သတင်း

ငါန်းမြာကြီးရဲစခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်၊ တပ်ကြပ်အပါ ၇ ဦးဖမ်းမိပြီး လက်နက် ၉ လက်ရ

“စခန်းမှူးကတော့ ထွက်ပြေးသွားတယ်။ တချို့က ဆုတ်ပြေးကြတယ်၊ တချို့ကလည်း ခံပစ်တယ်၊ အသေတော့ မရဘူး။ အကုန်လုံး အရှင်မိတယ်။ အရေးနိမ့်မှန်းသိတော့ လက်နက်ချ အလံဖြူထောင်တယ်။ မထွက်ရင် ပစ်သတ်မယ်ဆိုမှ ထွက်လာတဲ့ဟာတွေလည်း ပါတယ်။”

မုံရွာမှာ သေနတ်ပစ်ခံရလို့ သဲလုပ်ငန်းပိုင်ရှင်နဲ့ သားသမီး ၂ ဦးအပါ ၅ ဦး သေဆုံး

သေနတ်သမားတွေ ပစ်ခတ်တာကိုခံရလို့ သဲလုပ်ငန်းပိုင်ရှင် ဦးဇော်ညွန့် ၅၀ နှစ်ခန့်၊ သဲကားယာဥ်မောင်းတွေဖြစ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်ဇေယျ၊ ဦးကျော်ဇင်မင်း၊ အသက် ၄ နှစ်အရွယ် မောင်ဇွဲသီဟမာန်၊ အသက် ၉ နှစ်အရွယ် အိမ်ဂျယ်မိုးတို့မှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးခဲ့ပါတယ်။

ကျည်လွဲ‌အဆောင်ကြိုးကွင်းဝတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

“ ကျနော်တို့ကို မြင်တော့ သူက ဆိုင်ကယ်ပေါ်ဆင်းပြီး ခြေလျင်ပြေးတာမှာ ၄ ချက်ပစ်တာ။ ဂုတ်ကို ၃ ချက်မှန်သွားတာ ပွဲချင်းပြီးပဲ။ သူ့ကိုရှင်းဖို့စောင့်နေတာ တလ‌‌ကျော်နေပြီ”

ပဲခူးရိုးမတိုက်ပွဲ အသာစီးရနေချိန် ကျည်မလုံလောက်လို့ တော်လှန်ရေးအင်အားစုတွေ ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ကို အသာစီးရတိုက်ခိုက်ချိန် ကျည်မလုံလောက်တဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ရင်း ၃၆၀၁ တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဒီပဲယင်းမြို့ပေါ် စစ်ကောင်စီတပ်တွေ နေရာပြန်ယူ

“မြို့ပေါ်ကိုတော့ (စကစ)လုံးလုံးဝင်သွားပြီပေါ့နော်။ သူတို့ဝင်လာလို့ ဆုတ်ခွာပေးတာမျိုးတော့ မဟုတ်ခဲ့ဘူး။ တော်လှန်ရေးအင်အားစုတွေ နောက်ပြန်အနားယူနေချိန် စစ်ကောင်စီက ဝေဟင်နဲ့ ဆက်တိုက်ဝင်လာတာ။”

စစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီး ရဲတပ်ဖွဲ့ထဲအသွင်းခံရတဲ့ ရဲတပ်သား လက်နက်နဲ့အလင်းဝင်

“ သူတို့ ရဲဝန်ထမ်းဖြစ်တာ မကြာသေးဘူး။ လွန်ခဲ့တဲ့တနှစ်ခွဲလောက်က လမ်းမှာဖမ်းဆီးခံရတဲ့ ကလေးတွေပါ။ သူတို့ဆန္ဒမပါဘဲ သူတို့ကို သင်တန်းတက်ခိုင်းတယ်။ ရန်ကုန် မှော်ဘီရဲတပ်ရင်း ၅ မှာသင်တန်းပေးပြီးတော့ တောင်သာကို တာဝန်ပေးလိုက်တာ။ သူတို့အခွင့်သာတာနဲ့ ဘက်ပြောင်းခိုလှုံလာကြတာပါ။ “

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နိုင်လို့ သတိနဲ့ခရီးသွားဖို့ PDF ပြော

" အခုကာလက Operation(စစ်ဆင်ရေး)ကာလ ဖြစ်တယ်။ ပြည်သူတွေအချို့က အသွားအလာကန့်သတ်ရင် သိပ်ပြီး မလိုက်နာကြဘူး။ အဲဒါကြောင့် သတိပေးချက် ထုတ်ပြန်ရတာပါ။ ကျနော်တို့ပြောတဲ့ နေရာတွေမှာ အချိန်မရွေး တိုက်ပွဲက ဖြစ်ပေါ်နိုင်တယ်"

ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုနေ

"စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအဓိက လိုအပ်တယ်ခင်ဗျ။ ကျုပ်တို့အနေနဲ့လည်း စစ်ရှောင်တဌာနကို တနပ်စာ စသဖြင့် မျှကူနေရတယ်"

စေတုတ္တရာနယ်က ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရ

" စစ်ကြောင်းတွေက တရွာဝင်တရွာထွက် သွားနေသလို ရွာအနီးတွေက စိုက်ခင်းတွေဘက်နဲ့ တောစပ်တွေကိုလည်း သွားလာနေတော့ မနေရဲတော့ဘဲ ပြေးကြရတာ။ ခုအချိန်က မိုးတွင်လည်းဖြစ်တော့ စစ်ရှောင်နေကြရတာ တော်တော်ဒုက္ခများကြတယ်။"

မုန်းမှာ စစ်ရှောင်နဲ့ဒေသခံတွေ တုပ်ကွေးနဲ့အရေပြားရောဂါအဖြစ်များနေပြီး ဆေးဝါးမလုံလောက်

" ခုက တုပ်ကွေးနဲ့ ယားနာဖြစ်နေကြတာက လူ ၁၀၀ မှာ ၆၀ လောက်ဖြစ်နေကြတာ။ အဓိက ရေမသန့်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ယားပြီးတော့ ပြည်တည်နာတွေပုံစံ ဖြစ်ကြတာ။ တချိန်လုံး ကုတ်နေရတယ်။ ဖျားတာဆိုရင်လည်း ကိုယ်လက်ကိုက်ခဲပြီး မလှုပ်နိုင်တဲ့အခြေနေထိ ကြုံတွေ့နေကြရတယ်"

ကျောင်းသားလက်ရုံးတပ်တော်ရဲ့ စစ်သင်တန်းဆင်းပွဲ အာရက္ခဒေသထဲမှာ ပြုလုပ် (ရုပ်/သံ)

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီရဲ့ လက်အောက်မှာ စစ်မှုမထမ်းချင်သူ လူငယ်အများအပြားပါဝင်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀) ကို SAF ရဲ့ ဗဟိုဌာနချုပ်ရှိရာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပခုက္ကူခရိုင်တပ်ရင်း ၁၅ ကျားသစ်နက်တပ်မတော်က ဝါဆိုသင်္ကန်းကပ်လှူ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေပြုလှုပ်ရှားနေတဲ့ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း ကျားသစ်နက်တပ်မတော်၊ တပ်ခွဲ ၁ က ဩဂုတ် ၁၈ ရက် မနေ့မနက် ၈ နာရီခွဲခန့်မှာ ဝါဆိုသင်္ကန်း ကပ်လှူခဲ့တယ်လို့ သိရပါတယ်။

မှော်ဘီ၊ ရဲတပ်ရင်း ၅ က ရဲတဦး လက်နက်နဲ့အလင်း၀င်

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အ‌ခြေစိုက် ရဲတပ်ရင်း ၅ မှ ရဲတပ်သားတဦး လက်နက်နဲ့အတူ အလင်း၀င်လာတယ်လို့ အဲ့ဒီအဖွဲ့က ဩဂုတ် ၁၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီပဲယင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ဖို့လုပ်နေ

“ကိုယ့်ဌာနေကိုယ် ပြန်ဆုတ်သွားတဲ့အချိန်မှာမှ သူတို့ လူတွေအများကြီးချပြီးတော့ ပြန်စီးလိုက်တဲ့သဘောပေါ့၊။ မြို့လယ်ကောင်ကနေ နေရာအနှံ့ကို ဖြန့်ချပစ်လိုက်တာ။”

တောင်ရွာဘိုမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး  သေဆုံးမှုများဟုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ အင်အား ၇၀ ကျော်ပါစစ်တပ်စစ်ကြောင်းကို သြဂုတ် ၁၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင်တပ်ရင်း ၅ ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10