သိုးကျောင်းသွားတဲ့ အမျိုးသား ၁ ဦး မိုင်းထိပြီး ဒဏ်ရာပြင်းထန်ရ
"ခြေထောက်က ဖြတ်ရမယ်မဖြတ်ရဘူးဆိုတော့ မသိရသေးဘူး။ ဖြတ်ရဖို့များတယ်။ ထိတဲ့ မိုင်းကတော့ နင်းမိုင်းလို့လည်း ပြောကြတယ်။ တိုက်မိုင်းလို့လည်း ပြောကြတယ်။ "
"ခြေထောက်က ဖြတ်ရမယ်မဖြတ်ရဘူးဆိုတော့ မသိရသေးဘူး။ ဖြတ်ရဖို့များတယ်။ ထိတဲ့ မိုင်းကတော့ နင်းမိုင်းလို့လည်း ပြောကြတယ်။ တိုက်မိုင်းလို့လည်း ပြောကြတယ်။ "
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာမှာ အထိုင်ချတပ်စွဲနေပြီး ဒေသခံတွေကိုဖမ်းဆီးနေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးအဖွဲ့တွေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ဆီက သိရပါတယ်။
"ဒေသခံပကဖတွေ ပြည်သူ့ကာကွယ်ရေးတပ်သားတွေက ကင်းယူပေးလို့ စပါး၊ နှမ်းတွေ ရိတ်သိမ်းနိုင်ခဲ့တယ်။ မြို့နဲ့ အနီးကပ်ဖြစ်တဲ့ စပါးခင်းတွေကိုတော့ မရိတ်သိမ်းနိုင်သေးဘူး။ မြို့နဲ့ နည်းနည်းကပ်နေတဲ့ ယာခင်းတွေကို အမျိုးသားတွေ မခေါ်ဘဲ အမျိုးသမီးတွေပဲ ရိတ်ခိုင်းတယ်။”
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အခြေစိုက် Myingyan Black Tiger - MBT မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် ဗစ်တာ ပြောက်ကျားတပ်ဖွဲ့က ကျည်ဖိုးနဲ့ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကို ရိတ်သိမ်းပြီး ပြန်လည်ရောင်းချမယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။
“တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့သပ်သပ် ဆီဆုံကုန်းရွာကို ဒရုန်းနဲ့ဝဲပြီး လက်နက်ကြီးနဲ့ပစ်တာပါ။ အဲ့လိုပစ်နေလို့ ထွက်ပြေးတိမ်းရှောင်ရင်း လမ်းမှာပဲကျည်စထိသေဆုံးတာနဲ့ ဒဏ်ရာရကုန်ကြတာ။”
“ အုပ်ကြီးရယ် အခြားသူတွေရယ် ၄ ယောက်စုပြီးစကားပြောနေတုန်းမှာ သူ့ကိုရွေးပြီးပစ်ခဲ့တာ။ ဒီကောင်က အုပ်ကြီးကို ကြိုးကိုင်နေတာ။ ခေါင်းကို ၂ ချက်ပစ်ခဲ့တယ်။ သူ့ဆီက လက်ကိုင်ဖုန်း ၁ လုံးတော့ သိမ်းခဲ့တယ်"
“အကျိုးအမြတ်အနေနဲ့ကတော့ ခုလိုဟောပြောပွဲတက်ရောက်လိုက်တဲ့ အမျိုးသမီးငယ်တွေအနေနဲ့ သူတို့ တကိုယ်ရည်သန့်ရှင်းရေး ဘယ်လိုလုပ်ရမယ်၊ သူတို့ကိုယ်သူတို့ ဘယ်လို ကာကွယ်ရမယ် ဆိုတာတော့ သူတို့ရသွားမယ့် အကျိုးအမြတ်ပါပဲ။”
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ခံရပြီး ကာလရှည်နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်လူဦးရေ ၇၆၀ ကျော်အတွက် စားစရာရိက္ခာဆန်နဲ့ ခြုံစောင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
"အရေးအကြီးဆုံးကတော့ စားဝတ်နေရေးပ(ပေါ့)။ စားဖို့ဆန်တောင် ရှားလာကြပြီ။ အရင်နှစ်တွေနဲ့ မတူတာက မိုးကလည်း ခေါင်တယ်၊ မုန်တိုင်းကလဲဝင်လိုက်သေးတာဆိုတော့ စပါး ၁ တင်းပျိုးတာကို ၁ တင်းတောင်ပြန် မရတဲ့လူတွေလည်းများတယ်။ စစ်ကြောင်းကလည်း ခဏခဏထိုးတော့ လယ်ဖြောင့်ဖြောင့် မလုပ်နိုင်ကြဘူးလေ"
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာမှာ စစ်ကောင်စီစစ်ကြောင်းက ပစ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီးနောက် သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကို ကာကွယ်နိုင်ဖို့ ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးကြရန် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေကြတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူဦးရေ ၇၀၀၀ အထိဖြစ်လာပြီး ၂ နှစ်ကျော် လာတဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေကြရာ အခုဆောင်းတွင်းကာလမှာ အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
“အကုန်ရဲအုပ်တွေပဲ ဒုရဲအုပ်တောင်မပါဘူး။ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) မှာသင်တန်းတက်နေတဲ့ သူတွေလေ၊”
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မဲဇလီကြိုးတံတားထိပ်က စစ်ကောင်စီဂိတ်ကိုနိုဝင်ဘာ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column ဆီက သိရပါတယ်။