျင်းပ

“ကျောင်းတွေမှာ လုပ်ရတာကတော့ ကျောင်းသူ၊ ကျောင်းသားလေးတွေ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က တပါးသူ မထိရမယ့်အစိတ်အပိုင်းလေးတွေကို သိစေချင်တယ်။ ဖြစ်လာခဲ့ရင်လည်း ဘယ်လိုလုပ်ရမယ်၊ ဘယ်သူ့ကို တိုင်ပင်ရမယ် စသဖြင့်အကြောင်းအရာလေးတွေကို သိစေချင်လို့ လုပ်ပေးဖြစ်တာပါ။”

ခန္တီးမှာ အမျိုးသား ၂၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရ

"သူတို့နိုင်မယ်ထင်တဲ့သူ ဖမ်းတာ။ နောက်ခံ ဘက်ဂရောင်းမရှိဘူး၊ လုပ်ငန်းလုပ်လာသူလို့ ထင်တဲ့ သူတွေကိုဖမ်းတာ။ နေ့တိုင်းကို ချတာ။ ဖမ်းတာက ကျန်တဲ့အကြောင်းမဟုတ်ဘူးနော်။ ခရိုင် DC ကိုယ်တိုင်ဖမ်းတာဆိုတော့ ဘယ်သူမှ အထွန့်မတက်ရဲဘူး။ စစ်မှုထမ်းဖို့ဖမ်းတာ။"

ထီးလင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး လက်နက်နဲ့အလင်းဝင်

“အရင်တခါလည်း ချိတ်ဆက်တော့ မိသွားတာ။ မိသွားတော့ နှိပ်စက်ခံရပြီးတော့ ထောင် ၃ လဆိုတာ ကျတယ်ပြောတယ်။ အရင်တခါလည်း လက်နက်နဲ့ဘာနဲ့မိသွားတာ။ ဒီတခေါက်ကျတော့ တိုးတိုးတိတ်တိတ်နဲ့ ချိတ်ဆက်ပြီးတော့ ဒီကကျနော်တို့ရဲဘော်တွေ သွားကြိုရတာ။”

ယင်းမာပင်မြို့က ပြည်သူ ၁ ဦး ထင်းရှာရင်းမိုင်းထိလို့ ခြေချောင်းတွေ ပြတ်တောက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က ထင်းရှာထွက်တဲ့ အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေချောင်း ပြတ်တောက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာအဝင်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသား ၁ ဦးခြေကျင်းဝတ်ပြတ်

" **တွေထောင်ထားတဲ့မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ခြေကျင်းဝတ်က ပြတ်သွားတယ်။ သူ့အိမ်ကို တိတ်တဆိတ်ပြန်ရင်းဖြစ်သွားတာ"

အုတ်တွင်းမြို့ထဲက ရုံးနေရာ ၄ ခု ဒရုန်းနဲ့ဗုံးချခံရပြီး ရဲ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ စျေးပိုင်းရပ်နဲ့ ပဲခူးတန်းရပ်ကွက်ရှိ ရုံးနေရာ ၄ ခု ဒရုန်းနဲ့ဗုံးချခံရပြီး ရဲ ၁ ဦးဒဏ်ရာရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးဆီက သိရပါတယ်။

စစ်အုပ်စုစစ်ကြောင်း မိုင်းထိလို့ ၄ ဦးသေဆုံးပြီး အထိုင်စခန်းကိုပါ ဒရုန်းနဲ့ဗုံးကြဲခံရလို့ သေဆုံးမှုရှိ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ရွာကနေ စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုဟာ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းထိလို့ သေဆုံးထိခိုက်သူတွေရှိပြီး သစ်ခေါက်တောင်က စစ်အုပ်စုအထိုင်စခန်းပါ ဒရုန်းနဲ့ ဗုံးကြဲချခံရတာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။

ဗုံးသီးတွေသယ်လာတဲ့ ရေစကြိုပကဖ ကား ၁ စီးပစ်ခတ်ခံရလို့ ကားရောဗုံးသီးတွေပါဆုံးရှုံး

“ကျနော်တို့ ဌာနကို လက်နက်ခဲယမ်း လာထုတ်တာ၊ ပခန်းကြီးအနားမှာ **စစ်ကြောင်း နောက်ချန်ကင်းနဲ့တွေ့ပြီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ၊ သေဆုံးမှုတော့မရှိဘူး။ ရဲဘော် ၁ ဦးကတော့ ကျည်ထိမှန်ပြီး ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။”

ပုလဲပကဖ တိုက်နယ် ၁ ရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

အခြေခံစစ်သင်တန်းကို ပုလဲမြို့နယ်ပကဖက ဦးဆောင်ပြီး ရပ်ကျေးပကဖတွေနဲ့အတူ သင်တန်းသား ကျား ၄၂ ယောက်ကို ကာကွယ်ရေး၊ အုပ်ချုပ်ရေးနဲ့ တိုက်ခိုက်ရေးတွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ကြနိုင်ဖို့ သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10